22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, April 26, 2012

ပါကစ္စတန်က နျူထိပ်ဖူးတပ် တာလတ်ပစ်ပဲ့ထိန်းဒုံးကျည် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

ဧပြီလ ၂၅ ရက်နေ့တွင် ပါကစ္စတန် ပြည်သူ့ဆက်ဆံရေးရုံးက ထုတ်ပြန်ခဲ့သော နျူထိပ်ဖူးတပ်ဆင်နိုင်သည့် ဒုံးကျည် Hatf 1V Shaheen-1A စမ်းသပ်ပစ်လွှတ်မှုပုံ
ပါကစ္စတန်သည် နျူထိပ်ဖူးတပ် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်တစ်ခုကို ဧပြီလ ၂၅ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း စစ်တပ်က ကြေညာခဲ့သည်။ အိန္ဒိယက တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တစ်ခုကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ပြီးတစ် ပတ်ပင်မပြည့်သေးချိန်တွင် ပါကစ္စတန်က စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။
ယင်းဒုံးကျည်၏ အကွာအဝေး အတိအကျကို မထုတ်ပြန်ခဲ့သော်လည်း အငြိမ်းစားဗိုလ်ချုပ်ကြီး တာလတ်မာဆုဒ်က ပါကစ္စတန်ပစ်လွှတ်ခဲ့သော ဒုံးကျည်မှာ ကီလိုမီတာ ၂၅၀၀မှ ၃၀၀၀ အထိ (၁၅၅၀ မိုင်မှ ၁၈၅၀ မိုင်) ရောက်ရှိနိုင်ကြောင်း ခန့်မှန်းခဲ့ပြီး ယင်းမှာ ပြိုင်ဘက်အိန္ဒိယအထိ ရောက်အောင် ပစ်ခတ်နိုင်သော အကွာအဝေးဖြစ်သည်။

ဧပြီလ ၁၉ ရက်က အိန္ဒိယသည် အလေးချိန်တစ်တန်ခန့်ရှိသော တာဝေးပစ် Agni V  ဒုံးကျည်တစ်ခုကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့သည်။
ဧပြီလ ၂၅ရက်က ပစ်လွှတ်ခဲ့သော တာလတ်ပစ်ဒုံးကျည် Hatf IV Sha- heen-1A သည် ပင်လယ်ထဲသို့ကျ သွားခဲ့ကြောင်း စစ်တပ်ကထုတ်ပြန်ခဲ့ သည်။ ယင်းမှာ Shaheen-1 အမျိုးအစား ဒုံးကျည်ကို အကွာအဝေးနှင့် နည်းပညာဆိုင်ရာ အဆင့်မြှင့်ထားခြင်းဖြစ်ပြီး နျူကလီးယားနှင့် သမားရိုးကျ လက်နက်များ တပ်ဆင်ပစ်လွှတ်နိုင်သည်။
ပါကစ္စတန်သည် မကြာသေးမီလအတွင်းက နျူထိပ်ဖူးတပ် တာတိုပစ်ဒုံးကျည် Abdali ကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ၂၀၀၈ ခုနှစ်၊ ဧပြီလတွင် Shaheen II သို့မဟုတ် Hatf VI ကို စမ်းသပ်ပစ်လွှတ်ခဲ့သည်။
အိန္ဒိယက ပြီးခဲ့သောသီတင်းပတ်တွင် တာဝေးပစ်ဒုံးကျည်ပစ်လွှတ်ခဲ့ရာ နိုင်ငံတကာက ထုတ်ပြန်မှုမရှိခဲ့ပေ။ တရုတ်ကမူ အိန္ဒိယနှင့်မိမိတို့သည် ပြိုင်ဘက်မဟုတ်ဘဲ မိတ်ဖက်နိုင်ငံများသာဖြစ်ကြောင်း ထုတ်ပြန်ခဲ့သလို ၀ါရှင်တန်က နျူပိုင်ဆိုင်သော နိုင်ငံများအကြား စိတ်ငြိမ်ငြိမ်ထားကြရန် တိုက်တွန်းခဲ့သည်။
ယင်းမှာ ဧပြီလ ၁၃ ရက်က မြောက်ကိုရီးယား၏ မအောင်မြင်သော ဒုံးပျံပစ်လွှတ်မှုအပေါ် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခံရမှုနှင့်မူ အလွန်အမင်း ကွာခြားနေသည်။ 
အိန္ဒိယနှင့်ပါကစ္စတန်သည်၁၉၄၇ ခုနှစ်တွင် ဗြိတိန်ထံမှ လွတ်လပ်ရေးရ ပြီးနောက် စစ်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့သည်။ ယင်းနောက်ပိုင်း မကြာခဏ ဒုံးကျည် စမ်းသပ်ခဲ့ပြီး ၁၉၉၈  ခုနှစ်တွင် နှစ်နိုင်ငံစလုံးက နျူကလီးယားလက်နက်များ စမ်းသပ်ခဲ့သည်။     
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )