22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, February 6, 2012

ဘုရားမဲ့ ဝါဒများ အကြောင်း သိကောင်းစရာ

 

ယနေ့တွင် ယုံကြည်သူများ အတွက် အလွန်နားခါးသော စကားလုံးမှာ ဘုရားမရှိခြင်း၊ ဘုရားမဲ့ဝါဒ အစရှိသော စကားလုံးများပင် ဖြစ်ပါသည်။ ထိုဘုရားမဲ့ အယူဝါဒကို ကိုင်စွဲထားသူတို့သည် ကျွန်တော်တို့၏ ယုံကြည်ခြင်းကို ဆန့်ကျင် တိုက်ခိုက်ရန် (သို့) လှောင်ပြောင် ရယ်မောရန် စကားလုံးများဖြင့် ရန်စ ပြောဆိုလေ့ ရှိပါသည်။ ကျွန်တော်တို့ မဖြေနိုင်သော မေးခွန်းများဖြင့် ကျွန်တော်တို့ကို အနိုင်ယူလေ့ ရှိသည်။ ယုံကြည်ခြင်း အားကြီးသူ အတွက် ပြဿနာ မဟုတ်သော်လည်း ယုံကြည်သူ အသစ်များ၊ ယုံကြည်ခြင်း အားနည်း သောသူများ အတွက် ကြီးမားလှသော ပြဿနာ တစ်ခု အဖြစ် ရင်ဆိုင်နေရပါသည်။ ထို့ကြောင့် ကြိုတင်၍ သိသင့် သိထိုက်သော ဘုရားမဲ့ ဝါဒ အကြောင်းကို The Moody Handbook of Theology စာအုပ်မှ အနည်းငယ် ကောက်နှုတ် တင်ပြလို ပါသည်။


၁။ ဘုရားမဲ့ ယူဆချက် (Atheistic View)
ဂရိဘာသာစကားတွင် စကားလုံး တစ်လုံး၏ ရှေ့တွင် ဂရိစာလုံး α (Alpha) ကို ပေါင်းထည့်ခြင်းအားဖြင့် ထိုစကားလုံးသည် ဆန့်ကျင်ဘက် စကားလုံး အဖြစ် ပြောင်းလဲ သွားသည်။ ထိုကြောင့် Atheist ဟူသော ဝေါဟာရသည် ဂရိဘာသာ ဖြစ်သော ဘုရား (Theos) ကို ဆန့်ကျင်ဘက် စကားလုံး ပြုလုပ်ထား ခြင်း ဖြစ်သည်။ Atheistဟူသော စကားလုံး၏ အဓိပ္ပါယ်မှာ ဘုရားကို မယုံကြည်သူ ဟူ၍ အဓိပ္ပါယ် ရှိပါသည်။ ဧဖက် ၂း၁၂ တွင် ထို ဝေါဟာရကို (ဘုရားမဲ့ ဟု ဘာသာပြန်ထားသည်) ဘုရားသခင်အား မယုံကြည်သည့် တစ်ပါးအမျိုးသား များ၏ အခြေအနေကို ဖော်ပြရန် အသုံးပြုထားသည်။ ဘုရားမဲ့ ဝါဒီများကို (၃)မျိုး ခွဲခြားနိုင်ပါသည်။ ၄င်းတို့မှာ
(၁) လက်တွေ့ ဘုရားမဲ့ ဝါဒီ= ဘုရားမရှိသကဲ့သို့ နေထိုင် အသက်ရှင်သူ။
(၂) ကျင့်ရိုး ဘုရားမဲ့ ဝါဒီ= ဘုရားရှင်အား ငြင်းဆို ခုခံသူ။
(၃) ဘုရားမဲ့ နီးနီး ဝါဒီ= အသုံးအနှုံးအားဖြင့် ဘုရားရှင်အား ငြင်းဆန်သူ ဟူ၍ ခွဲခြားနိုင်ပါသည်။


၂။ သိရန် မဖြစ်နိုင်ဟူသော ယူဆချက် (Agnotic View)
"အသိပညာ" ဟု အဓိပ္ပါယ်ရသော ဂရိ ဘာသာ Gnosis ရှေ့တွင် a ထည့်ရာမှ Agnostic မှ ဆင်းသက် လာခြင်း ဖြစ်သည်။ ထို့ကြောင့် သိရန် မဖြစ်နိုင် ဟူသော ယူဆချက်ကို စွဲကိုင်သူသည် ဘုရားရှင် ရှိမရှိကို မသိနိုင်ပါ။ တန်ခိုးရှင်ပုဂ္ဂိုလ် (သို့) ဘုရားသခင် ရှိသည်ပင် ဆိုစေဦး၊ ထိုပုဂ္ဂိုလ်ကို ငါတို့ လုံးဝ မသိနိုင်ပါ" ဟု ယုံကြည် သောသူ ဖြစ်သည်။ ဤ ဝေါဟာရကို Thomas Huxley - သောမတ်စ် စပ်စ်လေ က စတင် သုံးစွဲလာခြင်း ဖြစ်၍ အပြစ်မြင် ဝေဖန် ဆန်းစစ်မှုများအတွက် သုံးစွဲခြင်း ဖြစ်သည်။ သိရန် မဖြစ်နိုင် ဟူသော ယူဆချက်ကို စွဲကိုင်သူများသည် လက်တွေ့ အကျိုးမျှော် ဝါဒီ (Pragmatism)ကို ယုံကြည်သူများ ဖြစ်ကြသည်။ ဆိုလိုသည်မှာ သူတို့သည် သိပ္ပံ ပညာရပ်ဖြင့် စမ်းသပ် သက်သေပြ၍ ရသော လက်တွေ့ အကျိုးကိုသာ လက်ခံကြလေ့ရှိရာ ဘုရားသခင်ကို သိပံ္ပပညာအရ လက်တွေ့ စမ်းသပ်၍ မရသောကြောင့် ဝေဖန် ပြောကြား နေရန်ပင်မလိုဟု လျစ်လျူရှုထားကြသည်။

၃။ ဆင့်ကဲ ဖြစ်စဉ် (Evolution)
ဆင့်ကဲ ဖြစ်စဉ် ဟူသည်မှာ အသက်နှင့် ၄င်း၏ မူလအစကို သဘာဝလွန် တရားမပါဝင်စေဘဲ ဖြစ်နိုင်ချေ ရှိသော အရာများဖြင့်သာ ရှာဖွေ သုံးသပ်သော နည်းလမ်းတစ်ရပ် ဖြစ်သည်။ ဤနည်းလမ်းသည် ဘုရားမရှိဟူသော သဘောတရားအပေါ်တွင် အခြေခံကာ ဘုရားရှင် မပါဝင်ဘဲ တည်ရှိမည့် ဘ၀ အသက်ရှင်မှုကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းသည့် နည်းလမ်း တစ်ရပ်ဖြစ်သည်။ အဓိက ထားသော အချက်မှာ အလွန်ပြင်းထန်သည်။ အကယ်၍ လူသားကို ဘုရားရှင် ဖန်ဆင်းသည် မှန်လျှင် လူသားသည် ဖန်ဆင်းရှင်အပေါ် ဝတ္တရား မကင်းသည့် ပုဂ္ဂိုလ် ဖြစ်သွားပေမည်။ သို့သော် လူသားသည် ဆင့်ကဲ ဖြစ်စဉ်အရ ဖြစ်တည်ခြင်း မှန်ပါက သူသည် သက်ရှိ သတ္တဝါ ရုပ်ဝတ္ထုသာ ဖြစ်၍ မည်သည့် ဘုရားထံတွင်မျှ အကျင့်တရားဖြင့် ပေးဆပ်စရာ၊ လုပ်ဆောင်စရာ မလိုအပ်တော့ချေ။

၎။ ဘုရား အများဝါဒ (Polytheism)
ဂရိဘာအားဖြင့် Poly "အများအပြား" နှင့် Theos "ဘုရား" ကို ပေါင်းစပ်ခြင်းအားဖြင့် Polytheism ဟူသော စကားလုံး ဖြစ်ပေါ်လာပါသည်။ ထို့ကြောင့် ဘုရားများစွာ ရှိသည် (သို့)ဘုရားများ ရှိသည်ဟူသော ယုံကြည်ခြင်းကို ဆိုလိုသည်။ သမိုင်းကြောင်းအရ နိုင်ငံများစွာနှင့် လူ့အသိုင်းအဝိုင်းများစွာတို့သည် ဤစနစ်ကို ကျင့်သုံးခဲ့ကြကြောင်း တွေ့ရသည်။ ရှေးခေတ် ရောမ လူမျိုးများသည် နတ်များကို ကိုးကွယ်သူများ (Animistics) အိန္ဒိယ လူများသည် အရာရာ ဘုရား ဖြစ်သည်ဟု ယုံကြည်သူများ (Polytheistic) သို့မဟုတ် ဘုရားများစွာ ကိုးကွယ်သူများ (Polythiestic)? အီဂျစ် လူမျိုးများသည် နေ၊ နိုင်းမြစ်၊ ဖားပြုတ်၊ မှက် (ခြင်) များအပါအဝင် ဘုရားများစွာကို ကိုးကွယ်သူများ (Multiplicity of God)များ ဖြစ်ကြသည်။
ထိုကဲ့သို့ ဘုရား အများ ၀ါဒကို ကိုင်စွဲသူများသည်လည်း ကျွန်တော်တို့၏ အသက်ရှင်သော ဖန်ဆင်ရှင် တစ်ဆူတည်းသော ဘုရားကို ဆန့်ကျင်နေသူများ ဖြစ်ကြပါသည်။

၅။ အရာရာ ဘုရားဝါဒ (Pantheism)
အရာရာ ဘုရား ဝါဒဟူသည်မှာ အရာဝတ္ထုတိုင်းသည် ဘုရားဖြစ်၍ ဘုရားသည် အရာဝတ္ထုတိုင်း ဖြစ်သည် ဟူသော ယုံကြည်ချက် ဖြစ်သည်။ Seneca ဆီနိက က "ဘုရားဟူသည်မှာ အဘယ်နည်း" သူသည် မြင်သမျှသော အရာ အားလုံးဖြစ်၍ သင်မမြင်ရသော အရာ အားလုံးလည်း ဖြစ်သည်။ အရာရာ ဘုရား ဝါဒတွင် ပုံသဏ္ဍာန် များစွာ ရှိသည်။ ၄င်းတို့မှာ
  • ရုပ်ဝတ္ထု အရာရာ ဘုရားဝါဒ (materialistic pantheism) -ဒေဗစ် စထရောက် David Straussစွဲကိုင်သော ဝါဒ ဖြစ်၍ ထာဝရ တရားကို ယုံကြည်ကာ အကြောင်းတရားဟူသည် ဘဝ အားလုံး၏ ဖြစ်တည်မှုပင် ဖြစ်သည်ဟု ယုံကြည်သည်။
  • (holozoism) Leibniz ယုံကြည်သော ခေတ်သစ် အမြင် တစ်ရပ်မှာ အကြောင်း တရားတိုင်းတွင် အသက် (သို့) ပိုင်ဆိုင်မှု ရှိသည်ဟူ၍ ယုံကြည်သော ဝါဒ ဖြစ်သည်။
  •  ကြားနေဝါဒ (neutralism)- ဤဝါဒသည် မည်သည့်အရာ မဆို အကျိုး အကြောင်းမှ စ၍ အရာရာသည် တစ်ဖတ်သတ် မကျ အမြဲ ကြားနေသည်ဟု ယုံကြည်သည်။
  • စိတ်ကူးယဉ် ဝါဒ (Idealism) - နောက်ဆုံး အမှန်တရားဟူသည် စိတ်ပင်ဖြစ်သည်။
  • တွေးခေါ်ဆိုင်ရာ အစွမ်း တန်ခိုး ဝါဒ- အမှန်တရား ဟူသည် စနစ် တစ်ခု ဖြင့်ရပ်တည်၍ ထိုအရာသည် အဓိက ကျသည်ဟု ယူဆသော ဝါဒ ဖြစ်သည်။

ဘုရားဝါဒ (Deism)
ဤဝါဒကို ယုံကြည်သူများက လူသားနှင့် ဆက်နွယ် ဆက်ဆံနိုင်သော ဘုရားမရှိဟု ယုံကြည်ကြသည်။ ခံစားမှု ကင်သော ဘုရားတစ်ပါးသည် လောကကြီးကို ဖန်ဆင်းပြီးသောအခါ လူသားနှင့် လောကကြီးကို ထားရစ်ခဲ့သည်။ ထို့အပြင် ထိုဘုရားသည် လူသားတို့နှင့် မသက်ဆိုင်သကဲ့သို့ ထိတွေ့ ဆက်ဆံခြင်းလည်း မရှိ ဟူ၍ ထိုသူတို့က ယုံကြည်ယူဆကြသည်။
အထက်တွင် ဖော်ပြခဲ့သော ၀ါဒ တစ်ခုခုကို လူတစ်စုံ တစ်ယောက်က ကိုင်စွဲ ထားပါက ကျွန်တော်တို့၏ အသက်ရှင်သော ဘုရားကို အမြဲတမ်း တိုက်ခိုက်လိုစိတ် ရှိနေမည်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ထိုသူသည် အသက်ရှင်သော ဘုရားသခင်ကို မမြင်သေးသောကြောင့် ဖြစ်သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )