22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, December 21, 2011

ရာသီပန်းလေး မလန်းရင်

 
ရာသီစက်ဝန်း
          ဦးနှောက်နဲ့ အမျိုးသမီးမျိုးပွားအင်္ဂါအဖွဲ့အစည်းရဲ့ ထိန်းချုပ်မှုအောက်မှာ ဟော်မုန်းတွေကတဆင့် သားအိမ်ဟာကိုယ်ဝန်ဆောင်ဖို့ အဆင်သင့်ဖြစ်နေအောင် လစဉ် ပြင်ဆင်ထားရပါတယ်။ ဒါပေမယ့် အချိန်တန်လို့မှ ကိုယ်ဝန်မရှိခဲ့ရင်တော့ ဟော်မုန်းပမာဏတွေ ကျဆင်းပြီး ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်ထားတဲ့ သားအိမ်ရဲ့ အတွင်းနံရံတွေ ပြိုကျလာတာကို ရာသီသွေးပေါ်ခြင်းလို့ခေါ်ပါတယ်။ ရာသီသွေးပေါ်ပြီးတဲ့အခါမှာ သားအိမ်ဟာ ကိုယ်ဝန်ဆောင်ဖို့အတွက် နောက်တစ်ကြိမ်ပြင်ဆင်ရပါတော့တယ်။ ဒီလိုနဲ့ တစ်လတစ်ခါရာသီစက်ဝန်းက လည်ပတ်နေပါတော့တယ်။

ရာသီထိန်ခြင်း
  • ရာသီလာရမယ့်အချိန်မှာမလာရင် ရာသီထိန်တယ်လို့ပြောကြပါတယ်။
  • ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေနဲ့ သွေးဆုံးပြီးသူတွေကလွဲလို့ ရာသီပေါ်ရမယ့်အချိန်မှာ မပေါ်ခဲ့ရင်တော့ ပြသနာတစ်ခုခု ရှိနေပါပြီ။
  • အဓိကအဖြစ်များတဲ့ အကြောင်းကတော့ မဟော်မုန်းပမာဏ မမှန်လို့ပါပဲ။
  • အမျိုးသမီးတွေရဲ့ဟော်မုန်းဖြစ်တဲ့ Oestrogen နဲ့ Progestrone တွေရဲ့ ပမာဏဟာ အောက်ဖော်ပြပါ အကြောင်းအမျိုးမျိုးကြောင့် ပုံမမှန်ဖြစ်နိုင်ပါတယ်။
- ကိုယ်အလေးချိန်အလွန်ကျခြင်း ဥပမာ - ၀ိတ်လျော့ခြင်း
- ကိုယ်အလေးချိန်တိုးလာခြင်း
- စိတ်ဖိစီးမှုများခြင်း
- အစားအသောက်ပျက်/လျှော့စားခြင်း
- ကိုယ်လက်လှုပ်ရှားမှုများခြင်း ဥပမာ - လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်း
- ရောဂါတစ်ချို့
- ဆေးတစ်ချို့
  • သွေးအားနည်းခြင်းကြောင့် ရာသီထိန်ခြင်းဟာလည်း အဖြစ်များပါတယ်။
  • မမျိုးပွားအင်္ဂါအဖွဲ့အစည်းမှာ ပြသနာရှိနေရင်လည်း ရာသီထိန်တတ်ပါတယ်။

ဘယ်လိုကုသရမလဲ
  • သင်ဟာ ဟော်မုန်းပမာဏကို ထိခိုက်စေနိုင်တဲ့ ဘယ်အချက်နဲ့ ကိုက်ညီနေလဲ စဉ်းစားကြည့်ပါ။
  • ဥပမာ- သင်ဟာ ကိုယ်အလေးချိန်လျှော့ချင်လို့အစားလျော့စားပြီး လေ့ကျင့်ခန်းအလွန်အကျွံလုပ်နေတဲ့သူလား။ ဒါဆိုရင် ကိုယ့်ကိုယ်ကိုထိန်းဖို့ လိုပါပြီ။ ဘယ်အရာမဆို တန်ဆေးလွန်ဘေးမို့ မျှတတဲ့အစားအသောက်ပုံစံကို ပြောင်းသင့်ပါတယ်။ လေ့ကျင့်ခန်းကိုလည်း သင့်တော်တဲ့ အတိုင်းအတာတစ်ခုထိသာ လုပ်သင့်ပါတယ်။
  • ပြီးတော့..သင်ဟာဖြူဖတ်ဖြူရော်ဖြစ်နေပြီး ခဏခဏမောတတ်လား။ ဒါဆိုရင်တော့ ရာသီမလာတဲ့ အကြောင်းရင်းက သွေးအားနည်းလို့ ဖြစ်ပါတယ်။ သံဓာတ်ပါတဲ့ အစားအစာများများစားပါ။ သံဓာတ်ပါဝင်သော အားဆေးသောက်ပါ။ အရမ်းဆိုးရင်တော့ ဆရာဝန်နဲ့ ပြသပါ။
  • တကယ်လို့ သင်ဟာ သင်ကိုယ်တိုင်ပြုပြင်လို့ရနိုင်မယ့် အထက်ပါအချက်တွေနဲ့ ကိုက်ညီမှုမရှိဘူးဆိုလျှင်တော့ ဆရာဝန်နှင့်ပြသပြီး လိုအပ်သောကုသမှုကို ခံယူရမှာဖြစ်ပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )