22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, December 21, 2011

ကိုရီးယားမလေးလို သွယ်လျတဲ့ ခန္ဓာကိုယ်

 
မမတို့ ညီမလေးတို့က ရင်နှင်းကို ကိုရီးယားမလေးတွေလို ဗိုက်ချပ်ပြီး ခြေတံသွယ်စေမယ့် နည်းလေးတွေ မေးကြတယ်။ ရင်နှင်းလည်း အားကြိုးမာန်တက် ရှာရတော့တာပေါ့။ နည်းတွေကတော့ အများကြီးပဲ။ ဒါပေမယ့် လုပ်ရအဆင်မပြေနိုင်တာတွေက များနေတော့ ရှိသမျှနည်းတွေကို အကုန်မပြောတော့ဘူးနော်။ လုပ်ရလွယ်ပြီး ထိရောက်မယ့်နည်းတွေကိုပဲ ပြောပြတော့မယ်။ ဗိုက်ချပ် ပေါင်သွယ်စေဖို့က လေ့ကျင့်ခန်းအပြင် အစားအသောက်လည်း ဆင်ခြင်ရမှာပါ။ အဆီကျသွယ်လျပြီး ကျန်းမာလှပစေဖို့ ဆိုတဲ့ ပို့စ်ကိုလည်း ဖတ်ကြည့်ပါအုံးနော်။
~♥♥~
~♥♥~
~♥♥~
~♥♥~
~♥♥~
~♥♥~

ဗိုက်ချပ်စေဖို့

ဗိုက်ချပ်ဖို့ကတော့ လူတိုင်းသိတဲ့ အိပ်ထမတင်နည်းက အလွယ်ဆုံးနဲ့ အကောင်းဆုံးပါပဲ။ ကြမ်းပြင်ပေါ်မှာ လှဲလိုက်ပါ။ ခေါင်းနဲ့ ပုခုံးက ကြမ်းပြင်နဲ့ ထိနေရမယ်နော်။ ပြီးတော့ ခြေထောက် ၂ ဖက်ကို ပူးကပ်ထားပြီး ဒူးကိုကွေးလိုက်ပါ။ ပြီးတော့ ခေါင်းနဲ့ ပုခုံးကနေ ခန္ဓာကိုယ်ကို မပြီး ဘယ်လက်နဲ့ ညာဒူးကို ထိပါ။ နောက်တစ်ခါမှာ ညာလက်နဲ့ ဘယ်ဒူးကို ထိပါ။ ဒါကတော့ အလွယ်ဆုံးပုံစံပေါ့။

အိပ်ထမတင် နောက်တစ်နည်း ရှိပါသေးတယ်။ ကြမ်းပြင်ပေါ်မှာ လှဲလိုက်ပါ။ လက် ၂ ဖက်ကို ယှက်ပြီး ခေါင်းအောက်မှာ ထားလိုက်ပါ။ ပြီးတော့ ကိုယ်ကိုမပြီး တံတောင်နဲ့ ဒူးထိအောင် လုပ်ပါ။
နောက်ပုံစံတစ်မျိုးကတော့ ကြမ်းပြင်ပေါ်မှာ လှဲပြီး ခြေထောက်တွေကိုတော့ ဆန့်ထားရမှာပါ။ ပြီးတော့ လက် ၂ ဖက်ကို ယှက်ပြီး ခေါင်းအောက်မှာ ထားပြီး အားပြုထတာပါပဲ။
လေ့ကျင့်ခန်းလုပ်တဲ့အခါ စစချင်းကို အကြိမ်အများကြီးနဲ့ မြန်မြန်ကြီး မလုပ်လိုက်နဲ့နော်။ ကိုယ်တတ်နိုင်သလောက် ၁၀ - ၂၀ ကြိမ်လောက်အရင် စလုပ်။ နောက်မှ တဖြည်းဖြည်းတိုးသွားတာ အကောင်းဆုံးပါပဲ။ ဒုတိယနဲ့ တတိယပုံစံ ၂ မျိုးမှာ စလုပ်လုပ်ခြင်း တစ်ယောက်ယောက်က ခြေထောက်ကို ဖိထားပေးနိုင်ရင် ပိုကောင်းမှာပါ။ ဒီတိုင်းဆိုရင် သူငယ်ချင်းတို့တော့ မသိဘူး။ ရင်နှင်းဆိုရင် တစ်ခါတောင် ရပါ့မလားမသိဘူး။ :D
ခြေတံသွယ်စေဖို့
ခြေတံသွယ်စေဖို့အတွက် လွယ်လည်းလွယ်ပြီး ထိရောက်တာကတော့ ခြေထောက်လွဲတဲ့လေ့ကျင့်ခန်းပါပဲ။ ဘေးမှာ ကိုင်စရာတစ်ခုခုတော့ ရှိရမယ်နော်။ ခြေထောက်တစ်ဖက်က ခုံပုလေးပေါ်တက်ပြီး နောက်တစ်ဖက်က လွှဲရင် ပိုအဆင်ပြေပါတယ်။ ခြေထောက်တစ်ဖက်ကို အခါ ၅၀ အရင် လွှဲပါ။ ပြီးတော့ နောက်တစ်ဖက်ကို အခါ ၅၀ လွှဲပါ။ ပြီးတော့ ပထမခြေထောက်ကို ပြန်လွှဲပါ။ တလှည့်စီ လုပ်ပါ။ ပထမရက်မှ အကြိမ် ၁၅၀ - ၂၀၀ လောက်ပဲ လုပ်ပါ။ နောက်တော့မှ အကြိမ် ၃၀၀ - ၄၀၀ ထိ တိုးသွားပါ။
ရင်နှင်းကတော့ နည်းကောင်းလေးတွေ ပေးပြီးပြီနော်။ ရင်နှင်းကိုယ်တိုင်ကလည်း ခက်ခက်ခဲခဲ ကို့ယို့ကားယားနည်းတွေ မကြိုက်လို့ လွယ်တဲ့နည်းလေးတွေပဲ ရှာပေးထားတာပါ။ အော်.. လေ့ကျင့်ခန်းမလုပ်ခင် အဆီကျဆေး လိမ်းထားရင် ပိုထိရောက်ပါတယ်တဲ့။ ကိုရီးယားမလေးတွေလို ခြေတံသွယ်သွယ်လေး ဖြစ်ချင်ရင်တော့ စိတ်ကူးနေလို့ပဲ မရဘူးနော်။ လေ့ကျင့်ခန်းတွေကိုလည်း မှန်မှန်သာလုပ်ပါ။ အစားအသောက်လည်း ဆင်ခြင်ပါ။ ဒါပေမယ့် ခြေတံပဲ သွယ်မှာနော်။ ခြေတံရှည်ဖို့ကတော့ နဂိုထဲက အရပ်ရှည်မှလေ။ :D ဘာပဲဖြစ်ဖြစ် ခြေတံသွယ်သွားရင် ခြေတံရှည်သလိုလိုတော့ ဖြစ်သွားမှာမို့ Fighting !!!
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )