22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, May 20, 2012

ဗိုလ်ချုပ်မှုးကြီးရဟတ်ယာဥရပ်ရန်အသုံးပြုခံခဲ့ရသည့် လယ်ယာမြေများလျော်ကြေးမရသေး

မန္တလေး မေ(၁၉)ရက်
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် မင်းစုကျေးရွာတွင် ၂၀၁၀ ခုနှစ်ဧပြီလက ဗိုလ်ချုပ်မှူးကြီးသန်းရွှေလာရေ
ာက်စဉ် ရဟတ်ယာဉ်ရပ်နားရန် ခေတ္တအသုံးပြုခဲ့သာ လယ်ယာမြေ ၀.၄၃ဧက အတွက် လျော်ကြေးမရရှိသေးကြောင်း သတင်းရရှိသည်။
“ ရပ်ကွက်က လူကြီးတွေက ခဏပါဆိုလို့ ပေးဌားလိုက်တာ။ ဗိုလ်ချုပ်မှူးကြီးလာပြီးသွားတေ
ာ့လည်း မြေကိုပြန်မပေးဘူး။ ဒါနဲ့ ညှိုနှိုင်းပေးဖို့တောင်းဆိုတော့ ၂၀၁၁ခုနှစ် တစ်လပိုင်း လေးရက်နေ့မှာ စက်ရုံမှူးတို့ ရပ်ကွက်ဥက္ကဌတို့ ရပ်မိရပ်ဖတွေက ညှိုနှိုင်းပေးပြီး လျော်ကြေးငွေ ဆယ့်တစ်သိန်း( ၁၁သိန်း)ကို စက်ရုံမှူးကနေ ရရှိအောင်ဆောင်ရွက်ပေးရန် ဆိုပြီး ဆုံးဖြတ်လိုက်ကြတယ်။ ဒါပေမယ့် ခု တစ်နှစ်ခွဲလောက်ရှိလာတာတောင် လျော်ကြေးမရသေးပါဘူး”ဟု အဆိုပါ လယ်ယာမြေပိုင်ရှင်ဖြစ်သူ ဦးဝင်းမြင့်၏ သမီး မခင်မျိုးဦးက ပြောသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)သည် ထိုအချိန်က ကျောက်ဆည်မြို့နယ် မင်းစုကျေးရွာတွင်ရှိသော ဆေးဝါးစက်ရုံ၊ ကြွေရည်သုတ်စက်ရုံ တို့ထံ ရဟတ်ယာဉ်ဖြင့် လာရောက်လျှင် ဆင်းသက်ရန်အတွက် အဆိုပါကျေးရွာတွင် ရှိသော စက်ရုံအနီးနားရှိ လယ်မြေကွက်ကို ခေတ္တအသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြော သည်။
 7Day News Journal
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )