22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, April 30, 2012

 KIA ဌာနချုပ် အခြေစိုက်ရာ လိုင်ဇာအားသိမ်းရန် အစီအစဉ် လုံးဝမရှိကြောင်း

 
KIA ဌာနချုပ်အခြေစိုက်ရာ လိုင်ဇာအား သိမ်းရန် အစီအစဉ် လုံးဝ မရှိကြောင်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ပြောကြားထားသည်ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဧပြီလ ၂၉ ရက်နေ့က ပြောကြားခဲ့ကြောင်း Eleven Media Group သတင်းအရသိရသည်။

ဧပြီလ ၂၉ ရက်နေ့က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည့် မီဒီယာများနှင့် ၀န်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲတွင် မီဒီယာများမှ KIA ဌာနချုပ်အား သိမ်းရန် စီစဉ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် မေးမြန်းရာတွင် ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အဆိုပါ မေးမြန်းမှုအပေါ် ''KIA ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့ကို သိမ်းဖို့ အစီအစဉ် လုံးဝ မရှိပါဘူး။ ဒါ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ပြောထားတာကို ကျွန်တော်ပြန်ပြောပြတာပါ''ဟု ပြောကြားခဲ့သည်။

ယင်းအပြင် နယ်စပ်များရှိ ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များ၊ နယ်မြေမလုံခြုံ၍ နေရပ်ကို စွန့်ခွာသွားသူများ၊ လက်နက်ကိုင် အဖွဲ့များမှ ငြိမ်းချမ်းရေးယူခဲ့သူများအားလုံး၏ စားဝတ်နေရေး၊ အလုပ်အကိုင်၊ စာသင်ကျောင်း၊ ဆေးရုံ စသည်ဖြင့် လိုအပ်ချက်များအား ဖြည့် ဆည်းပေးရန်အတွက် Donar Support Group ဖွဲ့ကာ ကူညီပေးသွားရန်ရှိကြောင်း ပြောကြားခဲ့သည်ဟု Eleven Media Group အင်တာနက် စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။
 ------------------------------------------------------------------------------
Popular Myanmar News Journal အင်တာနက်စာမျက်နှာမှာတော့ မန္တလေး-မြစ်ကြီးနား အဆန်ရထားတိမ်းမှောက်မှုဟာ ကေအိုင်အေထောင်သည့်ဗုံးကြောင့်ဟု ဦးအောင်မင်းဆိုသည်။ 

မန္တလေးဘူတာကြီးမှ မြစ်ကြီးနားသို့ ဧပြီလ ၂၈ ရက် နေ့လယ် ၁ နာရီ အချိန်ကထွက်ခွာလာသည့် အမှတ် ၃၃ အဆန်အထူးအမြန်ရထားသည် နမ့်စီအောင်နှင့်မှော်အောင်ဘူတာကြား မိုင်တိုင်အမှတ် ၆၁၆ တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယင်းမှာကေအိုင်အေအဖွဲ့မှထောင်ထားသည့် ဗုံးကြောင့်ဖြစ်ပွားခြင်းဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီး ဌာ နပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ယနေ့ ဧပြီလ ၂၉ ရက် နေ့လယ် ၁း၂၀ နာရီ က နေပြည်တော် စက်မှုဝန်ကြီးဌာန ၌ ပေါက်ကွဲမှုနှင့်ပက်သပ်ပြီးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ Popular Myanmar News Journal အင်တာနက်စာမျက်နှာ မှာရေးသားဖော်ပြထားပါသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )