22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, November 28, 2011

သီချင်းစာသားတွေ အလိုအလျောက် တက်လာစေမယ့် Plug in လေးတွေ

သီချင်းစာသားတွေ အလိုအလျောက် တက်လာစေမယ့် Plug in လေးတွေ
အင်္ဂလိပ် သီချင်းလေးတွေနား ထောင်ရင်း လိုက် ဆိုချင်တဲ့အခါ အင်တာနက်က သီချင်းစာ သားပေးတဲ့ ဆိုက်တွေကနေ လိုက်ရှာ ရတာကလည်း အလုပ်တစ်ခုပါ။ သီချင်းနားထောင် လိုက် စာသားဖိုင်ကိုဖွင့်လိုက်နဲ့ ကွန်ပျူတာကိုလည်း ပရိုဂရမ်နှစ်ခု ခိုင်းထားရသလို သီချင်းတစ်ပုဒ်ပြောင်း တိုင်း သီချင်းစာရွက်တစ်ရွက်ပြန်လိုက် ရှာ ဖွင့်နေရပြန်ရော၊ သီချင်းနားထောင် တဲ့အခါ Audio Player မှာ စာသား အလိုအလျောက်တက်လာရင်တော့ ကိုယ့်ကွန်ပျူတာလည်း တစ်ခါတည်း ပရိုဂရမ်နှစ်ခုအလုပ်မလုပ်ရသလို ကိုယ် လည်းအလုပ်မရှုပ်တော့ဘူးပေါ့။ ဒီလို အဆင်ပြေချင်ရင်တော့ http://www. lyricsplugin.com ကို သွားလိုက်ပါ။
အဲဒီဆိုက်မှာ Audio Player သုံးမျိုးဖြစ် တဲ့ Window Media Player, Winamp, Itune တို့နဲ့ တွဲဖက်ပြီး အသုံးပြုနိုင်မယ့် Plug in လေးတွေကို ဒေါင်းလုပ်ချပြီး ကိုယ့်ရဲ့စက်မှာ Install လုပ်လိုက်မယ်ဆိုရင် သီချင်းနားထောင်တာနဲ့တစ်ပြိုင်တည်း Audio Player မှာ စာသားတွေကို အလို အလျောက်ပေါ်လာစေမှာပါ။ သတိပြု ရမှာကတော့ ဒီ Plug in လေးက သက် ဆိုင်ရာ Player ကနေ အင်တာနက် ဝက်ဘ်ဆိုက်တွေပေါ်က သီချင်းတွေကို ရှာချိတ်ပေးရတာဖြစ်လို့ အင်တာနက် တပ်ဆင်ထားဖို့တော့ လိုပါလိမ့်မယ်။ အင်္ဂလိပ်သီချင်းတွေသာမက ဥရောပ သီချင်းတွေနဲ့ ကိုရီးယား၊ တရုတ်၊ ဂျပန် သီချင်းတွေနဲ့ စာသားတွေကိုပါ ရှာပေး နိုင်ပါတယ်။ ဘာသာစကားလေ့လာနေ တဲ့သူတွေအတွက် နားထောင်စွမ်းရည် ကို သီချင်းနားထောင်ရင်း လေ့ကျင့်နိုင် ပါဦးမယ်။ မြန်မာသီချင်းတွေကိုတော့ ရှာပေးနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )