22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, January 15, 2012

တမန်တော် ဗာသောလမဲ၏ နောက်ဆုံးနေ့ရက်များ (အေဒီ ၇၀)

ခသ-၇၀ ခန့်၌ အာမေးနီးယားပြည်တွင် ဗာသောလမဲအား
ခေါင်းဖြတ် အသေသတ်ပုံ
         သောလမဲ၏သား ဗာသောလမဲသည် အခြား တမန်တော်များ ကဲ့သို့ ဂါလိလဲပြည်သားဖြစ်သည်။ အချို့က ဆီးရီးယား ဘုရင်၏ တူတော်သူ ဖြစ်သည်ဟု ဆိုကြပါသော်လည်း Theodoretus ကမူ တံငါသည်ဖြစ်သည်ဆို၏။
        တပည့်တော်အနေဖြင့် ခေါ်တော်မူခြင်းမှအပ ဤပုဂ္ဂိုလ်၏အကြောင်း ကျမ်းစာတွင် အနည်းငယ်သာတွေ့ရသည်။ ခရစ်တော် ရှင်ပြန်ထမြောက်ပြီး အချိန်၌သာ သူသည်တမန်တော်ဖြစ်ကြောင်း အတည်ပြုနိုင်သည်။ အခြားတမန်တော်များကဲ့သို့ ၀ိညာဉ်တော်ကို ရရှိခဲ့သူဖြစ်သည်(မ ၁၀း၃၊ မာ ၃း၁၈၊ လု ၆း၁၄၊ တ ၂း၁-၅)။ တမန်တော်များ နေရာအနှံ့ ကွဲကွာခဲ့ကြသောအချိန်တွင် လိခေါနီးယား ထိုမှတဆင့် အဆီးရီးယားနှင့် အာရှပြည်အထက်ပိုင်း၊ ၄င်းနောက် အိန္ဒိပြည်သို့တိုင်အောင် သတင်းကောင်းကို ဟောကြားခဲ့သည်။ အလက်ဇန္ဒြား၏ ဆရာရင်း Panteus ဆိုသူသည် နောင် အနှစ်တစ်ရာ ခန့်၌ ထိုနေရာသို့ ရောက်ခဲ့ရာ၊ ဗာသောလမဲက ယူဆောင်ခဲ့သော မဿဲ ခရစ်ဝင်ကျမ်းကို တွေ့ခဲ့သည်။ ၄င်းကို အရယူကာ အိန္ဒိယလူမျိုးတို့အား ဒေသခံစကားဖြင့် ပို့ချခဲ့သည်။
        နောက်ဆုံးအနေဖြင့် ဗာသောလမဲသည် အာမေးနီးယားပြည်ကြီးအတွင်းရှိ ပိုလေနိုပြည်နယ် အယ်ဘေးနားမြို့၌ ရှင်ဘုရင် Astyages ၏ ညီတော်နှင့် ဇနီးသည်၊သားနှစ်ယောက်နှင့် သမီးတစ်ယောက်တို့ကို ခရစ်ယာန်ဖြစ်စေခဲ့သည်။ ၄င်းပြင် ထိုတိုင်းပြည် အတွင်းရှိ မြို့ကြီး တစ်ဆယ်နှစ် မြို့အား ရုပ်တု ကိုးကွယ်ခြင်းမှ ကယ်နှုတ်၍ ခရစ်တော် အကြောင်းကို ပျံ့နှံ့စေခဲ့သည်ဟု အချို့ကဆို၏။ ထိုအခါ ရုပ်တုယဇ်ပုရောဟိတ်မင်းသည် အမျက်ဒေါသထွက်ကာ ဗာသောလမဲအား ဖမ်းချုပ်ရန် ရှင်ဘုရင်ကိုအကြံပြု၏။ ရှင်ဘုရင်က လည်း ဗာသောလမဲကို ခေါ်ပြီး၊ မိမိညီတော်အား လမ်းလွဲစေလျက် ရုပ်တုကိုးကွယ်ခြင်းကို အားနည်းစေ သောကြောင့်၊ ခရစ်တော် အကြောင်းကို မဟောဘဲ ရုပ်တုကို ယဇ်မပူဇော်လျှင် အသေသတ်မည်ဟု ခြိမ်းခြောက်၏။
         ဗာသောလမဲက ဘုရင်၏ညီတော်အား လမ်းလွဲသို့ပို့ဆောင်ခြင်းမဟုတ်ဘဲ သမ္မာတရားလမ်းသို့ ခေါ်ဆောင်ပါကြောင်း၊ ဘုရား စစ်ဘုရားမှန် အကြောင်းကို ထိုနိုင်ငံ၌ ဟောပြောပါကြောင်း လိုအပ်ပါက မိမိအသွေးဖြင့် တံဆိပ်ခတ်လိုကြောင်း တင်ပြ၏။ ရှင်ဘုရင်၏ အမိန့်တော်အရ ဗာသောလမဲအား ပြင်းထန်စွာညှင်းဆဲခဲ့ကြသည်။ ထိုနောက်ကားတိုင်ပေါ် ဆွဲတင်ကာ အရှင်လတ်လတ် အရေခွံလှီးပြီး နောက်ဆုံးတွင် ရဲဒင်းဖြင့်ခေါင်းဖြတ်ခဲ့ကြ၏။ ထိုသို့ရက်စက်ခဲ့ပြသော်လည်း ဘ၀ခရီးအဆုံးတိုင်အောင် သူသည်မိမိသခင်ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း နေခဲ့ရှာသည်။
         အချို့၏ဖေါ်ပြချက်အရ သူသည်ကားတိုင်ပေါ်မှာ အရှင်လတ်လတ် အရေခွံလှီးခြင်း ခံရပါသော်လည်း၊ ထိုသို့ ပြုလုပ်ခြင်း ခံပြီးသည့် တိုင်အောင် သတင်းကောင်းကို ဟောကြားနေသဖြင့် ရဲဒင်းဖြင့်ခေါင်းဖြတ်ခြင်း ခံခဲ့ရသည်ဆို၏။        
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )