လှလှကြိုက်တဲ့ ရင်နှင်းသူငယ်ချင်း ပျိုပျိုမေတို့အတွက် ခြေသည်း လက်သည်းတွေကို လှလှလေး ပုံဖော်နိုင်အောင် Bamboo Nail Art Technical School က မမေသဉ္ဇာကို အကူအညီတောင်းထားတာပါ.. အစ်မပြောပြတဲ့ ကျောက်ပန်းချီလုပ်နည်းလေးကို လိုက်လုပ်ကြည့်ရအောင်နော်..
~~♥♥ ~~♥♥~~ရင်နှင်းက သူ့ပရိတ်သတ်ကြီးအတွက် လိုက်လုပ်ရတာ လွယ်ပြီး လှပတဲ့ပုံလေးတွေ ဖော်ပြပေးပါဆိုလို့ ဒီတစ်ပတ်တော့ ကျောက်ပန်းချီကို ရွေးခြယ်လိုက်ပါတယ်။ ပန်းချီဖော်မယ့် ခြေသည်းခွံလေးတွေက သိပ်ရှည်ဖို့ မလိုအပ်ပါဘူး။ လက်သည်းမှာလည်း လိုက်ဖော်လို့ လွယ်မယ့် ပုံလေးပါပဲ။ လက်သည်းဆိုးဆေးနဲ့ ကျောက်ကလေးတွေကိုပဲ အသုံးပြုထားတာမို့ မခက်ခဲပဲ လှလှပပ ပုံဖော်လို့ရမှာ ဖြစ်ပါတယ်။
ကျောက်ပန်းချီဖော်ဖို့ ဒါလေးတွေ လိုအပ်ပါတယ်။
1. လက်သည်းဆိုးဆေး (ပန်းနုရောင်၊အနီရောင်၊အဖြူရောင်)
2. ရွှေမှုန်ဆိုးဆေး
3. ကျောက် (အဖြူရောင်၊ပန်းရင့်ရောင်၊အစိမ်းရောင်)
4. ကျောက်ကပ်ကော်
2. ရွှေမှုန်ဆိုးဆေး
3. ကျောက် (အဖြူရောင်၊ပန်းရင့်ရောင်၊အစိမ်းရောင်)
4. ကျောက်ကပ်ကော်
အဆင့်(၁)
ခြေသည်းကို ပန်းနုရောင်ကလေးဆိုးပေးပြီး ခြောက်သွားပြီဆိုရင်
ခြေသည်းအဖျားပိုင်းကို အဖြူရောင်လေးဆိုးပေးပါ။
အဆင့်(၂)
အနီရောင်ဆိုးဆေးကို ပုံမှာ ပြထားတဲ့အတိုင်း ဆိုးလိုက်ပါ။
အဆင့်(၃)
ရွှေမှုန်ဆိုးဆေးပုလင်းဟာ စုတ်တံပုံစံမျိုးမို့ အလွယ်တကူ အရစ်ကလေး လုပ်ပေးနိုင်ပါတယ်။
အဆင့်(၄)
အပွင့်လုပ်မယ့်နေရာလေးမှာ ကော်သုတ်ပြီး ကျောက်ကလေးတွေ စကပ်ပါ။
အဆင့်(၅)
အဖြူရောင်ကျောက်ကို ပန်းပွင့်ပုံစံလေးဖြစ်အောင် ကပ်ပေးပါ။ ကော်မခြောက်ခင် မြန်မြန်ကပ်ပေးပါ။ ၀တ်ဆံနေရာလေးလည်း ချန်ထားပေးဖို့ မမေ့ပါနဲ့။
အဆင့်(၆)
ပန်းပွင့်လေးဘေးမှာ ကျောက်တစ်ခု ကပ်လိုက်ပါဦး။
အဆင့်(၇)
ဝတ်ဆံနေရာမှာ ပန်းရင့်ရောင် ကျောက်ကလေး ကပ်ပေးပါ။
အခုဆို လှပတဲ့ ကျောက်ပန်းချီပုံလေး ပေါ်လာပါပြီ။
အပြီးသတ်ပုံလေးမှာ ပြထားတဲ့အတိုင်း ကျန်တဲ့ ကျောက်ကလေးတွေကို လိုက်ကပ်ပေးလိုက်ပါ။
အခုဆို လှလှပပနဲ့ ခြေသည်းတစ်စုံကို ကိုယ့်ဟာကိုယ် ပုံဖော်လို့ရမယ်လို့
မျှော်လင့်ပါတယ်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com