22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, January 29, 2012

ဝက်သက်ပေါက်တာလည်းကြောက်စရာပါ

အခုနောက်ပိုင်း ဆယ်ကျော်သက်လူငယ်တစ်ချို့ ၀က်သက်ပေါက်လို့ ဆေးရုံရောက်လာတဲ့လူတွေ ရှိပါတယ်။
ဝက်သက်က ဆောင်းရာသီရယ်၊ ဆောင်းအကုန်နွေအကူးမှာ အဖြစ်များလေ့ရှိပါတယ်။ ၀က်သက်ကအဖျားဝင်ပြီး လက်တွေမျက်နှာတွေ မှာ အနီစက်ကလေးတွေ ပေါ်လာပါတယ်။ ငယ်တုန်းမှာ ၀က်သက်ပေါက်ရင် ဖျားရုံနဲ့ ပျောက်ပေမယ့် ကြီးမှဝက်သက်ပေါက်တဲ့အခါ အဆုတ်ရောင်၊ အစာအိမ်အူလမ်းကြောင်းရောင်တဲ့အထိ ဖြစ်စေပြီး အသက်အန္တရာယ် ဆိုးရိမ်ရတဲ့ အထိ ဖြစ်တတ်ပါတယ်။ကြီးမှဝက်ဝက်ပေါက်တာကတော့ အကြောင်းအရင်းက ပြောလို့မရပါဘူး။ လူတွေကအသက်ငယ်တုန်းမှ ၀က်သက်ကာကွယ်ဆေးထိုးထားလို့ ၀က်သက်ကမဖြစ်ပါဘူး။ ကြီးလာတဲ့အချိန်ကြတော့ ၀က်ဝက်ကာကွယ်ဆေးကပျက်ပြီလေ။ ၀က်သက်ကာကွယ်ဆေးက ၁၅နှစ် ၁၆ျနှစ်ထိဘဲခံပါတယ်။ ကာကွယ်ဆေးဓာတ်ကုန်ပြီးဝက်သက်တွေပေါက်လာကြပါတယ်။
ဝက်သက်ရောဂါဟာကူးစက်တတ်တဲ့အတွက် အထူးဂရုစိုက်သင့်ပါတယ်။ ၀က်သက်ဖြစ်လို့ နှာစေး၊ချောင်းဆိုး ဖြစ်လာရင်တော့အပြင်ကို မထွက်ဘဲနဲ့ အိမ်မှာဘဲနားနေသင့်ပါတယ်။ ၀က်သက်ကိုကိုယ့်သဘောနဲ့ကို မကုဘဲ နားလည်တတ်ကျွမ်းတဲ့ဆရာ ၀န်နဲ့ပြသပြီးမှကုသင့်ပါတယ်။
ဒီရာသီကအဖြစ်များတော့သူငယ်ချင်းများအားလုံး ဂရုစိုက်သင့်ပါတယ်လို့တိုက်တွန်းလိုက်ပါတယ်...................
ကာရံရဲ့ဆရာရဲ့တိုက်တွန်းချက်လေးဖြစ်ပါတယ်။ဆရာ့ကိုကျေးဇူးတင်လျှက်
ကာရံမြင့်မိုရ်........
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )