22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, April 26, 2012

ပြည်သူ့အကျိုးနှင့် တိုင်းပြည်အကျိုးအတွက် လိုအပ်လာပါက အခြေခံဥပဒေကိုပြင်ဆင်နိုင်ဟု သမ္မတပြောကြား

ဧပြီ ၂၃ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ပြုလုပ်ခဲ့သော စာနယ်ဇင်းရှင်းလင်းပွဲတွင် NHK သတင်းဌာန၏ မေးမြန်းချက်ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အောက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အနေဖြင့် အခြေခံ ဥပဒေကို ပြန်လည်ပြင်ဆင်ရန် မျှော်မှန်းထားခြင်းနှင့် ပတ်သက်၍ NHK သတင်းဌာနက မေးမြန်းခဲ့ရာတွင် “ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်မယ့် ဥပဒေတစ်ရပ် ထည့်သွင်းထားပါတယ်။ ဒီဥပဒေနဲ့ ဆောင်ရွက်လို့ရပါတယ်။ အဲ့ဒီတော့ကာ တိုင်းရင်းသားတွေ အကျိုးအတွက် ကျွန်တော်တို့ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မယ့် နိုင်ငံတော် အကျိုးအတွက် လိုအပ်တာတွေကို ဒီဥပဒေအရ ကျွန်တော်တို့ ပြင်လို့ရပါတယ်။ အများရဲ့ဆန္ဒနဲ့အညီ ပြင်ပိုင်ခွင့် ပေးထားပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ပြန်လည်ဖြေကြားခဲ့သည်။ ၎င်းပြင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်း ရောက်လာပါက အစိုးရအဖွဲ့အနေဖြင့် မျှော်လင့်ထားမှုနှင့် ပတ်သက်၍ မေးမြန်းမှုကို သမ္မတကြီးက “အစိုးရဝန်ကြီးအဖွဲ့ အနေနဲ့ကတော့ သူ့ကိုဘယ်ရာထူးပေးမယ်၊ ဘာလုပ်မယ် ဒီလိုမျှော်လင့်လို့မရပါဘူး၊ ဒါဟာသူ့ရဲ့ လမ်းကြောင်းကို သူကိုယ်တိုင်ပဲ ရွေးချယ်ရမှာဖြစ်ပါတယ်” ဟု ဖြေခဲ့သည်။ “ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွှတ်တော်ထဲမှာနေပြီးတော့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ သူမရဲ့ NLD ပါတီ အရေးကိစ္စတွေကို ဆောင်ရွက်မလား ဒါမှမဟုတ် ခုနကလို ကက်ဘိနက်ထဲကို ရောက်လာဖို့အတွက် ကြိုးစားမလားဆိုတာ သူမရဲ့ဆန္ဒပဲ ဖြစ်ပါတယ်” ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။ သမ္မတသည် ယခုလ ၁၉ ရက်တွင် စတုတ္ထအကြိမ်မြောက် ဂျပန်-မဲခေါင်ထိပ်သီး အစည်းအဝေးတက်ရောက်ရန် ချစ်ကြည်ရေးခရီးအတွက် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဧပြီ ၂၆ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )