22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, November 28, 2011

သတိပြုစေလို... နောက်ဆုံးသောကာလအခါ

ယနေ့နောက်ဆုံးသောကာလအချိန် ... ခရစ်တော်ပြန်ကြွလာရန် အလွန်နီးကပ်နေသောကာလ ... ခရစ်တော်ဘယ်ချိန်ပြန်လာမည်ကို မသိသောကြောင့် (အချိန်မရွေးပြန်လာနိုင်သည်) ပြင်ဆင်လျက်စောင့်နေရမည့်အချိန်ဖြစ်သည်ကို ယုံကြည်သူတိုင်းသတိပြုစေလိုပါ သည်။

 

ထိုသို့သတိပြုနေရမည့်၊ပြင်ဆင်ရမည့်အချိန်တွင် မြောက်များစွာသော ခရစ်ယာန်များသည် မယုံကြည်သူများထက်ပင် လမ်းမှားလျက်၊ လမ်းလွဲလျက်နေကြပြီ... ဘုရားဘုရားပြောရင်း မူးရူးသောက်စားနေကြသည်။ယုံကြည်သူပါလို့ ပြောနေကြသူများသာ ဘုရားကျောင်း၌  ရှိနေရမည့်အချိန် လောကီပျော်ရာရောက်နေကြပြီမဟုတ်လော။

 

ယုံကြည်သူတွေ သစ္စာမရှိကြတော့ပါ... နှစ်နာရီ ထိုင်ရသည့် ၀တ်ပြုချိန်ပင် အချိန်ပြည့်မထိုင်နိုင်ကြတော့ပါ... ဘုရားမျက်မှောက်တော် ထဲတွင် မပျော်မွေ့ကြပါ... ယုံကြည်သူတွေ ဘုရားကျောင်းမရောက်နိုင်သည့်အကြောင်း၊ဆုမတောင်းနိုင်သည့် အကြောင်း၊ ကျမ်းစာမ ဖတ်နိုင်သည့်အကြောင်းစသဖြင့် အကြောင်းပြချက်များလွန်းနေသည်။

 

ယနေ့ခေတ်တွင် မယုံကြည်သူတွေထက် ခရစ်ယာန်တွေက ပိုပြီးကြောက်စရာကောင်းလာပြီ...ညာဏ်နီညာဏ်နက်အရမ်းပြောတတ် ကြသည်။စာတန်နှင့်အပေးအယူ အရမ်းကောင်းကြသည်။နှုတ်ထဲက ဘုရားကိုချီးမွမ်းပြီး ထိုနှုတ်ထဲကပင် မကောင်း ညစ်ညမ်းစကား ထွက်လာသည်။

 

ချစ်သောမိတ်ဆွေ.... သတိကြီးစွာနှင့်အသက်ရှင်ရမည့် ကာလဖြစ်ပါသည်။

 

ဟေဗြဲ၊ ၁၂း၁  ထို့ကြောင့် ဤမျှလောက်များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကိုဝိုင်းရံလျက် ရှိကြသည်ဖြစ်၍၊ ငါတို့သည် ခပ်သိမ်းသော ၀န်တို့ကို၎င်း၊နှောက်ယှက်တတ်သော ဒုစရိုက်ကို၎င်း၊ပယ်ရှား၍ ငါတို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ ရောက်ခြင်းငှါ၊ အားမလျော့ဘဲ ပြေးကြကုန်အံ့။

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )