22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, January 15, 2012

သံပရာရည်၏ ကျန်းမာရေးအကျိုးကျေးဇူး

သံပရာရည်မှာ ဗီတာမင်စီနဲ့ အင်တီအောက်ဆီးဒင့်တွေ အကောင်းဆုံးပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖ၇ီး၇ယ်ဒီကယ်တွေကို ဖယ်ရှားပေးကာ ခုခံအားစနစ်ကို ကောင်းမွန်စေပါတယ်။
 သံပရာ၇ည်ဟာ ပိုးဝင်ကူးစက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးပြီး ဓာတ်မတည့်မှုကို လျော့ကျစေပါတယ်။ ပိုးသတ်ပေးနိုင်တဲ့ အာနိသင်၇ှိတာကြောင့် အနာကျက်မြန်စေပါတယ်။ လည်ချောင်းနာတာ ၊ အာသီးေ၇ာင်တာတွေကို သက်သာစေပါတယ်။
 သံပရာ၇ည်ဟာ အစာခြေစနစ်ကို ကျန်းမာေ၇းကောင်းစေပြီး ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို အားပေးကာ ၀မ်းချုပ်တာ ၊ အစာမကြေတာ ၊ပျို့ချင် အန်ချင်ဖြစ်တာ ၊ ၇င်ပူတာစတဲ့ အစာခြေစနစ် ပြဿနာကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
 သံပရာရည်ဟာ ခန္ဓာကိုယ်တွင်းစနစ်တွေကို သန့်စင်ပေးပြီး အဆိပ်တွေကို ပြေစေပါတယ်။
 သံပရာရည်ဟာ ဆီးသွားစေတဲ့ အာနိသင်ရှိတာကြောင့် ဆီးလမ်းကြောင်းပိုးဝင်နေသူတွေအတွက် အကျိုးကျေးဇူးရှိပါတယ်။
 သံပရာရည်ကို နေ့စဉ်သောက်ပေး၇င် အ၀လွန်တာနဲ့ ဗိုက်အဆီကို လျော့စေပါတယ်။
 သံပရာရည်ဟာ အသားအရေနဲ့ ဆံပင်သားကျန်းမာရေးအတွက် အရေးပါတဲ့ အိမ်သုံးဆေးပါ။ သံပရာရည် ကို ပုံမှန်သောက်တာက အရေပြားကို ကြည်လင်အောင်ပြုပြင်ပေးပြီး အသားအရေကို ၀င်းပသန့်စင်စေပါတယ်။ သံပရာရည်ကို မျက်နှာပေါ်မှာ လိမ်းပေးရင် နေလောင်ဒဏ်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သံပရာရည်ကို ခေါင်းမလျှော်ခင် ဆံပင်ပေါ်လိမ်းပေးပြီး ရေနဲ့ ဆေးချပေးရင် သန့်စင်တောက်ပစေပါတယ်။
 ဆောင်းရာသီမှာ နူတ်ခမ်းကွဲနေပါစေ နူတ်ခမ်းသားပေါ် သံပရာရည်နဲ့ ဂလစ်ဆရင် အလှဆီကို ရောမွှေပြီး
လိမ်းပေး၇င် အနာကျက်စေနိုင်ပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )