22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, November 16, 2011

ဘယ်အစား အသောက် ရှောင်ရင် ဘယ်ရောဂါတွေကင်းဝေးနိုင်မလဲ

Health Digest
 ဘယ်အစား အသောက် ရှောင်ရင် ဘယ်ရောဂါတွေကင်းဝေးနိုင်မလဲ
ပမာဏ လွန်ကဲမှု၊ လျော့ နည်းမှု အပေါ်မှာ မူတည် ပြီး လူ တစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေ ကို ဖြစ်ပေါ် စေပါတယ်။ ဘယ်လို အစား အသောက် တွေ စားသုံး မှုကို လျှော့ချ မယ် သို့မဟုတ် ပိုစားနိုင် မယ်ဆိုရင်ဘယ်လိုကျန်းမာ ရေးပြဿနာ၊ ရောဂါတွေ ဖြစ်နိုင်ခြေလျော့နည်းသွား နိုင်တယ်ဆိုတာ ဖော်ပြ လိုပါတယ်။
၁။ အဆီ(စားသင့်သောပမာဏ)
တစ်နေ့တာကယ်လိုရီလိုအပ်မှု၏ ၃၀ ရာခိုင် နှုန်း သို့မဟုတ် ထို့ထက် နည်းသော ပမာဏ ကိုသာ အဆီစားခြင်းဖြင့် ရယူပါ။ ပြည့်ဝဆီ (ဥပမာတိရ စ္ဆာန်အဆီ)ကို တစ်နေ့တာစားမည့် အဆီမှရ သောကယ်လိုရီ၏ ၁၀ ရာခိုင်နှုန်းအောက်မှာသာ ရှိပါစေ။ ကိုလက် စထရောလ် စားသုံးမှုကို တစ်နေ့လျှင် ၃၀ဝ မီလီဂရမ်အောက်မှာ ရှိပါစေ။
ဖြစ်နိုင်ခြေနည်းသွားသော ရောဂါ
ကင်ဆာအချို့၊ အဝလွန်ခြင်း၊ နှလုံးရောဂါနှင့် သည်းခြေအိတ်ပြဿနာများ

၂။ ကိုယ်အလေးချိန်
မိမိအသက်အရွယ်၊ ကျား/မ၊ အရပ်အမောင်း အလိုက် ရှိသင့်သည့်ကိုယ်အလေးချိန်ရောက်အောင် လုပ်ပြီး ထိုပမာဏမှာ ထိန်းသိမ်းပါ။
ဖြစ်နိုင်ခြေနည်းသွားသော ရောဂါ

ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ကင်ဆာရောဂါအချို့ (အထူးသဖြင့် ရင်သားကင်ဆာ)နှင့် သည်းခြေအိတ်ရောဂါ
၃။ ကစီ နှင့် အမျှင်ဓာတ်
 သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ပဲတောင့်၊ ပဲသီးများ၊ ဂျုံကြမ်း၊ ဆန်ကြမ်းများကို များများ စားပါ။
ဖြစ်နိုင်ခြေနည်းသွားသော ရောဂါ
ဆီးချိုသွေးချို၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါအချို့
၎။ ဆားအငန်
နေ့စဉ်စားသည့် ဆားအငန် (ဆိုဒီယမ်ကလိုရိုဒ်) ကို အကန့်အသတ်နှင့်စားပါ။
ဖြစ်နိုင်ခြေနည်းသွားသော ရောဂါ
သွေးတိုးရောဂါနှင့် လေဖြတ်ခြင်း
၅။ အရက်
လုံးဝရှောင်ကြဉ်ပါ။ သို့မဟုတ် အသင့်အတင့် သာသောက်ပါ။
ဖြစ်နိုင်ခြေနည်းသွားသော ရောဂါ
နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ခြင်း၊ အသည်းရောဂါ၊ ကင်ဆာရောဂါအချို့နှင့်ကိုယ်ဝန်ဆောင်မိခင် အရက်သောက် လျှင် ကလေး၌ မွေးရာပါဖြစ်တတ်သောရောဂါများ
၆။ သကြား
ဖြူဖွေးနူးညံ့သော သကြားကို တစ်နေ့တာ စုစုပေါင်းကယ်လိုရီ၏ ၁၀ ရာခိုင်နှုန်းထက် ပိုမစားပါနှင့်။
ဖြစ်နိုင်ခြေနည်းသွားသော ရောဂါ
သွားပိုးစားခြင်းနှင့် သွားဖုံးရောဂါများ
၇။ ကယ်လစီယမ်
တစ်နေ့တာလိုအပ်ချက် ၁၀ဝ၀ မှ ၁၃၀ဝ မီလီဂရမ်ရအောင် စားခြင်းကို ထိန်းသိမ်းပါ
ဖြစ်နိုင်ခြေနည်းသွားသော ရောဂါ
အရိုးပါးရောဂါ၊ အရိုးကျိုးခြင်း၊ အူမကြီးကင်ဆာ
မောင်(ဆေးတက္ကသိုလ်)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )