22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, April 26, 2012

ယွမ်ကို အပြည်ပြည်ဆိုင်ရာသုံးအဖြစ် ဆောင်ရွက်

 
လာမည့်နှစ် ၃၀ကျော်အတွင်း ဆောင်ရွက်မဲ့ အဆင့်သုံးဆင့် နည်းစဉ်က ရေရှည်ဖွံ့ဖြိုးမှုကို အထောက်အကူပေးပြီး ငွေကြေးစုံစနစ်ကို တိုးမြှင့်ပေးမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံ ရင်မင်တက္ကသိုလ်က တရုတ်နိုင်ငံဗဟိုဘဏ် အစိုးရကိုပေးတဲ့ အကြံပြုချက်တွေအနက် တစ်ခုက ယွမ်ငွေကြေးကို အပြည်ပြည်ဆိုင်ရာသုံး ငွေကြေးအဖြစ် ဆောင်ရွက်ဖို့ဖြစ်ပါတယ်။
၂၀၃၀ ပြည့်နှစ်မှ ၂၀၄၀ ပြည့်နှစ်အတွင်း ယွမ်ငွေကြေးကို အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖြစ် ဆောင်ရွက်မဲ့ အတိုင်အတာကလက်ရှိ သုည ဒဿမ ၄၁ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်းနှုန်းအထိ တိုးမြှင့်သွားဖို့ ဖြစ်ပါတယ်။ ဒီလိုဆက်ရွက်နိုင်မယ်ဆိုရင် လာမဲ့ ဆယ်စုနှစ်တစ်ခုနှစ်ခု အတွင်းမှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးစနစ်ကို အမေရိကန်ဒေါ်လာကချည်း လွှမ်းမိုးထားနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ဒေါ်လာ၊ ယူရိုနဲ့ ယွမ်ဆိုတဲ့ သုံးခုပေါင်း ဖွဲ့စည်းမှုမျိုးတော့ ရှိနေဦးမှာဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာသုံးအဖြစ် ဆောင်ရွက်မဲ့ နည်းစဉ်က မှန်မှန်ကြီး တိုးတက်ရမှာဖြစ်သလို နှစ် ၃၀ အတွင်းအဆင့်သုံးဆင့် ခွဲခြား ဆောင်ရွက်ရမှာဖြစ်ပါတယ်။
ပထမဆယ်စုနှစ်အတွင်းမှာ တရုတ်ယွမ်ငွေကြေးကို အပြည်ပြည်ဆိုင်ရာ ငွေပေးငွေယူ ရှင်တမ်းတွေမှာ ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ နောက်ဆယ်စုနှစ်မှာ အပြည်ပြည်ဆိုင်ရာ စီးပွားရေး လုပ်ဆောင်ချက်တွေမှာ ယွမ်ငွေကြေးကို ကုန်အမှာစာမှာ သုံးတဲ့ငွေကြေး (Invoicing Currency) အဖြစ်သုံးဖို့ ဖြစ်ပါတယ်။ နောက်မှ နောက်ဆယ်စုနှစ်မှာ ယွမ်ငွေကြေးကို နိုင်ငံခြားအရန်ငွေကြေးအဖြစ် အသုံးပြုနိုင်အောင် ဆောင်ရွက်ဖို့ဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်က ယွမ်ငွေကြေးနဲ့ နယ်စပ်ဖြတ်ကျော် ငွေစာရင်းရှင်းလင်းမှုကို တစ်နိုင်ငံလုံးကို တိုးချဲ့ပေးင်္ပြီး ၂၀၁၁ခုနှစ်အတွင်းမှာ စုစုပေါင်းပမာဏထက် သုံးဆနီးပါး ရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာ တရုတ်နိုင်ငံက နိုင်ငံခြားငွေ Option Trading ကို စတင်ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့် ယွမ်ငွေကြေးကို စာချုပ်စာတမ်းများ ရောင်းဝယ်မှုစနစ်အဖြစ် ထူထောင်နိုင်ခဲ့ပြီး လုပ်ငန်းတိုးချဲ့မှုကို ၅၀ရာခိုင်နှုန်းတိုးချဲ့နိုင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ နိုင်ဂျီးရီးယား နိုင်ငံကယွမ်နိုင်ငံခြား အရန်ငွေစနစ်မှာ ပါဝင်လာခဲ့ပြီး ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရ ဒေသကလည်း ၂၀၀၉ ခုနှစ်မှာကစပြီး ယွမ်ငွေရောင်းချရေး ဗဟိုဌာန ဖြစ်လာပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )