22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, January 29, 2012

ဘုရားသခင်အတူပါရှိခြင်း

လိုအပ်သောအရာသည်ငွေပထမမဟုတ်။ ဘုရားသခင်အတူပါရှိခြင်းကိုသိခြင်းဖြစ်သည်။
လိုအပ်သောအရာသည်အခြားသောအရာများတစ်ခုမှမဟုတ်။ ဘုရားကိုနံပါတ်(၁)ထားပြီး အခြားသောအရာများကိုနောက်မှထားရမည်။
ဘုရားသခင်အကြံအစည်တော်သည်နားမလည်နိုင်သော်လည်းပြည့်စုံသည်။


ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူ
ဒါဝိဒ်သည်ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူ ဖြစ်သည်။
(တမန် ၁၃း၂၂)
ရှမွေလမတိုင်မီတရားသူကြီးများအုပ်စိုးသည်။
ရှမွေလပြီးနောက်ဘုရင်တောင်းသောအခါရှောလုသည်ဘုရင်ဖြစ်ပြီးအနှစ်(၄၀)အုပ်စိုးသည်။
ရှောလုကိုပယ်၍ စိတ်နှလုံးတော်နှင့်ညီညွတ်သောသူ၊ အလိုတော်နှင့်ပြည့်စုံစေမည့်သူဒါဝိဒ်ကိုငါတွေ့ပြီ ဟုဘုရားသခင်ပြောခဲ့သည်။
ဘုရားသခင်သည်စိတ်နှလုံးတော်နှင့်တွေ့သောသူကိုအမြဲရှာနေသည်။
ထို့ကြောင့်ဒါဝိဒ်ကိုဘုရားသခင်သည်အလွန်ကောင်းကြီးပေးတော်မူသည်။
(အာဗြဟံသည်ရောက်သည့်နေရာတိုင်းတွင်ယဇ်ပလ္လင်တည်တတ်သောသူဖြစ်သည်။ ထို့ကြောင့်ဘုရားသခင်ကသူ့အားအဆွေဟုခေါ်သည်။ထို့ကြောင့်ရောက်သည့်နေရာတိုင်းတွင် ဘုရားဝတ်ပြုစည်းဝေးရာကိုရှာတတ်သောသူဖြစ်ရမည်။)


အဘယ်ကြောင့်ဒါဝိဒ်သည်ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူဖြစ်ရသနည်း။
၁။ ဆာလံ ၁၃၂း၁-၁၀
“၁ အိုထာဝရဘုရား၊ ဒါဝိဒ်မင်းကို၎င်း၊ သူခံရသမျှသော ဆင်းရဲခြင်းကို၎င်း အောက်မေ့တော်မူပါ။
၂-၅ ထိုမင်းက၊ ယာကုပ် အမျိုးကိုးကွယ်သော တန်ခိုးရှင် ထာဝရဘုရား ကျိန်းဝပ်တော်မူရာ အရပ်ကို အကျွန်ုပ်သည် မတွေ့မှီ တိုင်အောင်၊ ကိုယ်နေရာအိမ်သို့မဝင်၊ ကိုယ်အိပ်ရာပေါ်သို့မတက်၊ ကိုယ်မျက်စိ အိပ်ရမည့်အခွင့်၊ မျက်ခမ်းမှိတ်ရမည့် အခွင့်ကို မပေးပါဟု၊ ယာကုပ်အမျိုး ကိုးကွယ်သော တန်ခိုးရှင်ထာဝရဘုရားထံ ကျိန်ဆို၍ အဓိဋ္ဌာန်ပြု၏။
တဲ တော်သည် ဧဖရိမ်ပြည်မှာ ရှိကြောင်းကို ငါတို့သည် ကြားရပြီ။ ယာရိမ်တော၌ တွေ့ကြပြီ။
ဘုံဗိမာန်တော်သို့ ဝင်၍၊ ခြေတော် တင်ရာ ခုံအောက်၌  ပြပ်ဝပ်ကိုးကွယ်ကြကုန်အံ့။
အိုထာဝရဘုရား၊ ကျိန်းဝပ်တော်မူရာသို့ ဘုန်းတော်နှင့် ယှဉ်သော ဓမ္မသေတ္တာနှင့်တကွ တက်တော်မူပါ။
ကိုယ်တော်၏ယဇ်ပုရောဟိတ်တို့သည် ဖြောင့်မတ် ခြင်းတန်ဆာကို ဆင်၍၊ ကိုယ်တော်၏ သန့်ရှင်းသူတို့သည် ရွှင်လန်းစွာ သီချင်းဆိုကြပါစေသော။
၁၀ ကိုယ်တော်၏ ကျွန်ဒါဝိဒ်မင်း၏ မျက်နှာကို ထောက်သဖြင့်၊ ကိုယ်တော်ထံ၌ ဘိသိက်ခံသော သူကို ငြင်းပယ်တော်မမူပါနှင့်။”


ပဋ္ဋိညာဉ်သေတ္တာတော်သည်ဘုရားသခင်အတူပါရှိခြင်း၊ အတူနေရခြင်းဖြစ်သည်။ ဒါဝိဒ်သည်ပဋ္ဋိညာဉ်သေတ္တာတော်အကြောင်းကိုကောင်းစွာသိသည်။
ပဋ္ဋိညာဉ်သေတ္တာတော်ရောက်သည့်နေရာတိုင်းတွင်စစ်အောင်နိုင်သည်။
ယခုထိုသေတ္တာတော်သည် ဧဖရိပ်တောင်၌ရောက်နေသည်။
ဘုရားသခင်နှင့်အတူနေရခြင်းအသက်တာကိုဒါဝိဒ်အလွန်တောင့်တသည်။ စွဲလမ်းနှစ်သက်သည်။
ဆာလံ ၁၃၂ တွင်ဒါဝိဒ်သည်ဘုရားသခင်သေတ္တာတော်၊ အတူပါရှိခြင်းကိုတမ်းတအောက်မေ့စွာဆုတောင်းခြင်းကိုဘုရားသခင်နှစ်သက်သည်။
ထို့ကြောင့်ငါ၏စိတ်တော်နှင့်တွေ့သောသူဟုပြောခဲ့သည်။


ပဋ္ဋိညာဉ်သေတ္တာ
မန္နမုန့်၊ အာရုန်၏လှံတံ၊ ပညတ်တော်(၁၀)ပါးရေးထားသောကျောက်ပြားသေတ္တာထဲတွင်ထည့်သည်။
ရွှေဖြင့်မွမ်းမံပြီးသေတ္တာပေါ်တွင်ခေရုဗိမ်(၂)ပါးထိုင်လျှက်ရှိသည်။ ယဇ်ပရောဟိတ်မင်းသည်တစ်နှစ်တစ်ခါသာဝင်ခွင့်ရသောဘုရားမျက်မှောက်တော်တည်ရာဖြစ်သည်။
ထို့ကြောင့်ဋ္ဋိညာဉ်သေတ္တာတော်ရှိလျှင်ဘုရားသခင်အတူပါရှိခြင်းဖြစ်သည်။


ပညတ်တော်(၁၀)ပါး
အဲဂုတ္တုထွက်ထွက်မြောက်ပြီးရက်ပေါင်း(၅၀)ပြည့်သောနေ့တွင်မောရှေအားဖြင့်သိနာတောင်တွင်
ဘုရားသခင်ပေးသည်။ မောရှေတောင်ပေါ်တွင်ရှိစဉ်ဣသရေလလူတို့သည်နွားသူငယ်ရုပ်ကိုထုလုပ် ကိုးကွယ်ခြင်းအားဖြင့်ပြစ်မှားကြသည်။ထိုအခါဘုရားသခင်သည်အမျက်ထွက်၍ထိုနေ့တွင်ပင် လူ(၃၀၀၀)သေသည်။
ခရစ်တော်အသေခံပြီးရက်ပေါင်း(၅၀)အကြာဝိညာဉ်တော်သွန်းလောင်းပြီးပေတရုတရားဟောခြင်းဖြင့်လူ(၃၀၀၀)ပြောင်းလဲလာသည်။
ပညတ်တရားသည်လူကိုသေစေပြီးကျေးဇူးဝိညာဉ်တော်တရားကအသက်ရှင်စေသည်။
ပဋ္ဋိညာဉ်သေတ္တာပေါ်တွင် ကရုဏာပလ္လင်(mercy seat)ရှိသည်။
ထို Mercy Seat သည်ခရစ်တော်ဖြစ်သည်။
မလိုက်နာနိုင်သောပညတ်တော်အပေါ်၌ခရစ်တော်တည်းဟူသောကျေးဇူးတော်ကဖုံးအုပ်ပေးထား
သည်။
ပညတ်တော်ကာလတွင်အပြစ်ရှိသော်လည်းသေစေ။
ကျေးဇူးတော်ကာလတွင်အပြစ်များသော်လည်းလွတ်စေဟုစီရင်သည်။
ကျေးဇူးတော်ကဖြောင့်မတ်ခြင်းကိုပေးသည်။
ဖြောင့်မတ်ခြင်းခြင်းဟုဆိုရာ၌အပြစ်တစ်ခါမှမလုပ်ဘူးသကဲ့သို့သတ်မှတ်ပေးခြင်းဖြစ်သည်။


အာရုန်၏တောင်ဝှေး(တော ၁၇း၈)
အစ္စရေးအမျိုးတို့၌ခေါင်းဆောင်တစ်ဦးစီရှိပြီးလူတို့သည်ခေါင်းဆောင်ကိုမလိုချင်သောကြောင့်အပြစ်တင်ကြသည်။ဘုရားသခင်ကခေါင်းဆောင်အလိုက်တောင်ဝှေးတစ်ချောင်းစီကိုယူစေပြီးသူ့ရှေ့တော်၌ထားစေ၏။ အာရုန်သည်လေ၀ိအမျိုးကိုယ်စားလှံတံကိုထားသည်။
နောက်နေ့တွင်အာရုန်လှံတံသည်အပွင့်ပွင့်လေသည်။
ရေ၊ မြေ၊ လေတို့နှင့်ဆက်ထားခြင်းမရှိဘဲအပွင့်ပွင့်စေသည်။
ဘုရားသခင် လုပ်နိုင်သည်။
ဘုရားသခင်ကသူရွေးကောက်သောခေါင်းဆောင်များကိုလူရှေ့တွင်အပွင့်ပွင့်ပြီးအသီးသီးစေသည်။
အသီးသည်လူတိုင်းစားစေဘို့ရန်ဖြစ်သည်။
ခေါင်းဆောင်မှုကိုမစတော်မူသောဘုရားဖြစ်သည်။
ခြေကုန်လက်ပန်းကျချိန်တွင်အပွင်ပွင့်စေသောဘုရားဖြစ်သည်။


မန္နမုန့်
ကောင်းကင်မှကျသောမုန့်ဖြစ်သည်။
မိမိလူတို့မစိုက်မပျိုးနိုင်သောအခါလုံလောက်သောအစာကိုကျွေးမွေးသည်။
ထိုမုန့်သည်မုန့်ဆီကြော်အရသာရှိသည်ဟုကျမ်းစာမှဖော်ပြသည်။
နေ့တိုင်းကောက်ပြီး ၆ ၇က်မြောက်နေ့တွင်နှစ်ရက်စာကောက်ရသည်။ (၇)ရက်မြောက်သောနေ့တွင်စားရန်ဖြစ်သည်။
ရ- ရက်မြောက်သောနေ့တွင်အလုပ်လုပ်ဘို့ရန်မဟုတ်။
အကောင်းဆုံးသောမုန့်ကိုကျွေးသည်။
ဘုရားသခင်သည်အသားကျွေးသောအခါအကောင်းဆုံးသောငုံးသားကိုကျွေးသောဘုရားဖြစ်သည်။
ဣသရေလလူတို့နေသောတဲမှတစ်ရက်ခရီးအထိငုံးများ ၂တောင်ထုရှိသည်။
အနည်းဆုံးကောက်သောသူ(၁၀)တောင်းကောက်နိုင်သည်။
အကောင်းဆုံးနှင့်ဝစွာကျွေးတော်မူသောဘုရားဟုသိစေသည်။


တဲတော်တွင်အခန်း(၃)ခန်းရှိသည်။
ပထမအခန်း-ရေအင်တုံ(အခြေလက်ဆေးရာနေရာ)
ဒုတိယအခန်း- ယဇ်ပလ္လင်(ယဇ်ကောင်ပူဇော်ရာနေရာ)
တတိယခန်း-သတ္တာတော်ရှိရာအခန်း(ဘုရားသခင်အသံတော်ကြားရာနေရာ)


ပထမနှင့်ဒုတိယခန်းသည်လူတိုင်းဝင်လို့ရသည်။
တတိယခန်းသည်လူတိုင်းဝင်လို့မရ။ ယဇ်ပရောဟိတ်မင်းကသာတစ်နှစ်တစ်ကြိမ်ဝင်ရသည်။


ကျွန်ုပ်တို့ဘုရားသခင်အားချီးမွမ်းကိုးကွယ်ခြင်းကိုပြုရာတွင် ပထမအခန်းကိုသာရောက်သောသူရှိ သည်။ ဘာမှန်မသိမခံစားဘဲချီးမွမ်းကိုးကွယ်ခြင်းပြီးသွားသည်။
ဒု တိယအခန်းကိုရောက်သောသူအမှန်ချီးမွမ်းပြီးစိတ်နှလုံးဖြင့်ချီးမွမ်းသူဖြစ်သည်။ မိမိအသက်တာကိုယဇ်ကောင်ကဲ့သို့ဘုရားအားပူဇော်နေသည်။ မျက်ရည်ကျလျှက်ဘုရားအားကျေးဇူးတင်စွာကိုးကွယ်နေတတ်သည်။
တတိယအခန်းသို့ရောက်သောသူသည် ဘုရားအသံကိုကြားရသောသူဖြစ်သည်။


ပထမအခန်း၌ခြေလက်ဆေးပြီးပြန်သောသူရှိသည်။
ဒုတိယအခန်းတွင်မိမိကိုယ်ကိုယ်ပူဇော်သည်ပြီးကိုးကွယ်နေသူလည်းရှိသည်။ သို့သော်ဘုရားအသံတော်ကြားသည်ထိမစောင့် (တတိယခန်းသို့မရောက်သေး)ဘဲပြီးသောသူလည်းရှိသည်။
ဘုရားသခင်သည်အမြဲတမ်းစကားပြောသောဘုရားဖြစ်သည်။
ဘုရားသခင်၏စကားတော်သည်ကျွန်ုပ်တို့အတွက်အရေးကြီးသည်။


သီချင်းများတွင်လည်းဘုရားသခင်ကိုတိုက်ရိုက်ဆိုသောသီချင်း၊ ကိုးကွယ်ခြင်းသီချင်းရှိသကဲ့သို့
လူတို့အား အားပေးသက်သေခံသောသီချင်း၊လူတို့အားခေါ်ဖိတ်သောသီချင်းများလည်းရှိသည်။


ချီးမွမ်းကိုးကွယ်ခြင်း၌ တတိယခန်းသို့ရောက်အောင်သွားဘို့အရေးကြီးသည်။
အတွင်းရှိရှိသမျှနှင့်ချီးမွမ်းရမည်။ အပေါ်ယံသီချင်းဆိုရမည်မဟုတ်။
ထိုကကြောင့်အစည်းအဝေးတစ်ခုတွင်အစမှီဘို့အရေးကြီးသည်။ချီးမွမ်းကိုးကွယ်ခြင်းပြီး(သို့)အလယ်တွင်ရောက်ရမည်မဟုတ်။
သူများ ဒုတိယခန်းရောက်ချိန်မှရောက်လျှင်သင်ကငြီးငွေ့နေမည်။ နားမလည်နိုင်ဖြစ်မည်။ ကြာလိုက်တာဟုသင်ယူဆမိလိမ့်မည်။ သူတစ်ပါးကိုအပြစ်တင်မည်။


ရှောလုသည်သေတ္တာတော်ဘယ်ရောက်ရောက်ဂရုမစိုက်။ သို့သော်ဒါဝိဒ်သည်အလွန်ဂရုစိုက်သည်။
ဘုရားသခင်၏အတူပါရှိခြင်းကိုသူအလွန်တောင့်တသည်။ မအိပ်မစားနိုင်လောက်အောင်သူတောင့်တသည်။
ထို့ကြောင့်သူ၏နှလုံးသားကိုဘုရားသခင်နှစ်သက်သည်။
အခြားသောဒါဝိဒ်၏အရည်အချင်းများကပထမမဟုတ်။
ဘုရားသခင်နှင့်အတူနေခြင်းကိုသူနှစ်သက်ခြင်းသည်ဘုရားသခင်၏နှလုံးတော်နှင့်တွေ့စေသည်။
ဘုရားသခင်အတူပါရှိသောအခါ အသံတော်ကိုကြားရသည်။


ဘုရားသခင်နှင့်အတူရှိခြင်းကိုတောင့်တာဆာငတ်သောဒါဝိဒ်အသက်တာကိုဘုရားနှစ်သက်သော
ကြောင်းထူးခြားစွာချီးမြှောက်ခဲ့သည်။
၁ချုပ် ၂၈း၎
“ဣသရေလအမျိုးဘုရားသခင်ထာဝရဘုရားသည်ငါ့အဆွေအမျိုးသားချင်းထဲကငါ့ကိုရွေးကောက်၍ဣသရေလရှင်ဘုရင်အ
ရာ၌အမြဲချီးမြှောက်တော်မူ၏။ ယုဒအမျိုးကိုရွေးကောက်၍အခြားသောအမျိုးတို့ကိုအုပ်စိုး၇သောအခွင့်ကိုပေးတော်မူ၏။ ယုဒအမျိုးတွင်ငါ့အဘ၏အိမ်ထောင်ကို၎င်း၊ငါ့အဘ၏သားတို့တွင်ငါ့ကို၎င်းနှစ်သက်၍ဣသရေလနိုင်ငံလုံးကိုစိုးစံရသော
အခွင့်ကိုပေးတော်မူ၏။”


ဆာလံ ၁၃၂ မှဆုတောင်းချက်သည်အနှစ်(၂၀)ကြာသောအခါဒါဝိဒ်အသက်တာ၌ပြည့်စုံလာသည်။
၂ဓမ္မ ၆း၁၁
သေတ္တာတော်သည်သြဗဒေဒုံအိမ်တွင်(၃)လကြာသောအခါသူသည်အလွန်ချမ်းသာလာသည်။
ထိုသေတ္တာတော်ကိုထိုအိမ်မှသယ်စဉ်(၆)လှမ်းလှမ်းတိုင်းပွဲတစ်ခါလုပ်သည်။(နွား၇ကောင်၊ သိုး၇ကောင်သတ်သည်) မဝေးလှသော်လည်း(၂)လခန့်ကြာသည်။
၆ရက်အလုပ်လုပ်ပြီး(၇)ရက်မြောက်သောနေ့၌ပွဲလုပ်ရသည်။(ချီးမွမ်းခြင်းပွဲလုပ်ရသည်)
(၆ရက်အလုပ်လုပ်ပြီး ၇ရက်မြောက်သောနေ့တွင်ချီးမွမ်းပွဲလုပ်ရန်ဘုရားကျောင်းသို့ သွားရမည် ဖြစ်ကြောင်းသိစေသည်)
ပဋ္ဋိညာဉ်သေတ္တာတော်မြို့တွင်းသို့ဝင်လာသောအခါဒါဝိးသည်ဝမ်းမြောက်လွန်းသောကြောင့်ဘုရင့်
ဝတ်လုံကိုချွတ်ပြီးကသည်။ ပိတ်သင်တိုင်းနှင့်ကသည်။
ဒါဝိဒ်မင်းကသောအခါဇနီးမိခေလက ကဲ့ရဲ့ပြစ်တင်သောစကားကိုပြောသည်။
ထို့ကြောင့်မိခေလသည်မြုံသောသူဖြစ်လာသည်။
ရှောလုသမီးဘက်၌ပါသောသူများဆုံးရှုံးမည်။(မချီးမွမ်းဘဲချီးမွမ်းခြင်းကိုပြစ်တင်သောသူများ)
ဒါဝိဒ်ဘက်၌ရှိသောသူသည်ကောင်းစားမည်။(စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းသောသူများ)


သင်ရောဘုရားသခင်အတူပါရှိခြင်းကိုနှစ်သက်ပါသလား။
တောင့်တပါသလား။
မျှော်လင့်ပါသလား။
ဆုတောင်းဘူးပါသလား။


ဘုရားအတူပါရှိခြင်းသည်အရာရာပြည့်စုံခြင်းဖြစ်သည်။
ငွေရဘို့ရန်ပထမမဟုတ်။
အောင်မြင်ခြင်းရဘို့ရန်လည်းအရင်မဖြစ်ရ။
ဘုရားသခင်အတူပါရှိခြင်းသည်သာလျှင်အရာရာအားလုံးပြည့်စုံရာဖြစ်သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )