
လူတစ် ယောက်၏ စိတ်ထဲတွင် အဆိုပါ စိတ်ကူးမျိုးကို ပုံဖော်ပေးပြီး ၄င်းကို ယုံကြည်အောင် ပြုလုပ်နိုင်ပါက သူ၏ လုပ်ငန်းကို သူတို့အား ကြိုးကိုင်၍ လုပ်ဆောင် ခိုင်းပြီး ထိုသူ တို့သည် သူ၏ နိုင်ငံ ကျယ်ပြန့် ရေးကို ကူညီ လုပ်ဆောင် ကြတော့သည်။
သူ၏ အထိရောက်ဆုံး လက်နက်မှာ ကြောက်ရွံ့ခြင်း ဖြစ်သည်။ ကြောက်စိတ် ကြီးစိုးနေသူသည် အဖြစ်မှန်ကို မစစ်ဆေးဘဲ ကောလ ဟာလကို အလွယ်တကူ ယုံကြည်တတ်သည်။ သူ့ကို အသုံးချရ လွယ်ကူပြီး သူသည် လူအများစု ၏ ထင်မြင် ချက်ကို မဆန့်ကျင် ရဲပါချေ။ သူတို့သည် အထီးကျန်၍ စွန့်ပစ် ခံရမည်ကို ကြောက်ရွံ့ပြီး ချီးမွမ်း ခံရရေး အတွက် ဘာမဆို လုပ်ဆောင်မည့် သူများ ဖြစ်ကြသည်။ ကြောက်စိတ်ဖြင့် စေ့ဆော်ခံ ရသူများသည် အဆက် မပြတ် ညဉ်းဆဲ ခံနေရသူ ဖြစ်ကြသည်။
ကြောက်ရွံ့ ခြင်းသည် ယုံကြည်ခြင်းနှင့် ဆန့်ကျင်ဖက် ဖြစ်သည်။ ယုံကြည်ခြင်းသည် ဘုရားသခင်၏ တန်ခိုးတော်ကို ဖြေလွှတ်ပေး သလိုပင် ကြောက်ရွံ့ခြင်းက မာရ်နတ်၏ တန်ခိုးကို ဖြေလွှတ်ပြီး လူတို့၏ အသက်တာ၌ ပျက်စီးခြင်း ပြုလုပ်ရန် သူ့အား နေရာပေးနေသည်။ ကြောက်ရွံ့ခြင်းသည် “ဤလောက၏ စိတ်ဝိညာဉ်” ၏ အနှစ်သာရ ဖြစ်ပြီး လူတို့ကို ကြီးစိုးရန် မာရ်နတ် သုံးစွဲသော လက်နက် ဖြစ်သည်။ (ဟေဗြဲ ၂း၁၄-၁၅) ထို့ကြောင့်လည်း အပြင် လောကနှင့် ဘာသာရေး လောကတွင် ကြောက်ရွံ့ခြင်း များစွာရှိနေခြင်း ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်က ပြောသည့်အတိုင်း အုပ်ချုပ်ခြင်း မခံကြဘဲ သူတို့၏ ခေါင်းဆောင်များ ပြောသော အရာအတိုင်း အုပ်ချုပ်ခြင်းကို ခံကြသည်။ ၄င်းသည် အုပ်စုလိုက် နေသော စိတ်ထားဖြစ်ပြီး လူတို့သည် အစုအဝေးထဲ၌ ပုန်းနေ ကြသည်။ “ဘုရားသခင် ဘာပြောသလဲ” ဟု သူတို့ မမေးကြဘဲ “ကျွန်ုပ်၏ အိမ်နီးချင်း၊ ခေါင်းဆောင်များ (သို့) သတင်းစာက ဘာပြောသလဲ” ဟုသာ မေးကြသည်။
ခေတ်အဆက်ဆက်တွင် စာတန်သည် နှုတ်ကပတ် တော်ကို ဆန့်ကျင်ရန် အတွက် ကြောက်ရွံ့ခြင်းကို လက်နက် အဖြစ် အသုံးပြုသည်။
နှုတ်ကပတ်တော် အတိုင်း စိတ် အားလုံးကို အသစ် ပြုပြင်ခြင်း၊ ညှိယူခြင်း၊ မပြု လုပ်သော သူများသည် ကြောက်ရွံ့ခြင်း၊ ခြိမ်းခြောက်ခြင်း နှင့် မုသားတို့၏ လွှမ်းမိုးခြင်းကို ခံကြပြီး သူတို့ ကြားရသော အရာကို အတည်ပြုရင်း မေးခွန်း ထုတ်ရန် ဘယ်တော့မှ မဝံ့ရဲကြချေ။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအစား လူကို ကြောက်ရွံ့ခြင်းက အုပ်စိုးနေပြီး လူများစွာ တို့သည် ကြောက်စိတ်ကို ကြီးစိုးခွင့် ပေးသောကြောင့် ကောင်းချီး မင်္ဂလာများကို လက်လွှတ် ဆုံးရှုံးကြသည်။
ထိုအကြောင်း ကြောင့် ယနေ့တွင် ဘုရားသခင်၏ ဝိညာဉ်တော်သည် အခြားအရာများထက် ကြောက်ရွံ့ခြင်းကို ပြုပြင်ပေးနေသည်။ မိမိ သားသမီးတို့အား ကြောက်စိတ်ဖြင့် အုပ်စိုးစေရန် အလိုလားချေ။ ယုံကြည်ခြင်းဖြင့် အုပ်စိုး၍ စိတ်နှလုံးများကို အသစ် ပြုပြင် စေလိုသည်။ မှန်ကန်သော အချက် အလက်ကို ရရှိခြင်းဖြင့် မှန်ကန်သော ဆုံးဖြတ်ချက်ကို ချမှတ်နိုင်စေလိုပေသည်။
ဘုရားသခင်၏ ဝိညာဉ်တော်က ကျွန်ုပ်အား တစ်ကြိမ် မိန့်တော်မူသည်မှာ “ယုံကြည်သူ ကိုးဆယ် ရာခိုင်နှုန်းသည် ဘာမှ မမှားကြပါ။ သူတို့ ငါ့ကို ချစ်၍ နောက်တော်သို့ လိုက်လာကြသည်။ သူတို့ ရရှိသော သတင်း အချက် အလက် ကသာ မှားယွင်းနေသည်။”
မကြာခဏ ဆိုသလိုပင် ကျွန်ုပ် တို့သည် နှုတ်ကပတ် တော်ထက် လောက၏ စဉ်းစားပုံ အတိုင်း အစီအစဉ် ဆွဲခြင်း ခံကြသည်။ ထိုကြောင့်လည်း ကျွန်ုပ်တို့ သည် ဝိညာဉ်တော်အားဖြင့် လမ်းပြခြင်း ခံယူ၍ နှုတ်ကပတ် တော်၏ အုပ်စိုးခြင်းကို ခံယူမည့်အစား မယုံကြည်ခြင်း၊ သံသယ၊ ဝေဖန်မှုနှုင့် ကြောက်ရွံ့ခြင်းတို့၏ ဦးဆောင်ခြင်းကို ခံနေရကြသည်။
ထို့ကြောင့် ဝိညာဉ် တော်သည် နှုတ်ကပတ်တော်ကို ယခင်ကထက် ပိုမို အလေးပေးနေသည်။ သင့် ဝိညာဉ်အား အသစ် မွေးဖွား စေသော နှုတ်ကပတ် တော်သည် သင်၏ ကိုယ်ခန္ဓာ ကိုလည်း ကုသ ပေးနိုင်ပြီး စိတ် နှလုံးကို အသစ် ပြုပြင် ပေးနိုင်သည်။ ဘုရား သခင်သည် သူ၏ နှုတ်ကပတ် တော်အားဖြင့် သင်၏ စိတ်နှလုံးကို အစီအစဉ် ပြန်လည် ရေးဆွဲ ပေးလိုသည်။ သင်၏ စိတ်နှလုံးကို အသစ် ပြုပြင် ခြင်းအားဖြင့် ခရစ်တော်၏ စိတ် သဘောက သင်၏ စိတ် သဘော အပေါ် အုပ်စိုး သွားခြင်း ဖြစ်သည်။
မာရ်နတ်သည် ခရစ်ယာန်များကို သြဝါဒ ရိုက်သွင်း ကောင်းလှသဖြင့် ယုံကြည်သူ များအတွက် သဘာဝ ဖြစ်သင့်သော သဘာဝ ထက်လွန်ကဲသော အမှုများကို ထူးဆန်း၍ သဘာဝ မကျသော အရာဟု ယူဆစေပြီး အသစ် မပြုပြင် ရသေးသော စိတ်နှလုံးကို ကြောက်စိတ်နှင့် ပြည့်ဝ စေသည်။ မာရ်နတ်သည် ဤအမှုကို ပြုရာတွင် အောင်မြင် လှသဖြင့် ယုံကြည်သူ များစွာတို့သည် ဆုတောင်း ချိန်ယူခြင်း၊ နှုတ်ကပတ်တော် ထဲ၌ အသက်ရှင်ခြင်း၊ ဝိညာဉ်တော်က မိမိ ကိုယ်ကို ထင်ရှား ပြသခြင်းများကို တွေ့မြင်ရန် သက်တောင့် သက်တာ မခံစားကြဘဲ သူတို့၏ ဝါသနာ များနှင့် လှုပ်ရှားမှုများ၊ စာဖတ်ခြင်းနှင့် ရုပ်မြင် သံကြား ကြည့်ခြင်း တို့ကိုပို၍ သက်တောင့် သက်တာ ခံစား ကြတော့သည်။
လူအချို့ တို့သည် နှုတ်ကပတ် တော်က သူတို့ကို ထိပ်တိုက် ရင်ဆိုင်ပြီး သူတို့ အသက်တာသည် ကျမ်းစာက ပြောသည့် အနေ အထားနှင့် လွန်စွာ ကွာဝေး နေကြောင်း တွေ့ရှိ ရသောအခါ ဇာတိစိတ်နှင့် တုန့်ပြန် ကြသည်ကို အံ့သြ စရာ မရှိပါချေ။ အသစ် မပြုပြင် ရသေးသော စိတ်က “ဒီလောက် မရိုးစင်း နိုင်ပါဘူး။ ငါ့ဖာသာ တစ်ခုခု လုပ်ရမယ် မဟုတ်လား။ ယုံကြည်ရုံ သက်သက် ကလေးတော့ မဖြစ်နိုင်ဘူး။ ဒါကို ငါနားမလည်နိုင်ဘူး။ ဒါကြောင့် ငါမယုံဘူး။” ဟုပြောတတ်သည်။ ဤသို့်ဖြင့် နှုတ်ခပတ်တော်၏ အပြင်ဘက်သို့ ရောက်ရှိသွားပြီး ကြောက်စိတ်များနှင့်သာ လုံးပန်း အသက်ရှင်ကြတော့သည်။ ထို့ကြောင့် ဘုရားသင်၏ အကြံ အစည်တော် ၏ အပြင်ဘက်သို့ ရောက်ရှိသွားပါတော့သည်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com