22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, February 14, 2012

ဦးနှောက်ရှိ အတွေးများကို စကားလုံးများအဖြစ်သို့ ပြောင်းနိုင်သော ကွန်ပျူတာ တီထွင်နိုင်တော့မည်

ဦးနှောက်၏ လုပ်ဆောင်ချက်များကို အနက်ဖော်ကာ စကားလုံးများအဖြစ် ပြောင်းပေးနိုင်မည့် ကွန်ပျူတာ ပရိုဂရမ်တစ်ခုကို အသုံးပြုလျက် လူတို့၏ စိတ်ကို ဖတ်ကြားနိုင်မည့် နည်းလမ်းအား ရှာဖွေတွေ့ရှိထားပြီ ဖြစ်ကြောင်း သိပ0x081ပံပညာရှင်များက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကြေညာခဲ့သည်။
လေဖြတ်ခြင်းကြောင့် လည်းကောင်း၊ ဦးနှောက်ပျက်စီးခြင်းဆိုင်ရာ ရောဂါများကြောင့် လည်းကောင်း၊ စကားမပြောနိုင်တော့သော လူနာများတွင် ယင်းကို အသုံးပြုနိုင်မည်ဟု ဆိုသည်။ ကယ်လီဖိုးနီးယား ဘာကလေတကကသိုလ်မှ အာရုံကြောဆိုင်ရာ သိပ်ပံပညာရှင်များသည် ဦးနှောက် ခွဲစိတ်ခံထားရသော လူနာများ၏ ဦးခေါင်းအတွင်း စကားပြောခြင်းနှင့် ရုပ်ပုံများကို ပုံဖော်ခြင်းဆိုင်ရာ ဦးနှောက်အစိတ်အပိုင်းကို ထိန်းချုပ်ရန် အီလက်ထရုဒ်များကို ထည့်သွင်းခဲ့သည်။ လူနာများအနေဖြင့် တစ်စုံတစ်ယောက် စကားပြောသည်ကို နားထောင်နေခိုက် ကွန်ပျူတာပရိုဂရမ်က ဦးနှောက်၏ အလုပ်လုပ်ပုံနှင့် သူတို့ကြားရသော စကားများကို ပြန်လည် ထုတ်လုပ်ပုံကို လေ့လာခဲ့သည်။ ယင်းကို အသုံးပြုကာ ဦးနှောက်၌ တွေးတောနေသည်များကို လည်းကောင်း၊ နောက်ထပ် ဘာပြန်ပြောမလဲ ဆိုသည်ကို လည်းကောင်း၊ ပုံဖော်နိုင်လိမ့်မည်ဟုလည်း ပညာရှင်တို့က ယုံကြည်ကြသည်။
သုတေသနပညာရှင်များသည် ဝက်ရူးပြန်ခြင်း သို့မဟုတ် ဦးနှောက်အကျိတ် ကုသရန်အတွက် ခွဲစိတ်ကုသမှုခံခဲ့ရသော လူပေါင်း ၁၅ ဦးတွင် စမ်းသပ် သုတေသနပြုခဲ့ပြီး ဖြစ်သည်။ ဦးနှောက် မျက်နှာပြင်ပေါ်သို့ အီလက်ထရုဒ်ပေါင်း ၂၅၆ ခုကို ထည့်သွင်းကာ နာမ်များ၊ ကြိယာများနှင့် အမည်နာမများ အပါအဝင် အခြားသူများ၏ ပြောစကားများကို နားထောင်စေလျက် လေ့လာခဲ့ကြခြင်း ဖြစ်သည်။
(DM, 1.2.12) NYM
http://www.yoyarlay.com/science-tech/science-tech/inventions/22707-...
မှတ်ချက်။ ။ ဒီတိုင်းသာဆိုရင် လူ့စိတ်ထဲမှာ ကြိုတင်ကြံစည်တာတွေလဲ သိနိုင်မှာပဲ....။ ဒါပေမဲ့ မိမိဘ၀ မနက်ဖန် ဘာဖြစ်မလဲဆိုကိုတော့ မသိနိုင်ပါဘူး။ မနက်ဖန် ကိုပိုင်တာ ဘုရားရှင်ပါ..(သု ၁၆း၂၊ သု၂၇း၁)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )