- Health Digest
(၁) ကိုယ်အလေးချိန် ကျစေတယ် ၆၀ကီလို ဂရမ်ရှိတဲ့ လူတစ်ယောက်ဟာ နာရီဝက်ခန့် အမြန် လမ်းလျှောက် ပေးလျှင် ကယ်လိုရီ ၁၅၀ လောင်ကျွမ်း သွားနိုင်တယ်။ (၂) အူမကြီးကင်ဆာတားဆီးနိုင်တယ် ဗြိတိသျှ ကင်ဆာဂျာနယ်၏ လေ့လာမှုအသစ်တစ်ခုအရ လေ့ကျင့်ခန်းပုံမှန်လုပ်သူများသည် Polyp ဟုခေါ်သော အူအတွင်း အသားပိုဖြစ် နိုင်ခြင်းကို ၃ ပုံ ၁ပုံ လျော့နည်းစေတယ်။ (Polypက ကြာရင် ကင်ဆာဖြစ်နိုင် ( ၃) နှလုံးရောဂါဖြစ်နိုင်ခြေလျော့စေတယ် နှလုံးရောဂါကြောင့် သေဆုံးမှုများ၏ ၃၇ ရာခိုင်နှုန်းသည် ကိုယ်ကာယလှုပ်ရှားမှု နည်းပါးခြင်းနှင့် ဆက်စပ်လျက်ရှိတယ်။ လမ်းလျှောက်ခြင်းဖြင့် အဲဒီအန္တာယ်ကို လျော့နည်းစေတယ်။ (၄) အချစ်ကိစ္စ တိုးတက်စေတယ် ယောကျာ်းတွေ အသက်ကြီးလာတဲ့အခါ ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ (Erectile Dysfunction) ပိုမြင့်လာတယ်။ ရုပ်ပိုင်းဆိုင်ရာ တက်ြွကမှုရှိခြင်းအားဖြင့် ပန်းသေပန်းညှိုးဖြစ်နိုင်ခြေ အခွင့်အလမ်း တစ်ဝက်လျှော့ချနိုင်တယ်။ (၅) အရိုးများ သန်စွမ်းစေတယ် လမ်းလျှောက်ခြင်းဖြင့် အရိုးပါး ရောဂါမဖြစ်အောင် တားဆီးနိုင်တယ်။ အရိုးသိပ်သည်းဆ ထိန်းသိမ်းထားနိုင်ရန် တစ်ပတ်လျှင် မိနစ် ၁၈၀ လမ်းလျှောက်ဖို့လိုတယ်။ (၆) သတိမေ့ရောဂါ ကာကွယ်နိုင်တယ် တစ်နေ့လျှင် ၁.၆ ကီလိုမီတာမျှ လမ်းလျှောက်ပေးနိုင်ရင်ပဲ အသက်ကြီးလို့ဖြစ်တဲ့ သတိမေ့ရောဂါဖြစ်နိုင်ခြေ တစ်ဝက်လျှော့ချနိုင်တယ်။ အမေရိကန်ပြည်ထောင်စုမှ လေ့လာမှုတစ်ခုအရ လမ်းလျှောက်ခြင်းဖြင့် သက်ကြီးရွယ်အိုများတွင် ဦးနှောက်အတွင်း၌ Grey Matter ပိုမိုများပြားလာစေ ကြောင်းတွေ့ရတယ်။ (၇) နှာစေးအအေးမိခြင်းကို ကာကွယ်ပေးတယ် နေ့စဉ် ပုံမှန်လမ်းလျှောက်ပေးခြင်းဖြင့် ခုခံအားစနစ်ကို မြှင့်တင်ပေးတဲ့အတွက် ချောင်းဆိုးခြင်း၊ နှာချေခြင်းစတဲ့ အအေးမိရောဂါဖြစ်ပွားမှု နည်းပါးစေတယ်။
5:45 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com