22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, April 30, 2012

အခြေခံ အသားအရေ ထိန်းသိမ်းခြင်း (၄)ဆင့်

လူတိုင်းအတွက် အသားအရေအမျိုးအစားတွေ ကွဲပြားနေပေမယ့် လိုအပ်တဲ့ အခြေခံအသားအရေ ထိန်းသိမ်းနည်းတွေကတော့ အတူတူပဲ ဖြစ်ပါတယ်။ အခြေခံအသားအရေ ထိန်းသိမ်းနည်း (၄) နည်းရှိပါတယ်။ လုပ်ဆောင်ရမှာလည်း အလွန်လွယ်ကူတဲ့ ဒီနည်းလေးတွေကို ဂရုတစိုက်နဲ့ မှန်မှန်ပြုလုပ်မယ်ဆိုရင် သန့်ရှင်းလှပတဲ့အသားအရေကို အမြဲပိုင်ဆိုင်နိုင်မှာပါ။ အရမ်းလွယ်ကူတာမို့ ခုပဲလေ့လာပြီး လက်တွေ့ လုပ်ဆောင်ကြရအောင်နော်..။

အဆင့်(၁) သန့်စင်ခြင်း (Cleansing)
_  ဒီအဆင့်က ရိုးရှင်းပါတယ်။
_  အရင်ဆုံး သင်ဟာ သင့်အသားအရေနဲ့သင့်တော်မယ့် မျက်နှာသစ်ဆေး (Cleanser) ကိုဝယ်ယူပါ။ အရမ်း ဈေးကြီးတာတွေကို ၀ယ်စရာ မလိုပါဘူး။ ဆပ်ပြာနဲ့ မျက်နှာသစ်ခြင်းဟာ အရေပြားကို ခြောက်သွေ့ စေပါတယ်။ ပြင်သစ်နိုင်ငံမှ အလှကုန်ပစ္စည်း မန်နေဂျာ Rona Berg က သူမရဲ့ “Beauty” ဆိုတဲ့စာအုပ်မှာ “ဆပ်ပြာကို လည်ပင်းမှစပြီး ခန္ဓာကိုယ် အောက်ပိုင်း တလျှောက် အရေပြားတွေနဲ့သာ ထိတွေ့သင့်ပါတယ်” လို့  ဆိုထားပါတယ်။
_  သတိပြုရမှာက မျက်နှာကို ခဏခဏ မသစ်ဖို့ပဲ။ 
_  မျက်နှာသစ်တဲ့အခါ မိတ်ကပ်၊ ဖုန်၊ အဆီ စတဲ့ အညစ်အကြေးတွေနဲ့ ချွေးပေါက်ထဲမှာ ပိတ်နေတာတွေကို ရေနွေးနွေးလေးကို သုံးပြီး စင်ကြယ်အောင် လုပ်ရပါမယ်။
_  ရေပူ(သို့)ရေအေးနဲ့ ဘယ်တော့မှ  မျက်နှာမသစ်ပါနဲ့ ။ရေပူ (သို့)ရေအေးနဲ့ မျက်နှာသစ်ခြင်းဟာ မျက်နှာပြင်ရှိ သွေးကြောမျှင်လေး တွေကို ပျက်စီးစေပါတယ်။

အဆင့် (၂) ဆဲလ် အဟောင်းများကို ကွာကျစေခြင်း ( Exfoliate)
_  လူအများစုဟာ အပတ်စဉ် ပုံမှန်ပြုလုပ်တဲ့ အသားအရေ ထိန်းသိမ်းခြင်းမှာ ဆဲလ်အဟောင်းများ ကွာကျစေခြင်း ( exfoliate ) အဆင့်ကို မလုပ်ကြပါဘူး။
_  Exfoliate လုပ်ခြင်းဖြင့် အသားအရေကို ညစ်နွမ်းစေတဲ့ ဆဲလ်ဟောင်းတွေကို ဖယ်ရှားပေးလို့ သင့်အသားအရေဟာ ကြည်လင် လှပလာမှာပါ။
_  Berg ရဲ့အဆိုအရ အမျိုးသားတွေရဲ့ အသားအရေက အမျိုးသမီးများ ထက်ပိုပြီး နုပျိုနေရတဲ့ အကြောင်း အရင်းတစ်ခုက အမျိုးသားတွေဟာ နေ့စဉ် မုတ်ဆိတ်ရိတ်ခြင်း ကြောင့် ဆဲလ်အဟောင်းတွေ ကွာကျစေလို့ပါပဲ။
_  ဆဲလ် အဟောင်းများ ကွာကျစေဖို့ နည်းလမ်း တွေကတော့ Facial scrubs သုံးခြင်း၊  ဗီတာမင် အေ လိမ်းဆေးများ လိမ်းခြင်း စသည်တို့ ဖြစ်ပါတယ်။

အဆင့် (၃)  အစိုဓာတ် ဖြည့်ပေးခြင်း ( Moisturize )
_  အလှတရားရဲ့အခြေခံ သဘောတရားအရ ဘယ်လို အသားအရေ အမျိုးအစား ပိုင်ရှင်မဆို အစိုဓာတ်ဖြည့်ခြင်းကို လုပ်သင့်ပါတယ်။
_  အသားအရေဟာ အစိုဓာတ် ပြည့်ဝနေမှ စိုပြေလှပနေမှာ ဖြစ်ပါတယ်။
_  သင့်အသားအရေဟာ အဆီပြန်တဲ့ အမျိုးအစား ဖြစ်နေရင်တောင်မှ အစိုဓာတ် ဖြည့်ပေးခြင်းကြောင့် အကျိုး ကျေးဇူးတွေ ရပါလိမ့်မယ်။
_  အစိုဓာတ် ဘယ်လောက် ဖြည့်ရမယ်ဆိုတာကို သင့်အသားအရေ ကပြောပြပါလိမ့်မယ်။ သင့်အသားအရေ ကခြောက်သွေ့တင်းမာနေပြီ ဆိုရင် အစိုဓာတ် လိုအပ်တဲ့ လက္ခဏာပါ။
_  ဒါပေမယ့် အစိုဓာတ် ဖြည့်ဆေးတွေကို အလွန်အကျွံ မသုံးမိပါစေနဲ့။ ချွေးပေါက်တွေ ပိတ်ပြီး ၀က်ခြံတွေ ဖြစ်လာနိုင်လို့ပါ။

အဆင့် (၄) နေရောင်ခြည်ဒဏ် မှကာကွယ်သည့် လိမ်းဆေးများ လိမ်းခြင်း ( Apply suncream )
_  အရေး အကြောင်းတွေ  ဖြစ်ပေါ်ခြင်းရဲ့ နံပတ် (၁) အကြောင်းက နေလောင်ခြင်း ကြောင့်ဖြစ်ပါတယ်။
_  ဒါကြောင့် သင်ငယ်ရွှယ် နုပျိုစဉ်ကစပြီးနေရောင်ခြည်ဒဏ် ကာကွယ်တဲ့ လိမ်းဆေးတွေ ကိုဆောင်းတွင်းဘက်တွေ မိုးအုံတဲ့နေ့တွေ့ မှာတောင် လိမ်းသင့်ပါတယ်။
_  ဒါပေမယ့် နေရောင်ခြည်ဒဏ် ကာကွယ်တဲ့ လိမ်းဆေးတွေကို ညဘက်မှာလိမ်းပြီး မအိပ်သင့်ပါဘူး
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )