22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, December 20, 2011

ကျွန်ုပ်နှင့် အတူရှိသောဘုရား

ခရစ္စမတ်သည် ခရစ်ယာန် များနှင့်သာ သက်ဆိုင်သည်ဟု လော ကလူအများက မှတ်ယူကြသည်။
ခရစ္စမတ်သည် ခရစ်ယာန်များနှင့် သာမက လောကလူသားတိုင်းနှင့် သက်ဆိုင်မှုရှိပါသည်။ သခင်ယေရှု
သည် လူသားအပေါင်းကို ချစ်၍ မေတ္တာနှင့် သစ္စာသက်သေကို ထူဖို့ ရန် လူ့ဇာတိကို ခံယူ၍ လောကသို့
ဆင်ြးွကတော်မူခဲ့ပါသည်။ ထိုသိြုွ့က လာတော်ရာ၌ ဘုရားသခင်၏ ဘိသိတ်တော်ကို ခံယူ၍ ခရစ်တော်
ဟူသော ဘွဲ့နာမကို ခံယူခဲ့ပါသည်။ ဘိသိတ်ယူခြင်းသည် ဆောင်ရွက်ရ မည့်တာဝန်ဝတ္တရားနှင့် ခန့်အပ်ခြင်း
ကို ဖော်ပြခြင်းဖြစ်သည်။ ခရစ်တော် သည် လောကကြီးသို့ ဘုန်းတန်ခိုး တော်နှင့် ထင်ရှားပြီြးွကလာပါက
ကိုယ်တော်အနီးသို့ မည်သူမျှချဉ်း ကပ်ဝံ့မည်မဟုတ်ပါ။ အထူးသဖြင့် ဆိုးသောသူ၊ လူ့အမြင်၌ နိမ့်ပါးသော
သူတို့က ကိုယ်တော်ထံ ချဉ်းကပ်ရဲ မည်မဟုတ်ပါ။     ကိုယ်တော်ဘုရား လောကသို့ြွကဆင်းလာမည့်အ
ကြောင်းကို နှစ်ပေါင်းများစွာ ကြို တင်ပရောဖက်ပြုထားချက်များနှင့် အညီ အချိန်ကာလစေ့သောအခါ
ဘုရားတို့၏ဘုန်းတန်ခိုးတော်နှင့် ဂုဏ်ပုဒ်တို့ကို ဖော်ပြဖို့ရန် လွန်ခဲ့ သောနှစ်ပေါင်းနှစ်ထောင်ကျော်က
လူ့ဇာတိကို ခံယူ၍ြွကလာတော်မူခဲ့ ပါသည်။ လူသားတစ်ဦးကဲ့သို့ အ သွေးအသားဇာတိ သဘာဝကို ခံယူ
၍ြွကလာသဖြင့် လူတို့က သိရှိနား လည်လက်ခံသလို၊ ကတိထားတော် မူသည့်အတိုင်း နှုတ်ကပတ်တော်
စကားသည်လည်း ပြည့်စုံခဲ့ပါသည်။ ခရစ်သက္ကရာဇ်သည် ခရစ်တော် ဘုရား လူ့လောကသို့ အမှန်ပင်ြွက
လာတော်မူခဲ့ကြောင်း မည်သူမျှမ ငြင်းနိုင်သော သက်သေဖြစ်ပါသည်။

     ကျွန်ုပ်တို့နှင့်အတူရှိသော ဧမာနွေလအရှင် သခင်ယေရှုခရစ်သည် လူ့ အသွေးအသား ဇာတိသဘာဝကို ခံ
ယူခဲ့သော်လည်း ဘုရားဇာတိသဘာ ဝကိုပါ ထင်ရှားစွာ ဖော်ပြသိစေခဲ့ ပါသည်။ နာမတော်မူကား အံ့
ဩဘွယ်၊ တိုင်ပင်ဘက်၊ တန်ခိုး ကြီးသောဘုရားသခင်၊ ထာဝရ အဘ၊ ငြိမ်သက်ခြင်းအရှင်ဟု
ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော် မူလိမ့်မည်။ (ဟေရှာယ၊ ၉း၆)

     ကိုယ်တော်၏နာမသည် အြံ့သ ဘွယ်ဖြစ်သည်။ ဘုရားသာလျှင် အံ့ ဩဘွယ်အမှုကို ပြုနိုင်သည်။ ဘုရား
ရှင်သည် တိုင်ပင်ဘက် လည်းဖြစ် တော်မူပါသည်။ ကျွန်ုပ်တို့သည် လူ သားဖြစ်သော်လည်း ဘုရားရှင်နှင့်အ
မှုကိစ္စတိုင်း၌တိုင်ပင်ဘက်ပြု၍ လမ်း ပြမှုနှင့် အကြံဥာဏ်ကို ရယူနိုင်ပါ သည်။ ထာဝရအဘလည်းဖြစ်သည်။
ကျွန်ုပ်တို့သည် မဆုံးနိုင်သောတော် စပ်မှုနှင့် ဘုရားသားဖြစ်ရခြင်းအခွင့် ကို ရနိုင်ကြသည်။ ခရစ္စမတ်ဟူသည်
ခရစ်တော်ဘုရား လူ့ဇာတိကိုခံယူ၍ လောကသို့ြွက လာခြင်းဖြစ်သည်ဟု လူ့ရှုထောင်အမြင် အရ နားလည်နိုင်
သော်လည်း နက်နဲသောအရာကား ထိုအရှင်သည် အစအဦးကပင် ရှိ၍ ဘုရားဖြစ်တော်မူသောအရှင် ဖြစ်ပါ
သည်။ လူ့လောကသို့ြွကလာပြီးမှ ဘုရားဖြစ်သောအရှင်မဟုတ်ပါ။

      ထို့ေ့ကြောင့်ထ့ထာဝရဘုရုရား သည် ကိုယ်တော်တိုင် နိမိတ် လက္ခဏာကို သင်တို့အားပေး
တော်မ်မူမူမည်။ ကြည့်ရှု့လော့။့။ သ တို့သ့သမီးးကညာသည် ပဋိသိသနေစွဲ ယူ၍၊ သားယောကျာ်းကို ဘွား
မြင်လ်လတံ့၊့၊ ထိုသိသားကို ဧမာနွေလွလ အမည်ဖြင့် မှည့်ရလတ္တံ့။ (ဟေရှာယ၊ ၇း၁၄)

     သခင်ယေရှုခရစ်လောက သို့ြွကလာမည့်အကြောင်း ပရော ဖက်အားဖြင့် နှစ်ပေါင်းများစွာကပင်
ကြိုတင်အသိပေးဖော်ပြခဲ့ပါသည်။ ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို ပေး၍ဖော်ပြခဲ့ပါသည်။ သခင်ယေရှု
သည် လူသားတစ်ဦးကဲ့သို့ လူ့အ သွေးအသားဇာတိသဘာဝကိုခံယူ၍ လောကသို့ြွကလာသော်လည်း အ
ပျိုကညာလင်သားမပါဘဲ ဘွားသန့် စင်မည်ဟု ဖော်ပြခဲ့ပါသည်။ သမ္မာ ကျမ်းစာက သတို့သမီးကညာဟု
ဖော်ပြခဲ့ပါသည်။ ထိမ်းမြားဆောင် နှင်းပြီးသော်လည်း ယောကျာ်းနှင့် ဆက်ဆံခြင်းမပြုရသေးသော အပျို
ကညာဖြစ်သည်။ ထိုအပျိုကညာက ဘုရားရှင်၏တန်ခိုးတော်အားဖြင့် လင်သားမပါဘဲ ပဋိသနေစွဲယူမည်
အကြောင်းကို ကြိုတင်ဗျာဒိတ်ပေးခဲ့ ပါသည်။ လူ့ဥာဏ်နှင့် ဆင်ခြင်ပါက နားလည်လက်ခံနိုင်ဖို့ ရန်ခက်မည်
ဖြစ်သည်။ ဤအမှုသည် ဘုရားရှင် ကိုယ်တော်တိုင် ပြုသောအမှုဖြစ် သောကြောင့် အံ့သြဘွယ်အမှုဖြစ်ပါ
သည်။ ထိုကျမ်းစကားကို မဿဲ၌ ထပ်မံဖော်ပြထားပါသည်။

     ဗျာဒိတ်တော်အချက်  ဟူမူကား ကြည့်ရှုလော့။ သတို့ သမီးကညာသည် ပဋိသန္ဓေစွဲယူ
၍သားယောကျာ်းကိုဖွားမြင်လိမ့်  မည်။ ထိုသားကိုဧမာနွေလ အ မည်ဖြင့်မှည့်ရကြလတ္တံ့ဟုလာသ
တည်းး။ဧမာနွေလွလအနက်က်ကား ငါ တို့နှင့်အတူရှိတော်မူသောဘုရားသခင် ဟုဆိုလိုသတည်း။
(မဿဲ၊ ၁း၂၃)

      ယနေ့ မျက်မှောက်ကာလ  ခရစ္စမတ်အချိန်၌ ဧမာနွေလအ ရှင်ပျောက်နေသည်။ ကယ်တင်ရှင်
ပျောက် နေသည်။ ထိုအမှုသည် ရှေး ယခင်ကဖြစ်ခဲ့သောအမှုဖြစ်သည်ဟု မှတ်ယူကြသည်။ ရှေးကသာရှိခဲ့ပြီး
ယနေ့မရှိ၊ အသက်မရှင်ဟုဆိုပါက ခရစ်တော်ကို ကျွန်ုပ်တို့ကိုးကွယ်စ ရာလိုမည်မဟုတ်ပါ။ သို့သော် ကယ်
တင်ရှင်မေရှိယသည် ယနေ့တိုင် အ သက်ရှင်၍ အံ့သြဘွယ်အမှုကို ပြု နေဆဲဖြစ်သည်။ အံ့ဩဘွယ် ကိုယ်
တော်ပြုနေသော သက်သေတို့သည် တည်နေဆဲ ဖြစ်ပါသည်။ ထို့ကြောင့် မွေးနေ့တော်၏ အကျိုးသည် ယနေ့
တိုင်ရှင်သန်၍ ခံစားနေရဆဲဖြစ်ပါ သည်။ ရံဖန်ရံခါ ကျွန်ုပ်တို့သည် မွေး နေ့တော်၏အကျိုးကြီးကြောင်း အ
လေးဂရုမပြု၊ မသိမှတ်ကြပါ။ မိမိတို့ အိမ်၌ ဆေးကောင်းရှိပြီး ကိုယ်တိုင် အသုံးမပြုဘဲ ဘီဒိုပေါ်၌ တင်ထား
သကဲ့သို့ ဖြစ်နေကြသည်။ ထိုသို့ပြု ပါက ဆေး၏ထက်မြက်သောအာနိ သင်အကျိုးထူးကို ခံစားရမည်မဟုတ်
ပါ။
         ထိုနည်းတူ ဧမာနွေလတည်း ဟူသောအရှင် ကျွန်ုပ်တို့နှင့်အတူ ရှိ နေပါလျက်နှင့် ကိုယ်တော်ကို မကိုး
စား၊ တိုင်ပင်ဘက်မပြု၊ အလေးဂရု မထား၊ ကိုယ်တော်ကို မခေါ်ဘဲ လျှောက်လှမ်းနေကြသည်။ ကိုယ်
တော်က ငါ့ကို ခေါ်လော့၊ ငါထူးမည် ဟု မိန့်တော်မူထားပါလျက် မခေါ် သဖြင့် ကိုယ်တော်ထူး၍ မစသော
သက်သေကို မခံစားကြပါ။ ခရစ် ယာန်မဟုတ်သောသူများက ခေါ်ပြီး ထူးခြင်းသက်သေကို ခံစားနေကြရ
သည်။ အချို့သောခရစ်ယာန်များက မိမိကိုယ်မိမိ ခရစ်ယာန်ဟု ခေါ်နေ ကြသော်လည်း သူတို့အသက်တာ၌
ခရစ်တော်မရှိ၊ ခရစ္စမတ်သည် သူတို့ အတွက် အဓိပ္ပါယ်မရှိ၊ ပွဲသက်သက် သာကျင်းပနေကြသည်။ မည်မျှဝမ်း
နည်းစရာဖြစ်ပါသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်ကြောင့်ဖြစ်၏

         ယေရှုခရစ်သည် ဘွား မြင်ခြင်းကို ခံတော်မူသောအ ကြောင်းအရာဟူမူကား၊ မယ်
တော်မာရိသည် ယောသပ်နှင့် ထိမ်းမြားဆောင်နှင်း၍ မရှက် တင်မှီတွင်သန့်ရှင်းသောဝိညာဉ်
တော်ကြောင့် ပဋိသန္ဓေစွဲနေ၏ (မဿဲ၊ ၁း၁၈)

        ယေရှုခရစ်တော်၏ ဘွား  သန့်စင်တော်မူခဲ့ခြင်းကို ဆင်ခြင် သည့်အခါ ယောသပ်နှင့် မာရိတို့
သည် ထိမ်းမြားမင်္ဂလာဆောင်နှင်း ပြီးသော်လည်း ခန်းဝင်ခြင်းမပြုရ သေး၊ အတူတကွ ပေါင်းသင်းခြင်း
မပြုရသေးမှီ သန့်ရှင်းသောဝိညာဉ် တော်၏တန်ခိုးတော်ကြောင့် မာရိ၌ ပဋိသန္ဓေ စွဲနေပါသည်။ ထိုသို့ ပဋိ
သန္ဓေစွဲနေကြောင်းကို ဘုရားသခင် သည် ကောင်းကင်တမန်အားဖြင့် ယောသပ်အား အသိပေးပါသည်။

        သူ၏ူ၏ခင်ပ်ပွနွန်းး ယောသပ် သည် သူတော်ကောင်း ဖြစ်၍၊ မာရိအသရေကို မပျက်စေချင်
သောကြောင့် တိတိတ်ဆ်ဆိတိတ်စ်စွာာ စွနွန့်် ပယ်မည်ဟု အကြံရှိ၏။ ထိုသို့ ကြံစည်၍ နေစဉ်တွင် အိပ်မက်
ကို မြင်ရ်ရသည်မ်မှာာ၊ ထာဝရဘုရုရား ၏ကောင်းကင်တမန်သည် ထင် ရှား၍ ဒါဝိတ်အမျိုး ယောသပ်၊
သင်၏ခင်ပွန်းမာရိကိုထိန်းသိမ်း ရမည့်အ့အခွငွင့်က့ကို မစိုးးရိမိမ်န်နှငှင့်။့။ ဤ ပဋိသန္ဓေသည် သန့်ရှင်းသော
ဝိညာဉ်တော်ကြောင့် ဖြစ်၏။ (မဿဲ၊ ၁း၁၉-၂၀)

         ယောသပ်သည် မာရိအသ ရေကို မပျက်စေလို၍ တိတ်ဆိတ်စွာ စွန့်ပယ်မည်ဟုကြံစည်ပါသည်။ ယော
သပ်သည် သူတော်ကောင်းဖြစ်၍ အ မှားမပြုမိစေဖို့ရန် ဘုရားသခင်သည် ကောင်းကင်တမန်ကို စေလွှတ်၍ မာ
ရိ၏ပဋိသန္ဓေသည် သီလပျက်၍ဖြစ် ရခြင်း မဟုတ်ကြောင်း၊ သန့်ရှင်း သော ဝိညာဉ်တော်၏တန်ခိုးတော်
ကြောင့် ဖြစ်၍ မစိုးရိမ်ဖို့ အသိပေး ပါသည်။ ယောသပ်သည် သူတော် ကောင်းမဟုတ်၊ သူ၏နှလုံးသားထဲ၌
ဝိညာဉ်သဘောမရှိပါက ထိုစကားကို လက်ခံနိုင်မည်မဟုတ်ပါ။ ဝိညာဉ် အလင်းနှင့် ဝိညာဉ်ခံယူချက်သည်
ဘုရားသခင်၏သားသမီးဖြစ်မှ ရရှိ ပါသည်။ ယနေ့ ယုံကြည်သူများ၏ အသက်တာ၌ ဧမာနွေလပျောက်
နေကြသည်။
       ဧမာနွေလအရှင်က ကျွန်ုပ်တို့နှင့်အတူရှိပါကလိုအပ်သည့် အရာမှန်သမျှ အစဉ်ရရှိပါသည်။ လို
သောအရာ တစ်စုံတစ်ခုမျှ မချို့တဲ့ရ ပါ။ မည်သည့်အမှုဖြစ်ပါစေ အလို တော်ဖြစ်ပါက လိုအပ်သောငွေကို
ရရှိမည်ဖြစ်သည်။ လိုချင်သည့်အရာ ဖြစ်ပါက ဒူးပွန်းအောင် ဆုတောင်း ကြဖို့ ဖြစ်ပါသည်။ ဘုရားအလိုတော်
ဖြစ်လျှင် ငွေမရှိလည်း ကိုယ်တော်၏ မစပံ့ပိုးမှုဖြင့် ပေါ့ပါးစွာ လုပ်ဆောင် နိုင်မည်ဖြစ်ပါသည်။ ငွေရှိ၍ လခနှင့်
လုပ်ဆောင်ခြင်းဖြစ်ပါက ဘာသာနှင့် သာသနာဖြစ်ပေမည်။ ယနေ့ အချို့ သောခရစ်ယာန် အိမ်ထောင်များ၌
သမ္မာကျမ်းစာနှင့် ပတ်သက်သောစာ တမ်းများ ချိတ်ဆွဲထားကြသည်။ ဘုရားသခင်သည် အိမ်ထောင်၏ဦး
ခေါင်းဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူပါရှိ၍ မစကောင်းကြီးပေးသည်ဟု စာသားများ၌
 ပါရှိ ကြသော်လည်း သူတို့အသက်တာထဲ၌ မည်သည့်သက်သေမျှမရှိပါ။ ထို အသက်တာများသည် အသိရှိသော်
လည်း အကျိုးမခံစားရသောအ သက်တာ၊ ဆုံးရှုံးခြင်းထဲ၌ ရှိနေသော အသက်တာများဖြစ်ကြသည်။
လက်တွေ့သက်သေခံစားဖို့ မြည်းစမ်းပါ သတို့သမီးကညာမှ ဆင်း သက်၍ ဘွားမြင်ခြင်းခံတော်မူခဲ့
သောအရှင်သည် ယနေ့ အသက်ရှင် နေပါသလား။ လက်တွေ့သက်သေကို ခံစားလိုပါက မြည်းစမ်းကြည့်၍ ရပါ
သည်။ ထိုသက်သေခံစားနေရသော သူများစွာ၏သက်သေခံချက်များကို ယနေ့ ကျွန်ုပ်တို့ကြားရကြပါသည်။
         အခြားသူများ၏သက်သေခံချက် များကို ကြားရ၍သာ ကျေနပ်မနေ ကြဘဲ ကိုယ်တိုင်သက်သေကို ခံစား
ကြရဖို့ အားထုတ်သင့်ပါသည်။ မွေး နေ့ပွဲသည် သေနေသောသူအတွက် ကျွန်ုပ်တို့ မကျင်းပကြပါ။ အသက်
ရှင်သောသူ၏မွေးနေ့ပွဲကိုသာ ကျင်း ပပြုလုပ်ရိုးထုံးစံရှိပါသည်။ သခင် ယေရှုက ငါသည် ကပ်ကမ္ဘာကုန်
သည့်တိုင်အောင် အတူရှိမည့် ဧမာ နွေလအရှင်ဖြစ်သည်ဟု မိန့်တော်မူ ခဲ့ပါသည်။ ကိုယ်တော်သည် အတိတ်
ကာလကသာရှိပြီး ယနေ့မရှိတော့ ပါက ကျွန်ုပ်တို့ အမှီပြုကိုးစား၍ အကျိုးမရှိပါ။ ကိုယ်တော်သည်
အ တိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကာလသုံး ပိုင်း၌ မပျောက်မပျက်အစဉ်တည်၍ အသက်ရှင်သောဘုရားဖြစ်ပါသည်။
        ကိုယ်တော်သည် မုသာနှင့်ကင်းစင် သောအရှင်ဖြစ်ပါသည်။ မြည်းစမ်း သောသူတိုင်းအပေါ်၌ အစဉ်ကတိ
တည်၍ သက်သေထူသောဘုရား ဖြစ်ပါသည်။ မြည်းစမ်း၍ သက်သေ ခံစားဖို့ရန် ခေါ်ကြည့်နိုင်သောအခွင့်
အရေးရှိနေပါလျက် မမြည်းစမ်းမ ခေါ်ကြည့်ပါက ကျွန်ုပ်တို့အရှုံးသာ ဖြစ်ပေမည်။ အသက်တာ၌ ကိုယ်
တော်ကို ခေါ်ဖိတ်ထားပြီးသောသူ များ၌လည်း အချို့က ကိုယ်တော်ထံ သို့ မိမိတို့အသက်တာတစ်ခုလုံးကို
မအပ်နှံကြပါ။ မိမိတို့လိုအပ်မှ ကိုယ် တော်ကိုခေါ်ကြသည်။ အများသော အမှုအရာများ၌ လောကနည်းလမ်း
အတိုင်း ပြုမူလုပ်ဆောင်နေကြသည်။
        မိမိတို့အသက်တာထဲ၌ ကိုယ်တော် အတူရှိနေပါလျက် ကိုယ်တော်ကို လျစ်လျူရှုပြီး အသက်ရှင်နေကြ
သည်။ ကောင်းကင်ဘုံ၏ရှင်ဘုရင် သည် ပလ္လင်တော်ကိုစွန့်၍ လောက သိြုွ့ကလာခဲ့ပါသည်။ ထိုအရှင်သည်
နွားစာခွက်အတွင်း၌ သိပ်ထားခြင်း ကိုခံယူခြင်းအားဖြင့် အယုတ်၊ အ မြတ်၊ အလတ်မရွေး ကိုယ်တော်ထံသို့
လာနိုင်ပါသည်။ လာလိုသူတိုင်းကို ကိုယ်တော်သည် မငြင်းပါ။ ကိုယ် တော်သည် အံ့ဩဘွယ်နာမရှိသော
အရှင်၊ တိုင်ပင်ဘက်ပြု၍ရသော အ ရှင်ဖြစ်ပါသည်။ ကျွန်ုပ်တို့ အသက် တာများ၌ အံ့ဩဘွယ်နာမရှိသော
အရှင်၏ အံ့ဩဘွယ်သက်သေများ ကို ခံစားရပြီလား။ ခံစားနိုင်ဖို့ရန် ယခုပင်ကိုယ်တော်ကို ကိုးစားပါက
ကိုယ်တော်၏ကယ်တင်ခြင်းကျေးဇူး ကို အမှန်ပင် ခံစားရမည်ဖြစ်သည်။
        ကိုယ်တော်သည် ကျွန်ုပ်တို့အား အ ပြစ်ြွေကးရှိသမျှကိုဆပ်ပေး၍အပ္ပါယ် လားရမည့်အဖြစ်မှသာ ကယ်တင်
သည်မဟုတ်ပါ။ လောကဓံတရား၏ ဖိစီးမှုအမျိုးမျိုးဖြစ်သောအြွေကးဝန် ထုတ်ပိလေးနေခြင်းမှလည်းကောင်း၊
ဖျားနာခြင်း၊ စိတ်ဆင်းရဲခြင်း၊ အိမ် ထောင်ရေးပြဿနာစသည်သို့သော ပြဿနာပိလေးမှုအမျိုးမျိုးမှလည်း
ကယ်တင်မည်ဖြစ်ပါသည်။

         သားယောကျာ်းကိုဘွားမြင်လိမ့်မည်။ ထိုသိသားသည် မိမိလူတို့ကို အပြစ်မ်မှ ကယ်ချွတ်
မည့်သူဖြစ်သောကြောင့်၊ ယေရှု ဟူသောအမည်ဖြင့်မှည့်ရမည်။ (မဿဲ၊ ၁း၂၁)

        ကျွန်ုပ်တို့သည် ခရစ္စမတ်၏ အရှင်ဖြစ်သော ယေရှုခရစ်၏အပြစ် မှကယ်ချွတ်ဖို့ရန်ြွကလာခြင်း၏ကျေး
ဇူးတော်ကို ခံစားရပြီလား။ မခံစားရ သေးပါက ယခုပင် ထိုအရှင်ကို မိမိ ၏အပြစ်မှ ကယ်ချွတ်မည့်အရှင်အ
ဖြစ်ယုံကြည်လက်ခံပါ။ ထိုသို့ယုံကြည် လက်ခံပါက အတွင်း၌သက်သေကို ခံစားရမည်ဖြစ်သည်။

         ဘုရားသခင်၏ သား တော်ကို ယုံကြည်သောသူသည် မိမိအထဲ၌ထိုသက်သေကိုရ၏။
        (၁ယော၊ ၅း၁၀)

        သားတော်ကို ရသောသူ သည် အသက်တာရှင်သန် လျှောက် လိုက်ရာ၌ သွားရမည့်လမ်းကိုသိဖို့
ဝိညာဉ်တော်က လမ်းပြမည် ဖြစ်ပါ သည်။ ဝိညာဉ်တော်လမ်းပြသည့် အတိုင်း ခရစ်တော်၏ နောက်တော်
သို့လျှောက်လိုက်အသက်ရှင်ပါက ခရစ္စမတ်၏အရှင်ဖြစ်သော ယေရှု ခရစ်တော်ထံမှ အံ့ဩဘွယ် မစကွယ်
ကာကောင်းကြီးပေးမှုသက်သေ အ မျိုးမျိုးကို ခံစားရမည် ဖြစ်ကြောင်း မေတ္တာနှင့် အသိပေး ဝေငှလိုက်ရ
ပါသည်။

          နာမတော်မြတ်၌
ညီအစ်ကိုကြီး ဦးတင်မောင်ထွန်း
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )