22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, April 27, 2012

ရွေးကောက်ပွဲပြီးတော့ ချေးငွေပြန်တောင်း

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ၅၅ ရပ်ကွက်မှာ ကြံခိုင်ဖွံ့ဖြိုးရေးပါတီက ထုတ်ချေးပေးထားတဲ့ ချေးငွေတွေကို ကြားဖြတ် ရွေးကောက်ပွဲပြီးသွား တဲ့နောက်ပိုင်းမှာ ပြန်တောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိမ်ထောင်စု ၂၆၀ ကို တအိမ်ထောင် ကျပ် သုံးသောင်းနှူန်း ထုတ်ချေး ထားပြီး ကြားဖြတ် ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရသွားပြီးတဲ့နောက် အရစ်ကျ ချေးငွေလည်း ထပ်မပေးတော့ဘဲ ပထမချေးထားတဲ့ငွေကိုလည်း ဒီ လ ၂၂ ရက်နေရက စပြီး ပြန်တောင်းနေတာလို့ တောင်ဒဂုံမြို့နယ်က ဦးမျိုးမင်းထွန်း က ပြောပါတယ်။

ငွေတသောင်းကို ငွေ နှစ်ရာတိုးနဲ့ ထုတ်ချေးတာဖြစ်ပြီး ရရှိတဲ့ အတိုးတွေ ကို နောက် အရစ်တွေမှာ ချေးငွေထပ်ထုတ်ပေး မယ်လို့ ပြော ထားပေမဲ့ NLD နဲ့ ပတ်သက်တဲ့လူတွေကို ချေးငွေ ထပ်မပေးတော့ဘဲ သူတို့နဲ့ နီးစပ်သူတွေကိုပဲ ထပ်ချေးတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
RFA Burmese
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )