22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, November 28, 2011

သမ္မာတရားဖြင့်အသက်ရှင်ပါ

ယနေ့ကမ္ဘာပေါ်မှာအရှားပါးဆုံးသောအရာသည် သမ္မာတရားဖြစ်နေသည်။ သမ္မာတရားအတိုင်းအသက်မရှင်ကြ၊
သမ္မာတရားအတိုင်းမပြောကြ၊ သမ္မာတရားအတိုင်းမလုပ်မကိုင်မစားမသောက်တတ်သကဲ့သို့ပင် ရှိနေကြသည်။
မြန်မာစကားပုံတစ်ခုတွင်" မုသာမပြောလင်္ကာမချော" ဆိုသောစကားကိုပင် လူတိုင်း၏နှုတ်ဖျား၌ပြောနေကြသည်။
ကျွန်ုပ်တို့မော်ဒေသကလူတွေပြောနေကြသည့်စကားတွင် "မလိမ်ညာဘဲနှင့်တော့ ဘယ်လိုမှစီးပွါးရေးလုပ်စားလို့
ရမှာမဟုတ်ဘူး" ဟူ၍မရှက်မကြောက်ဘဲပြောနေတတ်ကြသည်။ မုသာစကားကိုပြောသောသူတို့သည်မုသာ၏
အဘတည်းဟူသော မာရ်နတ်မှဆင်းသက်သူများဖြစ်ကြောင်းခရစ်တော်မိန့်တော်မူ၏(ယော၊၈း၄၄-၄၇)။
ထိုကဲ့သို့သောသူများအတွက် ပရောဖက်ယေရမိ ၈း၎-၁၃တွင် မိန့်ဆိုထားသည်မှာ-
(၁) မိမိကိုယ်ကိုပညာရှိဟု ဆိုသော်လည်းမုသာကိုသာပြောတတ်ကြသည်။ မုသာကိုသာရေးတတ်ကြသည်။
၂။ အငယ်ဆုံးမှအကြီးဆုံးသောသူအပေါင်းတို့သည် မတရားသောစီးပွါးရေးကိုသာရှာကြသည်။
၃။ ပရောဖက်များတို့သည်လည်းမုသာကိုသာသုံးကြသည်။
၎။ ချမ်းသာမရှိသော်လည်း ချမ်းသာ၊ချမ်းသာဟုဆိုကြသည်။
၅။ မတရားသောအမူ၊မုသာကိုပြုကြသော်လည်းအရှက်မရှိ၊မျက်နှာပင်မပျက်ကြဟု ဆိုထားသည်။
၆။ ထို့ကြောင့်ကောင်းကြီးကိုမရ၊လယ်ယာ၊ သားမယားများကိုသူများလုယူကြပြီ။စပျစ်သီးမသီးရ၊သင်္ဘောသဖန်းသီး
မသီးရဟုဆိုထားပါသည်။  ယနေ့အချိန်တွင်လည်းပရောဖက်ယေရမိခေတ်အချိန်ကထက်ပင်ဆိုးနေပါသလား၊
သင်းအုပ်ဆရာများကလည်းအသင်းသူအသင်းသားများ၏အနာများကိုပေါ့လျော့စွာကုနေကြပါသလား။
သမ္မာတရားကိုမည်ကဲ့သို့ကျင့်သုံးရမည်နည်း
၁။ သမ္မာတရားသည်ခရစ်တော်ဖြစ်သည်(ယော၊၁၄း၆၊)ခရစ်တော်ကိုယူတင်ဝတ်ဆောင်သောသူဖြစ်ရမည်။
(ဧဖက်၊၄း၂၂-၂၅) ခရစ်တော်ကိုယူတင်ဝတ်ဆောင်သောသူသည် သမ္မာတရားအတိုင်းအသက်ရှင်သောသူဖြစ်သည်။
မိမိကိုယ်တိုင်ကြိုးစားကျင့်ကြံ၍မရနိုင်ပါ။
၂။ အသင်းတော်သည်သမ္မာတရားတည်ရာဖြစ်သည်(၁တိ၊ ၃း၁၅)။ထို့ကြောင့်အသင်းတော်၏ဟောပြောချက်
သွန်သင်ချက်၊လုပ်ဆောင်ချက်၊ ဆုံးဖြတ်ချက်အားလုံးတို့သည် သမ္မာတရားကိုအမှီတံကဲပြုရမည်။
(မှတ်ချက်)။ ကံစမ်းမဲဖြင့်အလှူငွေရှာဖွေခြင်း၊အလှူငွေများကိုကြေညာပေးခြင်းတို့သည် သမ္မာတရားနှင့်မကိုက်ညီပါ။
၃။ တမန်တော်ပေါလုက "ငါတို့သည်သမ္မာတရားကိုဆီးတားခြင်းငှာ အလျင်းမတတ်နိုင်ကြ၊ သမ္မာတရားဘက်၌နေ၍
သာတတ်နိုင်ကြ၏" (၂ကော၊ ၁၃း၈) ဟုဆိုထားပါသည်။အသင်းတော်အနေဖြင့်၎င်း၊ယုံကြည်သူတစ်ဦးစီအနေဖြင့်၎င်း၊
မည်သို့သောလူ့အဖွဲ့အစည်းအထဲတွင် ပါဝင်နေသောအခါ၌၄င်း၊ဘုရားသားသမီးတို့သည် သမ္မာတရားနှင့်ဆန့်ကျင်၍
ဘာမျှမလုပ်နိုင်သောသူများ၊ပြောနိုင်သောသူများဖြစ်ရမည်။ သမ္မာအတိုင်းသာအသက်ရှင်မည်ဟုရဲရဲဝံ့ဝံ့ဆုံးဖြတ်ချက်ချ
နိုင်သောသူများဖြစ်ရပါမည်။ လူ့အလိုကိုလိုက်တတ်သောသူများ၊လူ့အကြိုက်ကိုဆောင်တတ်သောသူများ၊
ပုတ်သင်ညိုကဲ့သို့အရောင်ပြောင်းတတ်သောခရစ်ယာန်များ၊ငါးကဲ့သို့ရေလိုက်ငါးလိုက်၊အသက်ရှင်တတ်သောသူများ
မဖြစ်သင့်ပါ(ဂလာတိ၊ ၁း၁၀)။
၎။ ဘုရားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားခြင်းတရားကို ရှေးဦးစွာရှာပါ။ကောင်းချီးပြည့်စုံလာမည်(မ၊၆း၃၃)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )