22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, April 27, 2012

ရန်ကုန်တိုင်းတွင် လျှပ်စစ်မီးလုံလောက်စေရန် အနည်းဆုံး မဂ္ဂါဝပ်(၈၀၀) လိုအပ်နေ

ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်သုံးစွဲမှုလုံလောက်စေရန် အနည်းဆုံး မဂ္ဂါဝပ်(၈၀၀)လိုအပ်ကြောင်း  လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့(အင်ဂျင်နီယာဌာန)လက်ထောက်အင်ဂျင်နီယာချုပ် ဦးသန့်ဇင်က ဆိုသည်။


“အခုချိန်ထိတော့ ဘာမှအကြောင်းကြားထားတာမျိုးမရှိသေးပါဘူး။ ရန်ကုန်တိုင်းဒေသကြီးမှာ လျှပ်စစ်ဓာတ်အားသုံးစွဲမှု မဂ္ဂါဝပ်က သိသိသာသာတိုးလာတယ်။ ၂၀၁၂ ခုနှစ်မှာဆိုရင် (၇၄၅) မဂ္ဂါဝပ်ထိ တိုးလာတယ်။ တကယ်တမ်း လိုအပ်ချက် ဆိုရင် မဂ္ဂါဝပ် (၈၀၀)လောက် အနည်းဆုံးလိုအပ်ပါတယ်”ဟု
၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၁ ခုနှစ်က လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ (၆၉၀) မဂ္ဂါဝပ်သာရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် လျှပ်စစ်သုံးစွဲမှုပမာဏ (၇၄၅)မဂ္ဂါဝပ်ထိ တိုးမြင့်လာခဲ့ကြောင်းသိရှိရသည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုများပိုမိုများပြားလာခြင်းကြောင့် တရုတ်နိုင်ငံသို့ ရောင်းချ ထားသည့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် (၁၀၀) အားပြန်လည်ဝယ်ယူပြီး ပြည်သူများအတွက် ဖြည့်ဆည်း ဖြန့်ဝေပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ဦးဥာဏ်ထွန်းဦးကဧပြီလ(၂၅)ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေး ဒုတိယနေ့တွင် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယခင်နှစ်များကထက် ယခုနှစ်တွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပိုမိုများပြား လာခြင်းကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို မျှတသုံးစွဲရခြင်းဖြစ်သည့်အတွက် အလှည့်ကျဓာတ်အားပေး  စနစ်ကို သုံးစွဲခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုစနစ်ကို ကျော်လွှားနိုင်ရန်အတွက် လတ်တလောတွင် စက်မှုဇုန်များသို့ဖြန့်ဝေထားသည့်လျှပ်စစ်ဓာတ်အားကို လျော့ချ ၍ ပြည်သူများသုံးစွဲနိုင်ရန်အတွက်ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ နောင်ဖွံ့ဖြိုးတိုးတက်လာမည့်ကာလတွင်လည်း စက်ရုံ၊ အလုပ်ရုံ၊  လူနေအိမ်များနှင့်အဆောက်အအုံများအတွက် ထပ်မံလိုအပ်လာမည့် လျှပ်စစ်ဓာတ်အားကို ထပ်မံတိုးတက် ထုတ်လုပ်နိုင်မည့် ဓာတ်အားပေးစက်ရုံများကို ထပ်မံတည်ဆောက်ရန် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင်လိုအပ်လျက်ရှိသည့်လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုနှင်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုပ်ဆောင်မှုအပေါ်တွင် စာရးဆရာကြည်မင်းက ယခုကဲ့သို့ထင်မြင်ချက် ပေးခဲ့သည်

“ဒါက သဘာဝကျပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်က ရောင်းထားပြီးသွားပြီကို။ အမှန်က မရောင်းခင်ကတည်းက စဉ်းစားရမှာ။ အခုကိုယ်က ပြန်ဝယ်တယ်ဆိုတော့ သူတို့ကတောင်မြတ်ချင်မြတ်အုံးမှာ။ ဒါပေမယ့်လည်း ပြည်သူတွေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတာ ဆိုတော့ ဒါက မှန်ကန် သောလုပ်ရပ်ပါ။ မရောင်းခင်ကတည်းက စဉ်းစားခဲ့ရင် ပိုကောင်းတာပေါ့။ ငွေရတာတစ်ခုတည်းကို ကြည့်ပြီးလုပ်ခဲ့တာဆိုတော့”ဟု စာရေးဆရာ ဦးကြည်မင်းက ပြောသည်။
 ကျော်ဇင်မန်း(မြစ်မခ)
by Myit Makha Mediagroup
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )