22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, May 20, 2012

မင်္ဂလာဒုံ ADK အထည်ချုပ် လုပ်သားများ အခွင့်အရေး တောင်းဆို

ရန်ကုန်၊ မေ ၁၉

လုပ်ခလစာ ပြသနာဖြင့် ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပေါ်နေသော ရန်ကုန်မြို့တော် မင်္ဂလာဒုံ စက်မှုဇုန်ရှိ A Dream of Kindness အထည်ချုပ် စက်ရုံတွင် လုပ်ခလစာ တိုးမြင့်ပေးရန်၊ အလုပ်သမား အခွင့်အရေးများ တောင်းဆိုနေကြကြောင်း အဆိုပါစက်ရုံ အလုပ်သမားများက ပြောကြားသည်။

အနိမ့်ဆုံးလစာ ရှစ်သောင်းကျော် ရရှိရန် တောင်းဆိုသွားမည် ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

အလုပ်သမားများ လုပ်ခလစာ တိုးမြင့်ပေးရန်၊ အများပြည်သူ အလုပ်ပိတ်ရက် အစိုးရ ရုံးပိတ်ရက် များတွင် အလုပ်ပိတ်ပေးရန်၊ All Night (ညလုံးပေါက်) အလုပ်ကို အလုပ်သမား ဆန္ဒပါမှသာ လုပ်ကိုင်စေရန်၊ လုပ်ငန်းခွင် သာယာမှု ရှိစေရန်၊ အလုပ်သမား သမဂ္ဂ ဖွဲ့စည်းခွင့် ရရန် စသည့် အချက်များ အပါအဝင် အချက်များစွာကို တောင်းဆိုထားကြောင်း ယင်းအလုပ်သမားများက ပြောကြားသည်။

အလုပ်သမားများ လစာ တစ်လလျှင် ရက်မှန်ကြေး၊ အချိန်ပိုကြေး၊ Bonous (ဆုကြေး) အပါအဝင် စုစုပေါင်း ကျပ်လေးသောင်းကျော် ဝန်းကျင်မှ ကျပ်ခြောက်သောင်း ဝန်းကျင် အထိသာ ရရှိနေသဖြင့် စားဝတ်နေရေး အဆင်မပြေသဖြင့် ယင်းသို့ တောင်းဆိုခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။

“လစာထုတ်ရင် အိမ်ပို့နိုင်ဖို့က ဝေးသေး။ အကြွေးတောင် မဆပ်နိုင်ဘူး” ဟု အလုပ်သမား တစ်ဦးဖြစ်သူ ဦးနိုင်ထွန်းလင်းက ရှင်းပြသည်။

ယင်းပြဿနာကို မင်္ဂလာဒုံမြို့နယ် အလုပ်သမား ကြီးကြပ်ရေးရုံးကို တင်ပြတောင်းဆိုခဲ့ သော်လည်း မေလ ၁၇ ရက်နေ့တွင် မြို့နယ်ဝါဏိဇ္ဇ ပဋိပက္ခ ကော်မတီကို လွှဲပြောင်းလိုက်ပြီ ဖြစ်ကြောင်း ယင်းအလုပ်သမားများက ဆိုသည်။

အထက်ပါ ကိစ္စရပ်များနှင့် ပတ်သက်၍ A Dream of Kindness အထည်ချုပ် စက်ရုံကို ဖုန်းဆက်သွယ်သော်လည်း အဆက်သွယ် မရရှိသေးပေ။

အဆိုပါ စက်ရုံသည် မင်္ဂလာဒုံ ဥယျာဉ်မြို့တော်တွင် တည်ရှိပြီး စက်ရုံ အလုပ်သမား ၃၀၀၀ ကျော် ရှိကြောင်း အလုပ်သမားများထံမှ သိရသည်။

ရန်ကုန်မြို့တော် စက်မှုဇုန်များတွင် မေလ လဝက်အတွင်း စက်ရုံ ၁၀ ရုံကျော်တွင် ဆန္ဒပြမှု အကြိမ်ကြိမ် ဖြစ်ပွားလျှက် ရှိသည်။
The Voice Weekly
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )