22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, December 21, 2011

အရေးပေါ် ဆံပင်ဖြောင့်မယ်

 
  အရေးကြီးတဲ့နေရာသွားရမှာကို တွန့်လိမ်ကောက်ကွေးနေရင် အရမ်းကို စိတ်ညစ်ရတယ်နော်။ ဆေးကြောင့် ဆံပင်ပျက်စီးမှာစိုးလို့ ဆံပင်မဖြောင့်ချင်တဲ့သူတွေ၊ ဆိုင်မှာဆံပင်ဖြောင့်ဖို့ အချိန်မရပဲ အမြန်ဆံပင်အမြန်ဖြောင့်ချင်တဲ့ ရင်နှင်းသူငယ်ချင်းလေးတွေအတွက် ဆံပင်သားလည်း မပျက်စီးစေပဲ အိမ်မှာပဲ အလွယ်တကူ ဆံပင်ဖြောင့်နိုင်အောင် ပြောပြပေးမယ်နော်။
~♥♥~
~♥♥~
~♥♥~
~♥♥~
~♥♥~
~♥♥~
~♥♥~
~♥♥~
~♥♥~


၁။ ဆံပင်က အပူဒဏ်ကို ခံနိုင်စေတဲ့ ဖျန်းဆေးတွေဟာ ဆံပင်ဖြောင့်စက်နဲ့ ဆွဲတဲ့အခါ ဆံပင်သား ထိခိုက်ပျက်စီးမူမရှိအောင် ကာကွယ်ပေးပါတယ်။ ပြီးတော့ ဆံပင်ကို ချောမွေ့နူးညံ့စေသလို တောက်ပပြီး ပိုးသားအသွင်ဖြစ်စေလို့ အိမ်မှာ ဆံပင်ဖြောင့်ချင်သူတွေအတွက် အဖော်မွန်ကောင်းလို့ပြောရမှာပေါ့နော်။ ဒါကြောင့် ဆံပင်ကို စက်ဆွဲမယ်လို့ စဉ်းစားလိုက်ပြီဆိုတာနဲ့ ဆံပင်က အပူဒဏ်ကို ခံနိုင်စေတဲ့ ဖျန်းဆေးလေးလည်း ရှိနေမှ ဖြစ်မှာပါ။
၂။ ဆံပင်စက်မဆွဲခင် ဆံပင်လေးတွေ စေးကပ်မူမရှိပဲ သန့်ရှင်းပြီး စက်ဆွဲရလွယ်အောင် ခေါင်းလျှော်ရမယ်နော်။ ခေါင်းလျှော်ပြီးရင် ပျော့ဆေးသုံးပေးဖို့လည်း မမေ့ပါနဲ့။


၃။ နူးညံ့တဲ့ ပုဝါလေးနဲ့ ဆံပင်ကို ခြောက်သွေ့အောင် သုတ်ပေးပါ။ စိုနေတဲ့ဆံပင်ဟာ ကျိုးပဲ့လွယ် ပျက်စီးလွယ်လို့ ကြမ်းကြမ်းတမ်းတမ်းကြီးတော့ မလုပ်လိုက်ပါနဲ့။


၎။ Leave in conditioner (ခေါင်းပြန်လျှော်စရာမလိုတဲ့ ဆံပင်ပျော့ဆေး) ဖျန်းဆေးလေးနဲ့ ဆံပင်တွေကို ဖျန်းပေးပါ။


၅။ ဘီးကျဲကျဲလေးနဲ့ ဆံပင်ကို သေချာဖီးပေးပါ။ ဆံပင်စက်ဆွဲတဲ့အခါ လွယ်ကူအဆင်ပြေစေဖို့ပါ။


၆။ ဆံပင်လေးတွေ သေချာခြောက်သွေ့စေဖို့ လေမူတ်စက်နဲ့ ဆံပင်တွေကို လေမူတ်ပေးပါ။


၇။ ဆံပင်မှာ အထုံးတွေ ညှိနေတာတွေ လုံးဝမရှိတော့အောင် သေချာခေါင်းဖီးလိုက်အုံးနော်။


၈။ ဆံပင်ရဲ့ အပေါ်တ၀က်ကို စုစည်းလိုက်ပါ။


၉။ အောက်ခြေ ဆံပင်တ၀က်ကို နဲနဲလေးတွေဖြစ်အောင်ခွဲပါ။ ၁ လက်မ သို့ ၂ လက်မ အထူလေးတွေဆိုရင် အကောင်းဆုံးပဲနော်။


၁၀။ ခွဲထားတဲ့ ဆံပင်ပေါ်မှာ အပူဒဏ်ခံနိုင်တဲ့ ဖျန်းဆေးလေး ဖျန်းပေးပါ။ ရူပ်ထွေးမူမရှိတဲ့ ဆံပင်က ပိုဖြောင့်စင်းနိုင်ပါတယ်။ ဆံပင်ပျော့ဆေးဖျန်းဆေးနဲ့ အပူဒဏ်ခံနိုင်တဲ့ ဖျန်းဆေးတွေက ဆံပင်တွေကို ရူပ်ထွေးမူတွေမရှိအောင် ကူညီပေးပါတယ်။


၁၁။ ခွဲထားတဲ့ ဆံပင်တွေကို လက်တစ်ဖက်နဲ့ ကိုင်ထားပြီး နောက်လက်တစ်ဖက်နဲ့ ဖြောင့်စက်ဆွဲပါ။ ဖြောင့်စက်ကို သေချာဖိပြီး ဆွဲပေးပါ။ (နောက်တစ်ယောက်က ကူညီပေးနိုင်ရင် ပိုကောင်းတာပေါ့နော်)


၁၂။ ဖြောင့်စက်ဆွဲတဲ့အခါ ခွဲထားတဲ့ ဆံပင်လေးကို အရင်းဘက်ကနေ အဖျားဘက်ကို ဆွဲပေးပါ။ အရင်းဘက်ကို ပြန်မဆွဲပါနဲ့။ ဆံပင်လေးတွေ ဖြောင့်သွားတဲ့အထိ သေချာဖိပြီးဆွဲပေးပါ။


၁၃။ ဆံပင်စက်ဆွဲတဲ့အခါ အရင်းကနေ အဖျားထိ တစ်ခါထဲ သေချာဖိဆွဲပေးရမယ်နော်။ ဆံပင်ကို စက်ဆွဲနေတုန်း တခါထဲ အဖျားထိရောက်အောင် မဆွဲမိဘဲ ရပ်ထားမိရင် ဆံပင်မှာ အလျားလိုက်လိုင်းတွေ ပေါ်လာနိုင်တယ်နော်။ ဒီလိုင်းတွေ ပြန်ပျောက်ဖို့ကို စက်နဲ့ အများကြီးထပ်ဆွဲ
ရမယ်။ အဲဒီအခါမှာတော့ ဆံပင်တွေပျက်စီးတော့မှာပေါ့။


၁၄။ ဆံပင်ကို စက်ဆွဲရင်း အငွေ့တွေထွက်လာရင် လန့်မသွားနဲ့အုံးနော်။ ဆံပင်ဆွဲတဲ့ ဖြောင့်စက်က အပူချိန်အရမ်းများတော့ ဆံပင်မှာ ခေါင်းလျှော်ပြီးတော့ ကျန်ခဲ့တဲ့ အစိုဓာတ်လေးတွေ ငွေ့ပျံသွားတာပါ။ ရှဲရှဲဆိုတဲ့ အသံတွေတောင် ကြားရမှာနော်။ ဒါပေမယ့် ဆံပင်က အငွေ့တွေအသံတွေ ထွက်လာတာဟာ ဆံပင်ကို မပျက်စီးနိုင်လို့ စိတ်မပူပါနဲ့။


၁၅။ ကျန်တဲ့ ဆံပင်တွေကိုလည်း အပိုင်းလေးတွေခွဲပြီး သေချာစက်ဆွဲပေးနော်။


၁၆။ တစ်ခေါင်းလုံးကို စက်ဆွဲပြီးပြီဆိုရင်တော့ ဆံပင်ရဲ့ နောက်ဘက်တွေပါမကျန်အောင် မှန်နဲ့ သေချာကြည့်ပါ။ စက်ဆွဲဖို့ကျန်ခဲ့တဲ့ အပိုင်းမရှိအောင်ပေါ့။

၁၇။ ဆံပင်တွေ အားလုံးစက်ဆွဲပြီးတာ သေချာပြီဆိုရင် ပုံစံမကျဖြစ်နေသေးတဲ့ နေရာလေးတွေကို ဆံပင်ဖြောင့်စက်နဲ့ဆွဲပြီး ပိုလှအောင် ပြင်လိုက်ပါအုံး။


၁၈။ ဆံပင်ကို ရေတွေ ဆံပင်ပုံသွင်းဆေးတွေ မဖြန်းပါနဲ့။ ရေဟာ ဆံပင်ကို ချက်ချင်းကောက်ကွေးရူပ်ထွေးသွားစေပါတယ်။


၁၉။ ဆံသားတောက်ပြောင်စေတဲ့ ဆံပင်လိမ်းဆေးကို လက်ထဲမှာ နဲနဲလေးထည့်ပွတ်ပြီး ဆံပင်မှာ လိမ်းပေးပါ။ အများကြီးတော့ မလိမ်းမိစေနဲ့နော်။ ဖြောင့်စင်းနေတဲ့ ဆံပင်လေး ကြည့်ရဆိုးသွားနိုင်လို့ပါ။


၂၀။ မိုးရာသီမှာဆိုရင် ထီးကိုတော့ အမြဲဆောင်ထားနော်။ မိုးရေစိုလိုက်တာနဲ့ ကိုယ်ကြိုးစားသမျှအားလုံး သဲထဲရေသွန်ဖြစ်ပြီး ဆံပင်တွေ ကောက်ကွေးရူပ်ထွေးသွားနိုင်လို့ပဲနော်။ နွေရာသီမှာ ဆိုရင်လည်း ဆံပင်တွေချွေးမစိုစေဖို့ သတိထားနော်။ ခေါင်းစည်းလှလှလေးနဲ့ ဆံပင်စည်းထားရင်လည်း စတိုင်ကျပြီး လှနိုင်ပါတယ်။


၂၁။ ခေါင်းလျှော်လိုက်ရင်တော့ နဂိုဆံပင်ဖြစ်သွားမှာပဲနော်။ အဲဒီအခါကျရင်တော့ အစက ပြန်လုပ်ရတော့မှာပေါ့။



လမ်းညွှန်ချက်

၁။ စက်မဆွဲခင်မှာ ဆံပင်အခွဲလေးတလျှောက် ဆံပင်ဖျန်းဆေးလေးဖျန်းပြီး ချက်ချင်း စက်ဆွဲလိုက်နော်။ ဆံပင်လေးတွေကို ပိုမိုကောင်းမွန်ဖြောင့်စင်းစေပါတယ်။

၂။ ဆံပင်ကို လေမူတ်တဲ့အခါ မူတ်စက်ကို အောက်စိုက်ပြီး မူတ်ပေးပါ။ ဒါမှ ဆံပင်အရင်းလေးတွေက အောက်ကိုစိုက်ပြီး ဆံပင်ကလည်း ပွယောင်းယောင်းကြီး ဖြစ်နေမှာ မဟုတ်တော့ဘူးပေါ့။

၃။ ဆံပင်က ပျက်စီးပြီး ကြေနေတယ်ဆွဲရင် ဆံပင်စက်ဆွဲတဲ့အခါ အပူချိန်နည်းနည်းကိုပဲ သုံးနော်။ အပူချိန်နည်းလေ ဆံပင်ပျက်စီးတာ နဲလေပါပဲ။

၎။ ဆံပင်ဖြောင့်ပြီဆိုထဲက အပူနဲ့ဖြောင့်တာဆိုတော့ ဆံပင်က အနည်းနဲ့ အများတော့ ပျက်စီးမှာပဲလေ။ အဲဒီတော့ ဖြောင့်စက်ကိုလည်း ဆံပင်ပျက်စီးမှု သက်သာစေတဲ့ ဖြောင့်စက်မျိုးကို သုံးရင်တော့ သက်သာတာပေါ့။ ဈေးကွက်ထဲမှာ မေးဝယ်လို့ ရပါတယ်။

၅။ ဆံပင်ကို လေမူတ်ပြီးတဲ့အခါမှာ လေမူတ်စက်ကို လေအေး setting ပြောင်းပြီး မှုတ်ပေးပါ။ ဒါဟာ ရေအေးနဲ့ ခေါင်းလျှော်လိုက်သလို ဆံပင်တွေကို တောက်ပြောင်စေနိုင်တယ်နော်။

၆။ ဆံပင်စိုနေတုန်း စက်မဆွဲပါနဲ့။ ဆံပင်တွေ ပိုပျက်စီးနိုင်တယ်လေ။

၇။ ခေါင်းလျှော်ရည်ကို အပျော့စားလေးပဲသုံးပါ။ ပြီးတော့ ဆံပင်အတွက် အလှကုန် ( ခေါင်းလိမ်းဆီ၊ ဂျဲလ် )
တွေအများကြီးမသုံးပါနဲ့။ မဟုတ်ရင် ဆံပင်တွေဟာ သိပ်မကြာခင်စီးကပ်ကပ်လာပြီး ခေါင်းလျှော်ရလိမ့်
မယ်နော်။ ဒါဆို နောက်တစ်ကြိမ် စက်ဆွဲချိန်ဟာ ကပ်နေတော့ ဆံပင်အတွက် မကောင်းဘူးပေါ့။

၈။ တကယ်လို့ ဘယ်မှသွားစရာမရှိဘူး။ ဆံပင်ဖြောင့်ဖြောင့်လေး ဖြစ်နေစရာ မလိုဘူးဆိုရင် စက်မဆွဲပါနဲ့။ ဆံပင်လေးတွေကို အနားပေးလိုက်ပါအုံး။

၉။ ဖြောင့်စက်ကို ဆံပင်ရဲ့ တစ်နေရာရာထဲမှာပဲ အကြာကြီး မဖိကပ်ထားပဲနဲ့ ဆံပင်အရင်းကနေ အဖျားအထိ ဖြည်းဖြည်းဖိဆွဲပေးတာက ဆံပင်ကို ပျက်စီးတာ ပိုသက်သာစေတယ်နော်။

၁၀။ တကယ်လို့ ဖြောင့်စက်ဆွဲချိန်မှာ ဆံပင်က ပူနေလို့ ကိုင်မထားချင်ဘူးဆိုရင် ဘီးကို သုံးလို့ရတယ်နော်။


သတိပေးချက်

၁။ ဦးရေပြားကို ထိအောင် ကပ်မဆွဲပါနဲ့။ ဖြောင့်စက်ထိမိလို့ လက်ပူသွားရင် ရေဘုံပိုင်ကို ဖွင့်ထားပြီး ရေစိမ်လိုက်ပါ။

၂။ ဆံပင်တစ်ပိုင်းကိုပဲ ခဏခဏ ထပ်ဆွဲမနေနဲ့နော်။ ဆံပင်တွေဖြောင့်သွားရင် ရပ်လိုက်ပြီး နောက်တစ်ပိုင်း
ကိုဆက်ဆွဲပါ။

၃။ ခေါင်းလျှော်ပြီး စက်ဆွဲပြီးရင် နောက်နေ့တွေ ထပ်မဆွဲပါနဲ့။ နေ့တိုင်းဆွဲရင် ဆံပင်ကို အရမ်းပျက်စီး
စေတယ်လေ။

၎။ ဆံပင်ကို တစ်ပတ် ၂ ကြိမ် ၃ ကြိမ်ထက်ပိုမဆွဲပါနဲ့။ အပူကာကွယ်တာတွေ ဘယ်လောက်သုံးသုံး ဆံပင်ကို ခဏခဏ စက်ဆွဲနေရင် ပျက်စီးမှာပဲလေ။

၅။ ဆံပင်စိုနေတုန်း ကြမ်းကြမ်းတမ်းတမ်း မဖီးလိုက်ပါနဲ့။ စိုနေတဲ့ ဆံပင်ကို လက်ချောင်းလေးတွေနဲ့ အရင်ရှင်းပြီးမှ ဘီးကျဲကျဲလေးနဲ့ ဖီးပေးပါ။

၆။ အရမ်းကို အလျင်လိုနေရင်တောင် ဆံပင်အစိုကြီးကို စက်မဆွဲပါနဲ့။ ဒါဟာ ဆံပင်ကို ကြော်လိုက်သလိုဖြစ်ပြီး အကြီးအကျယ် ပျက်စီးစေတယ်နော်။ ဆံပင်လုံးဝခြောက်သွားမှ စက်ဆွဲပါ။

ဒီလောက်ဆိုရင် အရေးပေါ်ဆံပင်ဖြောင့်ချင်တဲ့ ရင်နှင်းသူငယ်ချင်းတွေအတွက် အရမ်းကို အဆင်ပြေသွားလောက်ပြီနော်..။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )