22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 30, 2012

ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ် လိုသူများနှင့် ကိုယ်ပိုင်ကျောင်းဆရာအဖြစ် လုပ်ကိုင်ရန် လျှောက်ထားမှုများအား သတ်မှတ်ချက်နှင့် ပြည့်စုံပါက အရေအတွက် အကန့်အသတ်မရှိ ခွင့်ပြု

ကိုယ်ပိုင်ကျောင်း တည်ထောင် ဖွင့်လှစ်လိုသူများနှင့် ကိုယ်ပိုင်ကျောင်းဆရာအဖြစ် လုပ်ကိုင်ရန် လျှောက်ထားသူများအား သတ်မှတ်ချက်နှင့်ပြည့်စုံပါက အရေအတွက် အကန့်အသတ်မရှိ စိစစ်ကာ ခွင့်ပြုမည်ဖြစ်ကြောင်း အမှတ် ၃ အခြေခံပညာဦးစီးဌာနမှ သတင်းရရှိပါသည်။
အဆိုပါကိုယ်ပိုင်ကျောင်းများ တည်ထောင်ဖွင့်လှစ်နိုင်ရန် အတွက် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ၂၀၁၁ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၄ ဖြင့် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေ ကိုပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေအရ ၂၀၁၂ ခုနှစ် ဧပြီလ ၃၀ ရက်တွင် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်နည်းဥပဒေ များကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ သို့ဖြစ်ရာ ယခု ၂၀၁၂-၁၃ ပညာသင် နှစ်မှစတင်၍ ကိုယ်ပိုင်ကျောင်းများ ကို တည်ထောင်ဖွင့်လှစ်ခွင့်ပြုမည် ဖြစ်သဖြင့် လျှောက်ထားကြမည့်သူများ သည် ဇွန်လ ၁၂ ရက်နေ့နောက်ဆုံး ထားကာသက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်ပညာရေးမှူးရုံးများသို့ လျှောက်ထားရမည်ဖြစ်ကြောင်း သိရှိရပါသည်။

လျှောက်ထားလိုသူများ အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာ ရေးမှူးရုံးများတွင် လျှောက်လွှာများ တောင်းယူပြီး အဆိုပါရုံးများသို့ အချိန်မီ ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း  . . .

“ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ်လိုသူတွေနဲ့ ကိုယ်ပိုင်ကျောင်း ဆရာအဖြစ် လုပ်ကိုင်လိုသူတွေကို သတ်မှတ်ထားတဲ့ စည်းကမ်းချက်နဲ့ကိုက်ညီရင် အရေအတွက် အကန့်အသတ်မရှိ ခွင့်ပြုသွားမှာပါ”ဟု အမှတ် ၃ အခြေခံ ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောပါသည်။
လျှောက်ထားလိုသူများအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ပညာရေးမှူးရုံးများတွင် လျှောက်လွှာများ တောင်းယူပြီး အဆိုပါရုံးများသို့အချိန်မီ ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း သိရှိရပါသည်။
ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေ၌ ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ်လိုသော ပုဂ္ဂိုလ်သည် တစ်ဦးတည်း တည်ထောင် ဖွင့်လှစ်လိုခြင်းဖြစ်ပါက ထိုအဖွဲ့အစည်း၏ အုပ်ချုပ်မှုအဖွဲ့ဝင် အားလုံးသည် မြန်မာနိုင်ငံသားများ ဖြစ်ရမည်ဖြစ်ပြီး ကိုယ်ပိုင်ကျောင်း ဆရာမှတ်ပုံတင်လက်မှတ်ရရှိရန် လျှောက်ထားရာ၌လည်း ပြည်တွင်း (သို့မဟုတ်) ပြည်ပတက္ကသိုလ်တစ်ခု ခုမှ ပါရဂူဘွဲ့(သို့မဟုတ်)ပညာရေး ဘွဲ့ရရှိသူ၊ ပြည်တွင်း(သို့မဟုတ်) ပြည်ပတက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီး ဆရာအတတ်ပညာဆိုင်ရာဒီပလိုမာ (သို့မဟုတ်)လက်မှတ်ရရှိသူ၊ ပြည်တွင်း (သို့မဟုတ်) ပြည်ပတက္ကသိုလ် တစ်ခုခုမှဘွဲ့ရရှိပြီး ဆရာအတတ်ပညာရက်တို သင်တန်းဆင်း လက်မှတ်ရရှိသူများ၊ အထက်ဖော်ပြပါလက်မှတ်များ မရှိသူများအနေဖြင့်လည်း ပြည် တွင်း(သို့မဟုတ်) ပြည်ပတက္ကသိုလ် တစ်ခုခုမှဘွဲ့ရရှိပြီး ဘာသာရပ်ဆိုင်ရာ သင်ကြားမှု အတွေ့အကြုံအနည်းဆုံး ငါးနှစ်ရှိပါကလည်း ကိုယ်ပိုင်ကျောင်း ဆရာအဖြစ် လျှောက်ထားနိုင်ကြောင်း သိရှိရပါသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )