Healthcare
လူတိုင်းမှာ အကျင့်တစ်မျိုး စီရှိကြ ပါတယ်။ အဲဒီအကျင့်က ကောင်းတာ လား၊ ဆိုးတာ လား ဆိုတာ ကိုသိရင် ဝေဖန် ပိုင်းခြား နားလည်နိုင်ရင် ကောင်းတဲ့ အကျင့်ဆိုရင် ဆက်လက်ကျင့်သုံးပြီး မကောင်းတဲ့အကျင့်ဆိုရင် ဖျောက်ပစ်ရမှာ ပါ။
ကျွန်တော်တို့ကိုယ်ခန္ဓာမှာလည်း ပုံမှန် လည်ပတ်နေတာကို အကျင့်တစ်ခုခု လုပ် လိုက်ရင် လည်ပတ်နေတဲ့ ယန္တရားကြီက ဗြောင်းတိပြောင်းပြန်ဖြစ်သွားပါလေရော။ အဝင်ရှိရင် အထွက်ရှိရမည်။ လိုအပ်တဲ့ အာဟာရဓာတ်အတွက် စားပေးကြမယ်။ စားပြီးရင် မကောင်းတဲ့၊ စုပ်ယူလို့မရတဲ့ အရာတွေကို စွန့်ထုတ်ကြရပါတယ်။
စား တာ သေက်တာက ဘယ်နေရာမဆို ဝယ် လို့ရတယ်။ စားလို့ရတယ်။ လမ်းလျှောက် ရင်းဖြစ်ဖြစ်၊ ထိုင်၍ဖြစ်ဖြစ် စားနိုင်တယ်။ ထွက်တာကတော့ ထွက်ချင်တဲ့နေရာမှာ ထွက်လို့မရဘူး။ ထွက်ဖို့အတွက် အိမ်သာ ရှိရမယ်။ မြို့ပေါ်မှာက လမ်းဘေးအိမ်သာ က သိပ်မရှိလှ။ မိတ်ဆွေရှိမှဖြစ်မည်။
ဒါ တောင် ကိုယ်ရောက်နေတာက အရှေ့ အရပ်၊ အိမ်သာရှိတာက အနောက်အရပ် ဆိုရင် မခက်လား၊ ဒါ့အပြင် သွားရင်း လာရင်း ပြောဆိုနေရင်းက ရုတ်တရက် သွားချင်နေပြီဆိုချင်ခက်ပြီ။ မနည်းချုပ် တည်းရမည်။ အလုပ်အကိုင်လည်းပျက် သည်။ ဒါကြောင့် ဒီအထွက်အတွက် အကျင့်တစ်ခုရစေလိုခြင်းအလို့ငှာ အချိန် မှန်မှန် ဝမ်းသွားနိုင်ရေးအတွက် လေ့ကျင့် ခန်းတစ်ခု တင်ပြလိုပါတယ်။
နံနက်စောစော ခါတိုင်းအချိန်ထက် ၁ နာရီစောစောထပါ။ ရေအဝသောက်ပါ။ စိတ်ထဲတွင် မှတ်ရန်မှာ ငါ ဝမ်းသွားတော့ မယ်၊ ဝမ်းသွားတော့မယ်လို့မှတ်ပါ။ အိမ် သာထဲဝင်၍ ထိုင်ပြီးညှစ်ကြည့်ပါ။ ပြန်ထ ပြီး အနီးပတ်လည်တွင် လမ်းဖြည်းဖြည်း လျှောက်ပြီး ခုနကတင်ပြသလို စိတ်ထဲ မှတ်ထားပြီး ပြန်ထိုင်ကြည့်ပါ။ မရခဲ့ရင် စိတ်မလျော့ပါနဲ့။ နေ့ခင်းညနေ သွားချင် ရင် ချုပ်တီးထားပါ။ ပလက်လှန်၍နားပါ။
နောက်တစ်နေ့ထပ်၍ ယခင်နည်းအတိုင်း ထပ်လုပ်ပါ။ နည်းနည်းထွက်လည်း မစိုး ရိမ်ပါနဲ့။ ဒီလိုနဲ့ နောက်ရက်တွေကျရင် သတ်မှတ်ချိန်အတွင်း ဝမ်းကိစ္စ အထမြောက်ပါလိမ့်မည်။ တစ်ခုရှိတာက သတ်မှတ်ထားတဲ့သွားချိန်ရောက်လို့ သင် က အကျင့်ဖောက်လိုက်ရင် သင့်ရဲ့ ဝမ်းသွားချိန် ဂယောက်ဂယက်ဖြစ်ပြီ။ အဲဒီ အခါကျရင် ပြန်၍လေ့ကျင့်ယူလျှင် ရနိုင် ပါလိမ့်မည်။ တချို့တွေက ၂ ရက်တစ်ခါ တစ် ပတ်တစ်ခါ သွားတတ်ကြသည်။ မကောင်း ပါ။
ဝင်တာက အကြိမ်အရေအတွက် မှား ပြီး ထွက်တဲ့အခါကျတော့ ကပ်စေးနည်း သလိုဖြစ်မနေဘူးလား။ ဝမ်းချုပ်တော့ လေလည်တာတောင် နံသေး၊ ဝက်ခြံတွေ လည်း ထွက်တတ်သေး။ အဲဒါကြောင့် ဘာကြောင့် ဝမ်းချုပ်ကြသလဲဆိုတာ တင်ပြလိုပါတယ်။
ဝမ်းချုပ်တယ်ဆိုတာ ဘယ်လို အဓိပ္ပာယ်သတ်မှတ်ပါသလဲ။
ဝမ်းမာမာသွားပါမယ်။ ညှစ်ရမယ်၊ စွန့်ရမယ်။ စွန့်ထုတ်ရတာ အားမရ ဖြစ်မယ်။ စအိုပတ်လည်နှင့် ဝမ်းဗိုက်တွင် မအီမသာဖြစ်မယ်။ ပုံမှန်မသွားဘူးဆိုရင် ဒါကို ဝမ်းချုပ်တယ်လို့ ပြောလို့ရပါတယ်။
ဘယ်လိုအခြေအနေဆိုရင် သတိ ထားရပါသလဲ။
စတင်ဖြစ်ပေါ်လာပုံ၊ အချိန်ကာလ ချုပ်ပုံချုပ်နည်း စတာတွေဟာ အရေးကြီး ပါတယ်။ မွေးကင်းစအရွယ် ဝမ်းချုပ်တယ် ဆိုရင် Hirschsprung ရောဂါကို စဉ်းစား ရသလို လူလတ်ပိုင်း ရုတ်တရက် ဝမ်း သွားတဲ့ပုံစံပြောင်းရင် အူမကြီးကင်ဆာကို ထည့်သွင်းစဉ်းစားရပါမယ်။ စအိုကနေ သွေးတွေယိုမယ်၊ နာကျင်မယ်၊ ကိုယ် အလေးချိန်ကျမယ်၊ ဒါတွေကလည်း အရေးကြီးပါတယ်။
ဝမ်းချုပ်ရတဲ့အကြောင်းရင်းကို သလိုပါတယ်။
ဝမ်းချုပ်ရတဲ့အကြောင်းတွေက တော့ ၁။ အစားအသောက်- အသီးအရွက် စားတာ နည်းမယ်၊ ရေသောက်တာ နည်း မယ်ဆိုရင် ဝမ်းချုပ်တတ်ပါတယ်။ ၂။ အူလမ်းကြောင်းရောဂါ- အူမကြီး ကင်ဆာ၊ အူကျဉ်းခြင်း၊ ငယ်စဉ်က ဝမ်း သွားမှုကို မလေ့ကျင့်ခဲ့ခြင်း၊ Hirschsprung ရောဂါ ၃။ မစင်အိမ်နှင့် စအိုရောဂါ- စအို ကွဲနာ၊ လိပ်ခေါင်း၊ Crohn ရောဂါ ၄။ ဆေးဝါး- မူးယစ်ဆေးဝါး၊ ကယ်လ်ဆီယမ်ဆန့်ကျင်ဆေး၊ သံဓာတ် များခြင်း၊ အလူမီနီယမ်ဓာတ်ပါသော လေ ဆေး သောက်ထားခြင်း ၅။ ဆီးချိုရောဂါ၊ ကယ်လ်ဆီယမ် ဓာတ်သွေးထဲများနေခြင်း၊ ကိုယ်ဝန်၊ လည်ပင်းအကျိတ်အလုပ်မလုပ်သောရောဂါ ဖြစ်နေခြင်း ၆။ အာရုံကြောရောဂါ- အာရုံကြောမ ထိခိုက်ခြင်း၊ ဦးနှောက်သွေးကြောပေါက် ခြင်း၊ ပါကင်စင်ရောဂါ၊ ခန္ဓာကိုယ်မလှုပ် ရှားနိုင်ခြင်း။
ဝမ်းချုပ်တာကို ဆေးခန်းမှာ သွား ရောက်ပြသင့်ပါသလား။
ဝမ်းချုပ်တာဟာ တွေ့နေကြ ခံစား မှုတစ်ခုဖြစ်တဲ့အတွက် လူတိုင်း ဆေးခန်း သွားပြဖို့မလိုပါဘူး။ အသီးအရွက်၊ အမျှင် ဓာတ်၊ လေဆေး၊ ဝမ်းပျော့ဆေးတွေ သောက်လိုက်ရုံနဲ့ ကောင်းသွားတတ်ပါ တယ်။ တစ်ခုသတိထားရမှာကတော့ ဝမ်း ချုပ်ခြင်းဟာ ရောဂါနဲ့ အခြားသော အခြေ အနေတွေကိုပါထည့်သွင်းစဉ်းစားထားဖို့ လိုပါတယ်။ ဝမ်းချုပ်လို့ပြသခဲ့ရင် အဆင့် ၃ ဆင့်ကို လုပ်ရပါမယ်။
၁။ စစပြခြင်း
- စအိုကို လက်ချောင်း ထည့်ပြီး စမ်းသပ်ခြင်း၊ စအိုထဲသို့ မှန် ပြောင်းထည့်ကြည့်ခြင်း၊ သွေးထဲတွင် ကယ်လ်ဆီယမ်ဓာတ်တိုင်းတာခြင်း၊ လည်ပင်းကျိတ်အလုပ်လုပ်မှုကို စစ်ဆေး ခြင်း၊ သွေးစစ်ခြင်းလုပ်လိုက်လို့ ကောင်း နေတယ်ဆိုရင် အမျှင်ဓာတ်စားခြင်းနှင့် ဝမ်းနှုတ်ဆေးတိုက်ခြင်းကို ၁ လလောက် လုပ်ခိုင်းကြည့်နိုင်ပါတယ်။
- စအိုကို လက်ချောင်း ထည့်ပြီး စမ်းသပ်ခြင်း၊ စအိုထဲသို့ မှန် ပြောင်းထည့်ကြည့်ခြင်း၊ သွေးထဲတွင် ကယ်လ်ဆီယမ်ဓာတ်တိုင်းတာခြင်း၊ လည်ပင်းကျိတ်အလုပ်လုပ်မှုကို စစ်ဆေး ခြင်း၊ သွေးစစ်ခြင်းလုပ်လိုက်လို့ ကောင်း နေတယ်ဆိုရင် အမျှင်ဓာတ်စားခြင်းနှင့် ဝမ်းနှုတ်ဆေးတိုက်ခြင်းကို ၁ လလောက် လုပ်ခိုင်းကြည့်နိုင်ပါတယ်။
၂။ နောက်တစ်ကြိမ်ပြသခြင်း- ပထမအဆင့်ပြပြီး ဝမ်းဆက်ချုပ်နေမယ် ဆိုရင် အူလမ်းကြောင်း ဆေးဓာတ်မှန် (Barium Enema) သို့မဟုတ် အူမကြီး မှန်ပြောင်းကြည့်ခြင်းဖြင့် ရောဂါရှိ/မရှိ ရှာဖွေပါတယ်။
၃။ နောက်ထပ်စစ်ဆေးခြင်း
- ဖြစ် ရတဲ့ အကြောင်းကို ရှာမတွေ့ဘဲ လက္ခဏာ ဆက်ပြနေရင် တခြားအူလှုပ် ရှားမှု မမှန်တာတွေကြောင့်လားဆိုတာ ဆက်လက်စစ်ဆေးဖို့လိုပါတယ်။
- ဖြစ် ရတဲ့ အကြောင်းကို ရှာမတွေ့ဘဲ လက္ခဏာ ဆက်ပြနေရင် တခြားအူလှုပ် ရှားမှု မမှန်တာတွေကြောင့်လားဆိုတာ ဆက်လက်စစ်ဆေးဖို့လိုပါတယ်။
ဝမ်းခဏခဏ ချုပ်တတ်ရင် ဝမ်း နှုတ်ဆေး ပုံမှန်သောက်သင့်ပါသလား။
ပုံမှန်မသောက်သင့်ပါ။ သူ့အလိုလို သွားနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ အဲဒီလိုပုံမှန်အချိန် သူ့အလိုလိုသွားရလေ အောင် အစာက တင်ပြခဲ့တဲ့လေ့ကျင့်ယူ နည်းအတိုင်း လုပ်ရပါမယ်။ ကျွန်တော် တို့ရဲ့ အူမကြီးက အစာဟောင်းတွေကို သိုလှောင်တာရယ်၊ အဲဒီထဲကမှ ရေဓာတ် တွေကို စုပ်ယူလိုက်တာကြောင့် အူသိမ် မှာတုန်းကရှိနေတဲ့အရည်အစကနေ အူမကြီးရောက်တော့ အစိုင်အခဲဘဝ ရောက်သွားရပါတယ်။ ရေဓာတ်ကို စုပ် ယူလိုက်တဲ့အတွက်ကြောင့် ခုလိုဖြစ်ရပါ တယ်။ ဝမ်းနှုတ်ဆေးတချို့က အူမကြီးမှ ရေဓာတ်စုပ်ယူမှုမဖြစ်အောင် ဟန့်တား လိုက်တဲ့အတွက် ပြင်ပကို စွန့်ထုတ်လိုက် တဲကအခါ အရည်ဖြစ်သွားရပါတယ်။ ဒါ ကြောင့် ဝမ်းနှုတ်ဆေးသောက်လိုက်ရင် “ချန်းပီး” ရခြင်းဖြစ်ပါတယ်။ ကာလဝမ်းရောဂါပိုးကလည်း ဒီ သဘောမျိုးလုပ်ဆောင်တဲ့အတွက် ဝမ်း အရည်ကျဲကျဲသွားရခြင်းဖြစ်ပါတယ်။
ဝမ်းနှုတ်ဆေးအမျိုးအစားတွေကို သိလိုပါတယ်။
အဓိက ၄ မျိုးရှိပါတယ်။ ၁။ အစိုင် အခဲပမာဏကြီးစေတဲ့ဆေး (အမျှင်ဓာတ် ပါတဲ့ အစားအစာတွေဖြစ်ပါတယ်။ ရေထဲ တွင် ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်က ပို ကောင်းပါတယ်။ ၄င်းတို့သည် မစင် ပမာဏများစေခြင်း၊ မစင်ရဲ့စေးပျစ်မှုကို နည်းစေပါတယ်။ ၄င်းဟာ သဘာဝတရား နဲ့ ပိုနီးစပ်ပါတယ်) ၂။ ရေဓာတ်များစေတဲ့ ဝမ်းနှုတ် ဆေး- အူမကြီးမှ ရေစုပ်ယူမှုနည်းစေခြင်း ဖြင့် ဝမ်းအရည်သွားစေပါတယ်။ (ဥပမာ- ဆားခါ) ခွဲစိတ်ခြင်း၊ မှန်ပြောင်းကြည့်ရန် အတွက် သုံးတတ်ပါသည်။ ၃။ ဝမ်းကိုပျော့စေသောဆေး- လိပ်ခေါင်း၊ စအိုကွဲနာတွင် ထိခိုက်မှု နည်းစေရန် သုံးကြသည်။ ၄။ အူလှုပ်ရှားမှုကို များစေသော ဆေး- အူလမ်းကြောင်း ပိတ်ဆို့ရော၈ါတွင် လုံးဝမသုံးရပါ။ ကိုယ်ဝန်ဆောင်များတွင် သုံးလျှင် သတိထားရပါမယ်။Bisacodyl, Glycerol, ပွေးကိုင်း Danthron, ကြက်ဆူဆီ စတာတွေဖြစ်ပါတယ်။
စအိုထဲကနေထည့်ပြီး ဝမ်းသွား အောင်လုပ်တာကို သိလိုပါတယ်။
စအိုထဲကို ဆပ်ပြာရည်ထည့်ခြင်း၊ Bisacodyl, Glycerin ထည့်ခြင်းဖြင့် ဝမ်း သွားခြင်းကိုတော့ မခွဲစိတ်မီ၊ ဓာတ်မှန် မရိုက်ခင်၊ မှန်ပြောင်းမကြည့်ခင်တွင် အတွင်းပိုင်း သန့်ရှင်းအောင်လုပ်ခြင်းဖြစ် ပါတယ်။
ပုံမှန်ဝမ်းသွားတာနဲ့ ဝမ်းနှုတ်ဆေး သောက်မှ သွားတာ ဘာကွာခြားပါ သလဲ။
ပုံမှန်သွားတာဟာ အူမကြီး (အစာ ဟောင်းအိမ်နဲ့ ကပ်လျက်)မှာရှိ အစိတ် အပိုင်းက မစင်ဘဲ သွားပြီး ဝမ်းနှုတ်ဆေး သောက်ရင် အူမကြီးတစ်ခုလုံးမှာရှိတဲ့ မစင်အကုန်သွားတာဖြစ်တော့ နောက် ရက်တွေ ဝမ်းပြန်ချုပ်တတ်ပါတယ်။ (အစာဟောင်း လက်ကျန်လုံးဝမရှိတော့ လို့) အဲဒါတွေကို စွဲစွဲမြဲမြဲသုံးရင် အကျင့် တစ်ခုလို ဖြစ်နိုင်သလို အူရဲ့အာရုံကြော ကို ထိခိုက်နိုင်သလို အူမကြီးအလုပ်မလုပ် တော့တဲ့အထိဖြစ်နိုင်ပါတယ်။ ဘာကြောင့် မှန်းမသိတဲ့ ဗိုက်နာခြင်း၊ အူရောင်ရောဂါ၊ အူပိတ်ခြင်းတွင် လုံးဝမသုံးရပါ
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com