22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, January 15, 2012

ခွင့်လွှတ်တတ်ပါစေ.....

ကျွန်တော် တရားဟောဆရာမဟုတ်ပါဘူး ကျွန်တော်
သိရသလောက်ခံယူရသလောက်ကို သက်သေခံတာပါ
ကျွန်တော်ပြောင်းလဲတာလည်းမကြာသေးပါဘူး ကျွန်တော်
မယုံကြည်သူမိသားစုကနေ မွေးဖွား ပြီး 2009/ April / 4 /နေ့ရက်မှာပြောင်းလဲခဲ့တာပါ။
ခွင့်လွှတ်ခြင်းဆိုတာဟာ ပြောရင်အရမ်းလွယ်ပါတယ်
တကယ်တမ်းလက်တွ့ကျကျခွင့်လွတ်ဖို့ဆိုတာဟာ
အလွန်အင်မတန်ခဲရင်းလှပါတယ် လူတစ်ယောက်ဟာ
ကိုယ့်ပေါ်မှာ နာကြီးစေတတ်တဲ့အပြုမူ ကိုရဲ့အပေါ်ကို
ဘယ်လိုမှအကောင်းမမြင် ကိုယ်ဟာဘယ်လောက်ပဲသူ့
အပေါ်မှာသူ့ရဲ့လိုအင်ဆန္ဒတွေတစ်စွန်းတစ်ဆလေးမကျန်
အောင်လုပ်ဆောင်ပေးနေပါစေဒါပေမဲ့ အဲဒီသူဟာ ကိုယ့်အပေါ်မှာ
ဆိုးဆိုးရွားရွား ပြုမူလာခဲ့တဲ့အခါ ဒီလူရဲ့အပေါ်မှာ
ဘယ်လိုမှ ပြန်လည် သီးမခံနိုင်လောက်တဲ့ အခြေနေမျိုးတွေ့ကြုံရတတ်ပါ
တယ် တစ်ခါတစ်လေမှာ ကျွန်တော်တို့ကြုံရမှာပါ
ကိုယ့်ရဲ့သူငယ်ချင်းတွေ ကိုယ့်ရဲ့ အကိုတွေ အမတွေ အထိုက်မတန်ဒေါသဖြစ်မိတတ်ကြ
မှာပါကိုယ်က ဘယ်လောက်ပဲ သူတို့အပေါ်မှာကောင်းနေပါစေ
နောက်ဆုံးဘာပဲလုပ်ပေးရပါစေ မညည်းမညူ ပဲ ကြိုးစား လုပ်ပေးတယ် ကိုယ့်အမပဲ ဒါတော့
ကိုယ့်အကိုကြီးပဲ ဒါတော့ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးမို့ ဒါကတော့
ကိုယ့်၇ဲ့ကျေးဇူးရှင်မို့ လို့ ဒီလိုလေးတွေနဲ့အမျိုးမျိုးလေးတွေ ကိုယ်ကလိုက်ရော
တတ်တယ် ပဲထား ဒါပေမဲ့သူတို့တွေကိုယ့်ကိုနားလည်မပေးဘူး မ ကိုယ့်အပေါ်ကို
အကောင်းမမြင်ကြဘူး ကိုယ်ဟာ သူတို့အမြင်မှာ အမြဲတမ်း အရှုံချခံနေရတယ်ထား
အဲလိုအချိန်တွေမှာ နောက်ထပ်ဆိုတဲ့ခွင့်ခါဟာ သူတို့တွေအပေါ်မှာ ထားတတ်တဲ့ စေတနာတွေ
ခင်ဗျားတို့ကျွန်တော်တို့မှာ မရှိတတ်တော့တာ အမှန်ပါပဲစဉ်းစားရအောင်
မိတ်ဆွေ ဘ၀မှာ အကြောင်းအမျိုးမျိုးကြောင့် လူတစ်ယောက်ကို အပြစ်လေးတစ်လောက်တော့ချည်နှောင်ခဲ့ဘူးကြမှာပါ
မိတ်ဆွေပဲဖြစ်ဖြစ်ကျွန်တော်ပဲ ဖြစ်ဖြစ် လောက လူသားဖြစ်သောကြာင့် လူ့ဇာတိသဘောရ
ဒီအရာတွေ ကြုံရမှာပါပဲ က..ဲ့ဒီနေ့ဟာ နှစ်သစ်ထဲကတစ်ရက်ဖြစ်တဲ့အတွက်ကြောင့်
ကိုယ်ချည်နှောင်ခဲ့ သမျှတွေကို ခဏခြင်းမှာပဲ အပြစ်လွှတ်ကြရအောင်ဲခွင့်လွှတ်ကြရအောင်ကျွန်တော်တို့
တွေဟာလေ ဆုတောင်းရင် ဘုရားသခင်စီမှာ အပြစ်လွတ်ဖို့ ဆုတောင်းတတ်ကြတယ်ကိုယ့်ရဲ့
အပြစ်တွေလွှတ်ဖို့ ကိုယ်ပြုမူတဲ့ အမှားတွေ ဘုရား၇ားသခင်ခွင့်လွတ်ဖို့ ဆုတောင်းတတ်ကြပါတယ်
စဉ်စားကြည့်ပါမိတ်ဆွေ.........
ကျွန်တော်တို့ ကျမ်းစာ တစ်ပိုဒ်ကိုဖတ်ပြီးဆင်ခြင်ကြည့်ရအောင်
( ရှင်မဿဲ ၆း၁၂ ) သူတစ်ပါးသည်အကျွန်ုပ်တို့ကိုပြစ်မှားသော အပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့အကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ။
ဒီကျမ်းပိုဒ်လေးကလေး ရိုးရိုးရှင်းရှင်းလေးပါပဲ ကျွန်တော်တို့ အဲဒီကျမ်းပိုဒ်လေးကိုလေ 10 ခေါက်လောက်
ရွက်ကြည့်လိုက်ပါ မိတ်ဆွေ...တကယ်တော့ ကျွန်တော့်တို့ကို အရင်ဦးဆုံး သူတစ်ပါးရဲ့အပြစ်ကို လွှတ်ဖို့ သခင်ယေရှု
သွန်သင်ထားတာပါကဲ့ ...အပိုဒ်ငယ် ( ဿဲ ၆း၁၄-၁၅ ) ကို ဆက်ဖတ်ရအောင်
သင်တို့သည် သူတစ်ပါးတို့၏ အပြစ်ကိုလွှတ်လျှင် ကောင်းကင်းဘုံ၌ရှိတော် မူသောသင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။သင်တို့သည်သူတစ်ပါးတို့၏ အပြစ်ကိုမလွှတ်လျှင် သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မမူ။
ကျမ်းစာထဲမှာ သခင်ယေရှု ပြောထားသွန်သင်ထားတာရှင်းရှင်လေးပါ ကျွန်တော်တို့တွေလေ ကျမ်းစာကိုဖတ်ရအောင်
ကျမ်းစာကို တစ်နေ့မှာတစ်ပိုဒ်ပဲပြီဲးပီး ဖတ်ကြပါ ဒါမှကျွန်တော်တို့ဟာ ဘုရာသင်ရဲ့အလိုတော်ကိုသိကြမှာပါ ဘရားသခင်ရဲ့
အလိုတော်ကိုသိဖို့ ကျွန်တော်တို့ယုံကြည်သူများအနေနဲ့ နုတ်ကပါတ် တော် နဲ့ ပြည့်ဝနေဖို့လိုပါတယ် ဒါကြောင့်နှစ်သစ်မှာ
တစ်ယောက်နဲ့တစ်ယောက်အပြစ်လွှတ်တတ်ကြပြီး ဘုရားသခင်ရဲ့အလိုတော်ကို ဆောင်နိုင်ကြပါစေ လို့
ဆုတောင်းပေးလိုက်ပါတယ်

အားလုံးပဲဘုရားရှင်ကောင်းကြီးပေးပါစေ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )