22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 30, 2012

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တွင် stock exchange data center များ တည်ဆောက်ရန်နှင့် နည်းပညာလွှဲပြောင်းရန် ဂျပန် တိုကျိုစတော့အိပ်ချိန်းနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် stock exchange data center များ တည်ဆောက်ရန်နှင့် နည်း ပညာလွှဲပြောင်းသည့် ဂျပန်နိုင်ငံတိုကျိုစတော့ အိပ်ချိန်း၊ Diawai Institute of research Ltd နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို မေလ ၂၉ ရက်နေ့က နေပြည်တော်ရှိ အမရာဟိုတယ်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
“အခုနားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးတာ အဓိကကတော့ stock exchange နဲ့ပတ်သက်တဲ့ data center  တွေ တည်ဆောက်ဖို့၊ ဂျပန်က နေလိုအပ်တဲ့ နည်းပညာတွေပေးဖို့ အတွက်ပါ။ သူတို့ဘက်က သတင်းမီဒီယာလေးခု ပါလာတယ်ဆိုတော့ ဒီ stock exchange လုပ်ငန်းတွေကို စိတ်ဝင်စားတယ် ဆိုတာပြသတာပါပဲ” ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
အလားတူ တိုကျိုစတော့အိပ်ချိန်း၏ အကူအညီဖြင့် မြန်မာစတော့ အိပ်ချိန်းများဖြစ်သော ရန်ကုန်နှင့် မန္တလေးစတော့ အိပ်ချိန်းတို့ကို ၂၀၁၄ ခုနှစ်တွင် တည်ထောင်ရန် ပြင်ဆင်နေကြောင်းနှင့် မြန်မာနိုင်ငံတွင် အရင်းအနှီးဈေးကွက် ဖြစ်ထွန်းရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် တိုကျိုစတော့အိပ်ချိန်း၊ Daiwa Insitute of Research တို့ အကြား ညှိနှိုင်းဆောင်ရွက်မှု ရှိနေကြောင်းလည်း သတင်း ရရှိသည်။
မြန်မာနိုင်ငံတွင် တည်ထောင်မည့် အရင်းအနှီးဈေးကွက်တွင် အစိုးရ နှင့် အစိုးရအဖွဲ့အစည်းများ၊ ကာလ ရှည်ချေးငွေများကို ဆောင်ရွက်ပေးမည့် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးဘဏ်များ အပါအ၀င်ဘဏ်များ၊ စည်ပင် သာယာရေး အဖွဲ့အစည်းများ၊ အများပိုင်ကုမ္ပဏီများ ပါဝင်ကြမည်ဖြစ်ပြီး ငွေချေးသက်သေခံ လက်မှတ်များ၊ ငွေချေးစာချုပ်များ၊ စတော့ရှယ်ယာများ၊ နိုင်ငံခြားငွေများနှင့် ငွေရေးကြေးရေးရရန်ပိုင်ခွင့်များ အပေါ် တာဝန်ခံမှု ကတိစာချုပ်များကို အရောင်းအ၀ယ်ပြုလုပ်ကြမည်ဖြစ်သည်။
ထို့အတူ ပြည်ပနိုင်ငံများမှ ကိုယ်စားလှယ်ဘဏ်များ ဖွင့်လှစ်ရန် ကမ်းလှမ်းထားမှုများ တိုးလာကြောင်း နှင့် အိမ်နီးနားချင်းနိုင်ငံများမှ ကိုယ်စားလှယ်များ ဖွင့်လှစ်ရန် စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )