22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, February 14, 2012

ဥရောပတွင် အအေးဒဏ်ကြောင့် လူ ၁၆၄ ဦး သေဆုံး

ယူကရိန်းမှ အီတလီအထိ ဥရောပတစ်လွှား နေရာ အခိျု့တွင် အပူချိန် စံချိန်တင် ကျဆင်းမှုကြောင့် လူ ၁၆၄ ဦး သေဆုံးခဲ့သည်။ ဥရောပ အရှေ့ပိုင်းဒေသ များစွာတွင် ရွာလုံးကျွတ် အဆက်အသွယ် ပြတ်တောက်ပြီး လူထောင်ပေါင်း များစွာတို့ ပိတ်မိနေကြသည်။ တစ်ချိန်တည်းတွင် ဒေသအခိျု့၌ ကုန်းလမ်း၊ လေကြောင်းနှင့် မီးရထားလမ်းများ အဆက်အသွယ် ပြတ်တောက်ပြီး ဓာတ်ငွေ့သုံးစွဲမှု မြင့်တက်ခဲ့သည်။
ထောင်ပေါင်း များစွာသော လူများအေးခဲမှုဒဏ်မှ လွတ်မြောက် ရန် ခိုလှုံရေးစခန်းများသို့ ဦးတည် သွားခဲ့ကြသော ယူကရိန်းနိုင်ငံတွင် လူ ၆၃ ဦး သေဆုံးခဲ့ရာ အများစု သည် လမ်းမများပေါ်၌ သေဆုံးခဲ့ ခြင်းဖြစ်သည်။ ခန0x081ဓာကိုယ် အပူချိန် ကျဆင်းနေသည့် လူအခိျု့ကို နောက်ပိုင်းတွင် ဆေးရုံများ၌ ကုသပေးခဲ့သည်။ ပိုလန်နိုင်ငံတွင်အပူချိန် အနုတ် ၃၂ ဆဲစီးယပ်အထိ ကျ ဆင်းနေ သောကြောင့် လွန်ခဲ့သော အပတ်မှစ၍ လူ ၂၉ ဦး အအေးဒဏ် ကြောင့် သေဆုံးခဲ့သည်။ လန်ဒန် မိုးလေဝသဌာနက နေရာများစွာတွင် အပူချိန်ကျဆင်းမှု ဆက်လက် ဖြစ်ပေါ်နေမည်ဟု သတိပေးခဲ့သည်။
ဗြိတိန်နိုင်ငံ၏နေရာ ဒေသအများအပြားတွင် ဆီးနှင်း များ ဆက်လက်ကျဆင်းမည်ဟုမိုးလေဝသဌာနကကြေညာသည်။ ဒေသတွင်းရှိ အိုးမဲ့ အိမ်မဲ့များ အနေ ဖြင့် အလွန်အမင်း အန0x081တရာယ်ရှိ ကြောင်း နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ချုပ်နှင့် လခြမ်းနီ ကြက်ခြေနီ အသင်းများကသတိပေးခဲ့ကြသည်။ ကြက်ခြေနီအသင်းများသည် ပူနွေး သည့်အစားအစာများ၊ အနွေးထည် နှင့် စောင်များ ကူညီခဲ့ကြသည်။
ကြက်ခြေနီအဖွဲ့ချုပ်က ကယ်ဆယ် ရေးလုပ်ငန်းများအား ထည့်သွင်လုပ်ဆောင်ရန် 0x158င်း၏သဘာဝ ဘေး ကယ်ဆယ်ရေး အရေးပေါ် ရန်ပုံငွေမှ ယူရိုငွေ ၁ဝဝ,ဝဝဝ ကျော် ထုတ်ပေးမည်ဟု ကြေညာသည်။ ရိုမေးနီးယားနိုင်ငံတွင် အအေး ဒဏ်ကြောင့်လူ ၂၂ ဦး သေဆုံးပြီး အခိျု့ဒေသများ၌ စာသင်ကျောင်း များ ပိတ်ထားရသည်။
အီတလီ နိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်း တွင်အေးခဲပြီးဆီးနှင်းများကျဆင်း နေစဉ် သယ်ယူပို့ဆောင်မှုများကသောင်းကနင်း ဖြစ်နေသော ကြောင့် လူရာပေါင်း များစွာတို့သည် ရထားများအပေါ်၌ ပိတ်မိနေခဲ့ကြ သည်။ ပါရီမြို့တော်တွင် စစ်တပ်က အိုးမဲ့ အိမ်မဲ့များ အအေးဒဏ်မှ အကာအကွယ် ရရှိခိုလှုံရန် နေရာ ပေါင်း ၆ဝဝ သတ်မှတ်ပေးခဲ့ သည်။
မှတ်ချက်။ ။ ဆင်းရဲတဲ့နိုင်ငံ တွေမှာ ဒုက္ခရှိသလို ချမ်းသာတဲ့ နိုင်ငံတွေမှာလဲရှိတာပါပဲ...။ ဒီလောကထဲ မှာတော့ ပြည့်စုံတဲ့နေရာဆိုတာ မရှိပါဘူး။ ပြည့်စုံပြီးလုံခြုံတဲ့နေရာ ကတော့ ကောင်းကင်က အဖ ရဲ့အိမ်တော်ပါပဲ...။ (ယော ၁၄း၁-၆)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )