စပိန် လက်ရွေးစင် တောရက်စ်၏ စတမ်းဖို့ဒ်ဘရစ်ဂ်ျ အမှောင်ထုသည် တစ်စထက်တစ်စ ပျောက်ကွယ် ရှင်းလင်းလာပြီး QPR အား (၆-၁)ဖြင့် အနိုင်ရသော ပွဲစဉ်တွင် (၃)ဂိုး သွင်းယူခဲ့သည်။ ၎င်းသည် ယခုပွဲ မတိုင်မီက ဘာစီလိုနာ အသင်းဘက်သို့ ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲတွင် အလွန် အဖိုးတန်သော ချေပဂိုး (၁)ဂိုးကို သွင်းယူ နိုင်ခဲ့သေးသည်။ ဗြိတိသျှ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် သန်း(၅၀)ဖြင့် လီဗာပူးလ်မှ ရောက်ရှိလာသော တောရက်စ်သည် ချယ်လ်ဆီး ကစားသမား ဘ၀ အစောပိုင်း နေ့ရက်များတွင် ဆိုးဆိုးရွားရွား ရုန်းကန် ခဲ့ရသည်။
အကောင်းဆုံး ခြေစွမ်းပြနေသည့် တောရက်စ်
တောရက်စ်က “အရင်တုန်းက ကျွန်တော့် ကစားပုံ အရမ်းကောင်းတယ်၊ အရမ်းထက်မြက်တယ်၊ အရမ်း ပြည့်စုံတယ်လို့ ခံစားခဲ့ရပေမယ့် ဂိုးမသွင်းနိုင်ခဲ့ဘူး” ဟု Sky Sportsသို့ ပြောကြားခဲ့သည်။ “ခုချိန်မှာတော့ ကျွန်တော် အရင်ကလောက် ကစားပုံ မကောင်းတော့ဘူးလို့ ခံစားမိတယ်။ ဒါပေမဲ့ ဂိုးတွေကျတော့ သွင်းနိုင်လာတယ်။ ဒါဟာ တိုက်စစ်မှူး တစ်ယောက်အတွက် သိပ်အရေးကြီးပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် လက်ရှိ ခြေစွမ်းထက် ပိုတိုးတက်အောင် လုပ်ဆောင်နိုင်တယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားသွားသည်။ ၎င်းက ချယ်လ်ဆီးသည် လတ်တလောတွင် တစ်ရာသီလုံး အကောင်းဆုံး ခြေစွမ်းမျိုး ဖြစ်နေပြီဟုလည်း မှတ်ချက်ပြုခဲ့သည်။
အရင်တုန်းက ကျွန်တော့် ကစားပုံ အရမ်းကောင်းတယ်၊ အရမ်းထက်မြက်တယ်၊ အရမ်း ပြည့်စုံတယ်လို့ ခံစားခဲ့ရပေမယ့် ဂိုးမသွင်းနိုင်ခဲ့ဘူး...
“ကျွန်တော်တို့ ရာသီကုန်မှာ ပရီးမီးယားလိဂ် ထိပ်ဆုံး(၄)သင်း စာရင်းထဲ ပါဖို့ လိုအပ်မှန်း နားလည်ပါတယ်။ ဒါကြောင့် ပွဲတိုင်းကို အနိုင်ရဖို့ ကြိုးစားမှာပါ။ QPRနဲ့ ပွဲမှာ (၃)ဂိုး သွင်းနိုင်တာ ကျွန်တော် ပျော်ပါတယ်။ ဒါပေမဲ့ အသင်း နိုင်တာက ပိုပြီး အရေးကြီးတယ်လို့ ခံယူထားပါတယ်။ လောလောဆယ် ချယ်လ်ဆီးဟာ တစ်ရာသီလုံးမှာ ကစားဖူးသမျှ အကောင်းဆုံး အနေအထား ရောက်နေပြီလို့လည်း ကျွန်တော် ထင်ပါတယ်” ဟု တောရက်စ်က ပြောဆိုသွားခဲ့သည်။
Ref: Daily Mail
11:22 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com