22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, January 25, 2012

မတူညီကြပါ

ခရစ်ယာန်ဘာသာ၏ဘုရားသည် မွတ်ဆလင်တို့ကိုးကွယ်ယုံကြည်ရာ ဖန်ဆင်းရှင်ဘုရားနှင့် အတူတူ မဟုတ်ပါလား ?
လုံးဝမတူညီပါ၊ ကိုရမ်ကျမ်းတွင် အလ္လာသည် အပြစ်သားများ၊ မယုံကြည် သူများ၊ မာနထောင်လွှားသော သူများကို လုံးဝ မချစ်ကြောင်း အထပ်ထပ်အခါခါ ဖေါ်ပြထားပါသည်။ သမ္မာကျမ်းစာမှာတော့ ဘုရားသည် ချစ်ခြင်းမေတ္တာဖြစ်ပြီး လူသားများအပြစ်ရှိ စဉ်ပင် အသေခံကာအသက်ပေး ကယ်တင်သော ဘုရားဖြစ်၍ အဘယ်မျှလောက်လူသားများကိုချစ်ကြောင်း သွန်သင်ထားပါသည်။ (ရော ၅း၈) ထိုကျမ်းပိုဒ်သည် မိမိကိုယ်ကိုအပြစ်သားဟု ခံယူသူတို့အတွက် သတင်းကောင်းလည်း ဖြစ်ပါသည်။ ယေရှုကို ယုံကြည်ခြင်းအားဖြင့် အပြစ်ပြေလျက် အပြစ်သားမှ ဘုရားသား ဖြစ်လာပြီး ဘုရား၏အမွေခံရမည်ဟုလည်း ဂတိပေးထားပါသည်။ ထိုအခါ ဘုရားကို ခရစ်ယာန်များက အဖေ(အဗ္ဗအဖ) ဟုခေါ်ဆိုပြီး သားအဖတော်စပ်သူများအဖြစ် ရင်းနှီးစွာဘုရားနှင့် မိသဟာရ ဖွဲ့ကြပါသည်။ အစ္စလမ်ဘာသာ မှာတော့ ဘုရားနှင့် ထိုသို့ရင်းနှီးစွာ မိသဟာရဖွဲ့မှုမရှိဘဲ အလ္လာသည် လူသားများနှင့် ပါဝင်ရောယှက်မှု မရှိသည့် တရားသူကြီး အသွင် ဖြင့် တွေ့ရပါသည်။ အစေခံခြင်း၊ ပေးဆပ်ခြင်း၊ သစ္စာ စောင့်သိခြင်းအားဖြင့်သာ ဘုရားနှင့်ဆက်သွယ်ကြပါသည်။
သမ္မာကျမ်းစာတော်မြတ်တွင်ပါရှိသော ထာဝရဘုရားက ငါမှတစ်ပါး အခြားသောဘုရားမရှိဟု ပြတ်ပြတ် သားသားဆိုထား သည့်အတွက် အေဒီ၆၀ဝ ကျော်မှ ပေါ်ထွန်းလာသော အစ္စလမ်တို့၏ကိုရမ်ကျမ်းပါ အလ္လာ ဘုရားကို လုံးဝမရှိခဲ့သော ဘုရားအဖြစ် သမ္မာကျမ်းကို ယုံကြည်သူများက သတ်မှတ်ပါသည်။ (ဟေရှာ ၄၆း၉) ကိုရမ် ကျမ်း၏ စာပေအရေးအသားလှပမှုကိုအခြေခံ၍ ကျမ်း တစ်စောင်ဟု လူများ သတ်မှတ်သော်လည်း ထာဝရဘုရား၏ ဝိညာဉ်တော်မပါသောကျမ်းဟု ကျွန်ုပ်တို့က သတ်မှတ်ပါသည်။ အဘယ့် ကြောင့်ဆိုသော် ဘုရားသည် အပြစ်ရှိသူကိုမချစ်ခြင်း၊ သိပ္ပံနှင့်ကိုက်ညီမှုမရှိခြင်း (နေမင်းကြီးသည် ကမ္ဘာမြေကြီးထဲသို့ ဝင်သွားသညှ်ကမေ့ ၁၈း၈၆) ၊ နောက်တစ်ချက်အနေဖြင့် ထင်ရှားသောသမိုင်းမှန်ကန်မှုကိုငြင်းဆိုခြင်း (ယေရှု လက်ဝါးကပ်တိုင် တွင် အသေခံ ခြင်းကို ဆန့်ကျင်ထားသညှ်ကမေ့ ၄း၁၅၇ ) အစရှိသည်တို့ကြောင့် ထာဝရဘုရား၏ ဝိညာဉ်တော်မပါသောကျမ်းဟု သတ်မှတ်ခြင်း ဖြစ်ပါသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )