နှာခေါင်း သွေးလျှံခြင်းဆိုတာဟာ နှာ ယောင်  nostrils တစ်လျှောက်မှ သွေး တွေ စီးကျလာခြင်းကို ဆိုလိုပါတယ်။ နှာခေါင်း  သွေးလျှံခြင်း ၂ မျိုးရှိပါတယ်။ တစ်မျိုး ကတော့ အရှေ့ပိုင်း anterior လို့  ခေါ်ပြီး သူကတော့ အဖြစ်များပါတယ်။ နောက်တစ်မျိုးကတော့ အနောက်ပိုင်း  Posterior လို့ခေါ်ပါတယ်။ သူကတော့ အဖြစ်နည်းလေ့ရှိပြီး ဆေးကုသမှုလိုအပ် တဲ့  အမျိုးအစားမျိုးဖြစ်ပါတယ်။ တစ်ခါ တစ်ရံ အလွန်ဆိုးဝါးပြင်းထန်တဲ့အခါမှာ  သွေးတွေဟာ နှာတွင်းမျက်ရည်လမ်း ကြောင်း nasolacrimal duct မှ ထွက်ရှိ  လာပြီး မျက်လုံးကနေတောင် သွေးတွေ ထွက်ရှိနိုင်ပါတယ်။ သွေးတွေနဲ့ ခဲနေတဲ့  သွေးတွေဟာ အစာအိမ်ထဲကို ရောက်ရှိ နိုင်ပြီး ပျို့တာတွေ၊ အန်တာတွေ ဖြစ်လာ  နိုင်ပါတယ်။ ဒီကနေတစ်ဆင့် သေနိုင်တာ ကတော့ ရှားပါးပြီး ၁၉၉၉ ခုနှစ်မှာ U.S ၂  .၄ မီလီယံသေဆုံးမှုမှာ ၄ ယောက် သာလျှင် တွေ့ရပါတယ်။
ဘာကြောင့်လူတွေ နှာခေါင်းသွေး လျှံခြင်း ခံစားရသလဲ။
နှာခေါင်းဆိုတာဟာ ခန္ဓာကိုယ်မှာ  သွေးကြောတွေ လွန်စွာရှုပ်ထွေးများပြား တဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ဒါကြောင့်  နှာခေါင်းကို နည်းနည်းလေးဖြစ်ဖြစ် ထိ ခိုက်မိတာနဲ့ အခန့်မသင့်ရင် nasal  injury ရပြီး သွေးထွက်နိုင်ပါတယ်။ အကယ် ၍ နှာခေါင်းနံရံဟာ ခြောက်သွေ့နေမယ်၊  ကွဲအက်နေမယ်ဆိုရင်တော့ ထိခိုက်မိပြီး တစ်ပြိုင်နက် ရုတ်တရက်ချက်ချင်း သွေး  ထွက်လာနိုင်ပါတယ်။ ခြောက်သွေ့ပူပြင်း တဲ့ဒေသတွေမှာ အဖြစ်များလေ့ရှိပြီး  ဆောင်းရာသီတွေမှာ တိုက်တဲ့လေက လည်း ခြောက်သွေ့နေမယ်၊ ပူနွေးနေမယ် ဥပမာ  အိမ်ထဲက heater တွေက ထွက် တဲ့ လေပူတွေကနေတစ်ဆင့် နှာခေါင်း သွေးယိုတာ  ခံစားရနိုင်ပါတယ်။
အကယ် ၍ လူတွေက သွေးခဲတာကို တားဆီးပေး  တဲ့ဆေးတွေ ဥပမာ သွေးကျဲဆေးတွေ ဖြစ်တဲ့ Warfarin, aspirin နဲ့ အခြား  အရောင်ကျဆေးတွေကို သောက်သုံးနေတဲ့ လူတွေက ပိုပြီးအဖြစ်များလေ့ရှိပါတယ်။  အဲဒီလိုအခြေအနေမှာ နည်းနည်းလေး ထိခိုက်မိတာတောင်မှ သွေးထွက်ခြင်းက  ဖြစ်ပေါ်လာနိုင်ပါတယ်။ နှာခေါင်းသွေးယိုခြင်း ဖြစ်ပွားမှုနှုန်း ဟာ  အေးတဲ့ဆောင်းလရာသီတွေမှာ ပိုများ ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်  နေတဲ့အခြေအနေမှာ (Respiratory tract infections) ပိုအဖြစ်များပါတယ်။  တစ်ခါတစ်ရံမှာလည်း အပြင်ဘက်အေးတဲ့ နေရာကနေ အိမ်အတွင်းပိုင်း ပူနွေး  ခြောက်သွေ့တဲ့ ပတ်ဝန်းကျင်ကို ရုတ် တရက် ဝင်ရောက်လာတဲ့ အခြေအနေမှာ  နှာခေါင်းသွေးလျှံခြင်းဖြစ်ပွားနိုင်ပါတယ်။ နှာခေါင်းသွေးယိုခြင်းကို  ဖြစ်စေတဲ့ အချက်တွေ။ ကိုယ့်ဘာသာနှာခေါင်းကို ကလိရာ ကနေ ထိလိုက်မိခြင်း၊  ပိုးဝင်ခြင်း၊ ယားယံ ခြင်းနှင့် ယားယံခြင်းမရှိသော နှာမွှန်ခြင်း၊  နှာရည်ယိုခြင်း၊ သွေးပေါင်ချိန်များခြင်း (High Blood Pressure) ၊  သွေးကိုကျဲစေ တဲ့ ဆေးတွေသောက်သုံးခြင်း (Aspirin, Warfarin, etc.)၊  အရက်အလွန်အကျွံ သောက်သုံးခြင်း၊ တခြားရှားပါးတဲ့အချက် တွေကတော့ ကျူမာတွေ  (Tumors) နဲ့ မျိုးရိုးလိုက်တဲ့ သွေးရောဂါတွေပဲဖြစ်ပါ တယ်။
နှာခေါင်းသွေးလျှံရင် ဘာလုပ်မလဲ။
နှာခေါင်းသွေးယိုပြီဆိုရင် အရင်ဆုံး  ပြုလုပ်ရမှာကတော့ စိတ်မလှုပ်ရှားပါနဲ့။ စိတ်ငြိမ်ငြိမ်ထားပါ။  တချို့နှာခေါင်းသွေးယို ခြင်းဟာ တကယ်ဖြစ်နေတာထက် ပိုဆိုး  သယောင်ထင်ရတတ်ပါတယ်။ နှာခေါင်း သွေးယိုခြင်း အများစုဟာ မိမိဘာသာ အိမ်မှာပဲ  ကုသလို့ရပါတယ်။ အကယ်၍ သင် နှာခေါင်းသွေးယိုပြီဆိုလျှင် ပထမဆုံး  ထိုင်လိုက်ပါ။ ပြီးရင် ရှေ့ဘက်ကို ခန္ဓာ ကိုယ်ကို အနည်းငယ်ယိုင်လိုက်ပါ။  သင့်ရဲ့ ဦးခေါင်းဟာ သင့်နှလုံးရဲ့ အထက်မှာရှိ နေခြင်းက နှာခေါင်းထဲက  သွေးယိုခြင်းကို နည်းပါးစေပါတယ်။ အရှေ့ဘက်ကို ယိုင် လိုက်ခြင်းအားဖြင့်  နှာခေါင်းထဲက သွေး တွေဟာ လည်ချောင်းထဲဝင်မယ့်အစား နှာခေါင်းထဲက  ထွက်သွားစေပါတယ်။ အကယ်၍ သင်နောက်ကို လှန်မိမယ်ဆို ရင်တော့ သင်ဟာ သွေးတွေကို  မျိုချမိမှာ ပါပဲ။ ဒါဆိုရင်တော့ ပျို့တာတွေ၊ အန်တာ တွေ၊ ဝမ်းသွားတာတွေ  ဖြစ်လာနိုင်ပါ တယ်။ သင့်ရဲ့လက်မနဲ့ လက်ညှိုးကို ပျော့ ပျောင်းတဲ့  အနေအထားနဲ့ သင့်နှာခေါင်း ထဲက သွေးတွေကို ဖြေးညှင်းစွာ ညှစ် ထုတ်ပါ။  ညှစ်ရမယ့်နေရာကတော့ သင့် နှာခေါင်းရဲ့ အဆုံးပိုင်းနဲ့ မာကျောပြီး အရိုး  ပုံစံရှိတဲ့နေရာကြားထဲမှာပါပဲ။ သင့်နှာခေါင်း ကို သွေးတွေထွက်တာ ရပ်တဲ့အထိ  ကိုင် ထားပါ။ အနည်းဆုံး ၅ မိနစ်လောက်ပေါ့။ သွေးတွေ  ဆက်ထွက်နေတုန်းပဲဆိုရင်တော့ နောက်ထပ် ၁၀ မိနစ်လောက်ထိ ဆက် ကိုင်ထားလိုက်ပါ။  ဒါ့အပြင် နှာခေါင်းပေါ် ကို ရေခဲတုံး၊ ရေခဲဝတ်လည်း တင်ပေး နိုင်ပါတယ်။  သွေးထွက်တာရပ်သွားပြီဆို ရင်တော့ သွေးထပ်ထွက်စေမည့်အပြုအမူ များကို  ရှောင်ပါ။ ဥပမာ- နှာခေါင်းကို ထိခိုက်မိခြင်း အရှေ့ဘက်ကို ခန္ဓာကိုယ်ကို  ဆက်ယိုင်နေခြင်းတို့ပဲဖြစ်ပါတယ်။
နှာခေါင်းသွေးလျှံခြင်း ထပ်မဖြစ်ရ အောင် ဘယ်လိုကာကွယ်မလဲ။ 
၁။ အိမ်သို့ပြန်ပြီး အနားယူပါ။ ဦးခေါင်းကို ၃၀ မှ ၄၅ ဒီဂရီသို့မြှင့်ထား ပါ။
၂။ နှာခေါင်းထဲသို့ မည်သည့်အရာမှ ထိုးထည့်ခြင်းမပြုပါနဲ့။
၃။ နှာချေချင်တယ်ဆိုရင်တော့ ပါးစပ်ကိုဟထားပါ။ ဒါဆိုရင် လေတွေက နှာခေါင်းကနေ မထွက်ဘဲ ပါးစပ်ကနေ ထွက်သွားမှာဖြစ်ပါတယ်။
၎။ ဝမ်းချုပ်မခံပါနဲ့ (ဝမ်းချုပ်လို့ ညှစ်ရတဲ့အခါမှာ ဝမ်းဗိုက်အတွင်း ဖိအား များလာခြင်း Intraabdominal Pressure တက်လာတဲ့အခါ သွေးတွေကို ညှစ်ထုတ် သလို ဖြစ်တဲ့အတွက် သွေးပြန်လျှံနိုင်တဲ့ အတွက်ပါ)။
၅။ သင့်ရဲ့ဦးခေါင်းကို နှလုံးရဲ့အထက် မှာ ရှိနေပါစေ။
၆။ ဆေးလိပ် လုံးဝမသောက်ပါနဲ့။
၇။ ၂၄ နာရီအတွင်း ပူလွန်းတဲ့ အရည်တွေ မသောက်ပါနဲ့။ အေးသော ပျော့သော အစာများသာစားပါ။
၈။ Aspirin, Ibuprofen, Clopidogrel busulfate နဲ့ Warfarin ကဲ့သို့ ဆေးတွေကိုရှောင်ပါ။ ဆရာဝန်က ညွှန်ကြားထားတယ်ဆိုရင် ဆရာဝန်ကို ဆက်သွယ်ပြီး ဆေးသောက်တာ ရပ်သင့် မရပ်သင့် အကြံဉာဏ်တောင်းပါ။
၉။ အကယ်၍ သွေးပြန်ယိုလာခဲ့ လျှင် နှာခေါင်းထဲက သွေးခဲတွေကို လက်မ လက်ညှိုးနဲ့ ညှစ်ထုတ်ခြင်းအား ဖြင့် ဖယ်ရှားပါ။ ယာယီအားဖြင့် Afrin သို့မဟုတ် Neo-Synephrine ကဲ့သို့ စပရေးတွေကို သုံးနိုင်ပါတယ်။ ဒီစပရေး တွေက သွေးကြောတွေကို ကျဉ်းစေပြီး သွေးပေါင်ချိန်တွေတက်နေရင်တော့ မသုံး သင့်ပါဘူး။
၁၀။ အကယ်၍ သွေးမရပ်သေးဘူး ဆိုရင် ဆရာဝန်ရဲ့ကုသမှုကို စနစ်တကျ ခံယူပါ။

1:39 PM
Admin
 Posted in:  

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com