22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, April 26, 2012

ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်များ၌ နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို ထပ်ဆောင်းဘာသာရပ်အဖြစ် သင်ကြားပေးရန် အဆိုကို လွှတ်တော်အတည်ပြုခဲ့

ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ၀ိဇ္ဇာပညာရပ်များနှင့် သိပ္ပံပညာရပ်များသင်ကြားပေးနေသော တက္ကသိုလ်များ၌ နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို ထပ်ဆောင်းဘာသာရပ် (Additional Subject) အဖြစ် သင်ကြားပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရက တိုက်တွန်းကြောင်း ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၃ မှ ဦးဥာဏ်လင်း၏အဆိုကို လွှတ်တော်ကအတည်ပြုခဲ့ကြောင်း ပထမအကြိမ် အမျိုးသား လွှတ်တော် တတိယပုံမှန်အစည်းအဝေး န၀မနေ့ကျင်းပရာမှသိရသည်။
အဆိုကိုဆွေးနွေးခြင်းကဏ္ဍ၌ ၎င်းအဆိုကို ထောက်ခံဆွေးနွေးသူများပြားခဲ့ကြောင်း၊ ၎င်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားရယူရာ ထောက်ခံသည့် လွှတ်တော်ကိုယ်စားလှယ်များသည့်အတွက် အဆိုကို အတည်ပြုဆုံးဖြတ်ခဲ့ကြောင်းသိရသည်။ အဆိုကိုဆွေးနွေးရာတွင် ပြည်ထောင်စုသမ္ပတ မြန်မာ နိုင်ငံတော် ပညာရေးကဏ္ဍတွင် ကျောင်းသားကျောင်းသူများအား စစ်မှန်သော နိုင်ငံရေးအသိစိတ်ပြည့်ဝစေရန်နှင့် နိုင်ငံရေးအတွေးအခေါ်များ ရင့်သန်လာနိုင်စေရန်အတွက် နိုင်ငံရေးသိပ္ပံဘာသာရပ်ကို အခြေခံပညာအလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အဆင့်အလိုက် သင်ကြားပို့ချသင့်ကြောင်းနှင့် အထူးသဖြင့် တက္ကသိုလ်အဆင့်တွင် နိုင်ငံရေးသိပ္ပံဌာနကြီးတစ်ခုဖွင့်လှစ်ပြီး ထပ်ဆောင်းဘာသာရပ်ဖြင့် သင်ကြားပို့ချပေးသင့်ကြောင်း အစရှိသဖြင့် လွှတ်တော် ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးကြကြောင်းသိရသည်။
အဆိုနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးဘရွှေက ပြန်လည်ရှင်းလင်းဖြေကြားရာတွင် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်ဒီဂရီကောလိပ်များ၌ ပညာသင်ယူနိုင်မှု အခွင့်အလမ်းကောင်းများဖွင့်ပေး၍ အရည်အချင်းမြင့်မားပြီး နိုင်ငံတော်၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေးရန်အတွက် ပထမနှစ် ဘွဲ့ကြို သင်တန်းများအားလုံးတွင် မြန်မာ့ရေးရာဘာသာရပ်ကို သင်ကြားပို့ ချလျက်ရှိသည့်အတွက် အဆိုကို မှတ်တမ်းတင်ထားသင့်ပါကြောင်း အစရှိသဖြင့် ပြန်လည်းရှင်လင်းဖြေကြားခဲ့ကြောင်း သိရသည်။
ရေးသားသူ -ထွန်းထွန်း
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )