မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားခဲ့တဲ့ St. Martin ကျွန်း မြန်မာအခေါ် ရှင်မဖြူကျွန်း နားက သဘာဝ ဓါတ်ငွေ့ လုပ်ကွက် ၂ ခုဟာ ဘင်္ဂလားဒေ့ရှ် ရေပိုင် နက်ထဲမှာ မရှိပဲ၊ မြန်မာရေပိုင်နက်ထဲမှာသာ ရှိကြောင်း ကုလသမဂ္ဂ နိုင်ငံတကာ ရေပိုင်နက် တရားရုံး ITLOS က ဆုံးဖြတ်လိုက်ပါတယ်။
သဘာဝဓါတ်ငွေ့ လုပ်ကွက် A1 နဲ့ A3 ၂ ခုစလုံး ဟာ မြန်မာ့ရေပိုင်နက် အတွင်းမှာသာ ဖြစ်ပြီး ၂ခုပေါင်း ထွက်ရှိနိုင်တဲ့ သဘာဝဓါတ်ငွေ့ပမာဏ ဟာ ကုဗပေ ၆ တရီလီယမ် ရှိပါတယ်။ အဲဒီ လုပ်ကွက် ၂ ခုစလုံးမှာ အိန္ဒိယအစိုးရပိုင် GAIL India ကုမ္ပဏီက ရင်းနှီးမြှပ်နှံမှု ပမာဏ ၂၅ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။
A1 လုပ်ကွက်ကို ရွှေလို့အမည်ပေးထားပြီး A3 လုပ်ကွက်ကို ရွှေဖြူလို့ အမည်ပေးထားပါတယ်။ လာမယ့် ၂၀၁၃ ခုနှစ်မှာ အဲဒီလုပ်ကွက် ၂ ခုကနေ တရက်ကို သဘာဝဓါတ်ငွေ့ ကုဗပေ သန်း ၂၀၀ တင်ပို့ရောင်းချနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်အတွင်းက အဲဒီ A1 နဲ့ A3 လုပ်ကွက်နားမှာ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် ပိုင်ဆိုင်မှု အငြင်းပွားပြီး စစ်ရေးအရ တင်းမာလာခဲ့ရာမှာ ဘင်္ဂလားဒေ့ရှ်က ရေတပ်သင်္ဘောတွေ စေလွှတ်ခဲ့တဲ့အတွက် မြန်မာအစိုးရနဲ့ ပူးတွဲဖက်စပ်လုပ်နေတဲ့ ဒေ၀ူးကုမ္ပဏီ လုပ်ငန်းတွေ St. Martin ကျွန်းအနီးကနေ ရုပ်သိမ်းပေးခဲ့ရပါတယ်။
RFA Burmese

5:43 AM
Admin

Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com