22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, April 30, 2012

အီတလီ ကလပ်များက အလို ရှိနေသော်လည်း မန်ယူတွင်သာ ဆက်ကစားရန် နာနီ ရည်ရွယ်ထား

အီတလီ ကလပ် အသင်းများ၏ စိတ်ဝင်စားမှုကို ခံနေရသော်လည်း မန်ချက်စတာ ယူနိုက်တက်တွင်သာ ဆက်ကစား လိုကြောင်း လူးဝစ်နာနီက ဖွင့်ဟ ပြောကြားခဲ့သည်။

ပေါ်တူဂီ လက်ရွေးစင် တောင်ပံလူသည် ယခုရာသီ မန်ယူအတွက် ခြေစွမ်းပြကာ (၁၃)ဂိုး သွင်းယူပေးထားပြီး ဂျူဗင်းတပ်စ်နှင့် အေစီမီလန်တို့က ၎င်းအား စောင့်ကြည့်လျှက် ရှိသည်။ နာနီသည် မန်ယူအသင်းတွင် စာချုပ်လက်ကျန် သက်တမ်း (၂)နှစ် ကျန်နေသေးသည်။ နာနီက ၎င်းအား ဥရောပမှ ကလပ်အသင်း အမြောက်အမြားက အလိုရှိနေသော်လည်း မန်ယူနှင့် အတူ (၂၀၁၆)ထိ ကစားပေးနိုင်မည့် သက်တမ်းတိုး စာချုပ်တစ်ရပ် ချုပ်ဆိုရန်သာ စိတ်ကူးနေကြောင်း ပြောကြားသွားသည်။
မန်ယူတွင် ဆက်ရှိနေဦးမည့် နာနီ

နာနီက “မန်နေဂျာဘက်က ကျွန်တော့်ကို ယုံကြည်မှု အပြည့်ရှိတယ်။ ဒါက အရေး အကြီးဆုံး ကိစ္စပါ” ဟု ဆိုသည်။ ၎င်းက ဆက်လက်၍ “ကျွန်တော့် အေးဂျင့်က စာချုပ်သစ် ကိစ္စအတွက် အသင်းနဲ့ ညှိနှိုင်းမှုတွေ စလုပ်ဆောင် နေပါပြီ။ အခြေအနေ အားလုံးလည်း ချောချောမောမောပဲ။ ရာသီကုန်လောက်ကျရင် စာချုပ်သက်တမ်း တိုးဖို့ သဘော တူညီမှု ရလာမယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ပြောဆိုခဲ့သည်။ “ကျွန်တော် ပေါ်တူဂီကနေ ဒီကို ရောက်လာကတည်းက စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီး ပိုတိုးတက် လာတဲ့ ကစားသမား တစ်ယောက် အဖြစ် ရပ်တည်ဖို့ပါ။ ဒီမှာ ကျွန်တော့် ဆန္ဒတွေ ပြည့်ဝ လာခဲ့ပါတယ်။ ခုချိန်မှာ မန်ယူဟာ ကျွန်တော့်ရဲ့ အိမ်ဖြစ်လာပါပြီ” ဟုလည်း နာနီက ညွှန်းဆို သွားခဲ့သည်။
Ref: Setanta
ကျွန်တော့် အေးဂျင့်က စာချုပ်သစ် ကိစ္စအတွက် အသင်းနဲ့ ညှိနှိုင်းမှုတွေ စလုပ်ဆောင် နေပါပြီ။ အခြေအနေ အားလုံးလည်း ချောချောမောမောပဲ။ ရာသီကုန်လောက်ကျရင် စာချုပ်သက်တမ်း တိုးဖို့ သဘော တူညီမှု ရလာမယ်လို့ ကျွန်တော် ထင်ပါတယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )