22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, April 30, 2012

ပြည်သူ့များ၏ ဆန္ဒအရ NLD လွှတ်တော်တက်မည်

 
မေလ ၂ ရက်တွင် NLD လွှတ်တော်တက်မည်

ပြည်သူများနှင့် ဒီမိုကရေစီ ပါတီ များ၏ လိုလားချက် အရ NLD ပါတီ အနေဖြင့် လွှတ်တော်သို့ မေလ ၂ ရက် တွင် ကျမ်းသစ္စာကျိန်ဆိုပြီး တက်ရောက်မည်ဖြစ်ကြောင်း NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က
ယနေ့ ၁၀ နာရီတွင် ကျင်းပပြုလုပ်သည့် NLD ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ အစည်းအဝေးအပြီးတွင် မီဒီယာများသို့ပြောကြားလိုက်ကြောင်း
Yangon Media Group အင်တာနက်စာမျက်နှာမှာ သတင်းရေးသားဖော်ပြထားပါသည်။
ပြည်သူ့များ၏ ဆန္ဒအရ လွှတ်တော်တက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့တွင် ပြောဆိုလိုက်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များ မေလ ၂ ရက်နေ့တွင် ကျမ်းသစ္စာကျိမ်ဆိုမည်ဖြစ်ကြောင်း သိရသည်ဟု Eleven Media Group - facebook  အင်တာနက်စာမျက်နှာလည်း ရေးသားထားပါသည်။
 
ရန်ကုန်၊ ဧပြီ ၃၀

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ခံ NLD အမတ်များ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့မည် ဖြစ်ကြောင်း ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် NLD ရုံးချုပ်၌ ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။

“အလျှော့ပေး လိုက်တာလားလို့ မေးရင် ဟုတ်ပါတယ်။ အလျှော့ပေးလိုက်တာပါ။ ပြည်သူ့ဆန္ဒအတွက်ပါ” ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် မေလ ၂ ရက်နေ့တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော်သို့ တက်ရောက်ဖွယ် ရှိကြောင်း မြန်မာ့ နိုင်ငံရေး စောင့်ကြည့် လေ့လာနေသူများက ခန့်မှန်းပြောဆိုသည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီင်္ဝင် အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ တွင် ပြဋ္ဌာန်းထားသော လွှတ်တော် ကိုယ်စားလှယ်များ ကျမ်းသစ္စာဆို စာပိုဒ်ပါ စာသားကို ပြင်ဆင်မှသာ လွှတ်တော် တက်မည်ဟု ထုတ်ပြန်ထားသည်။
 
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )