22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 30, 2012

မြန်မာနိုင်ငံ၏ တရားဝင် ပတ္တမြားထုတ်လုပ်နိုင်မှု နှစ်စဉ်ကျဆင်းလျှက်ရှိပြီး လေးနှစ်အတွင်း တစ်ဆနီးပါး ထပ်မံထိုးကျ

591
မိုးကုတ်မြို့တစ်နေရာအား တွေ့မြင်ရစဉ်     photo: www.palagems.com
မြန်မာနိုင်ငံ၏ တရားဝင် ပတ္တမြားထုတ်လုပ်နိုင်မှုမှာ နှစ်စဉ် ကျဆင်းလျှက်ရှိပြီး လေးနှစ်အတွင်း တစ်ဆနီးပါးအထိ ထပ်မံထိုးကျလာကြောင်း ၂၀၁၁-၁၂ ဘဏ္ဍာ ရေးနှစ်တွင်ကာရက်ပေါင်း တစ်သန်းကျော်သာ ထုတ်လုပ်နိုင်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။
တရားဝင် ပတ္တမြားထုတ်လုပ်နိုင်မှုမှာ လွန်ခဲ့သည့် လေးနှစ်က ကာရက်ပေါင်း ၁ ဒသမ ၈ သန်း ကျော်ထုတ်လုပ်နိုင်ခဲ့သော်လည်း နှစ်စဉ်ထုတ်လုပ်နိုင်မှု လျော့ကျလာပြီး ယခုနှစ်တွင် ကာရက်ပေါင်း တစ်သန်းကျော်သာ တူးဖော်ထုတ်လုပ်နိုင်သည်ဟု နိုင်ငံတော်မှ တရားဝင် ထုတ်ပြန်ထားသည်။
“တရားဝင်ပတ္တမြား ထုတ်လုပ်တယ်လို့ပြောရတာက တရားဝင် စာရင်းထဲရောက်တာကို ပြောတာ။ တချို့မှောင်ခိုသွားတာတဲ့ ပမာဏရှိချင်ရှိမှာလေ။ အခုစာရင်းအရ ပတ္တမြားထုတ်တာ နှစ်စဉ်လျော့ကျတယ်လို့ ပြထားတယ်။ ကုမ္ပဏီ လျော့မသွားဘူး။ ထုတ်တာလျော့ မသွားဘူး။ ထွက်တဲ့နှုန်းပဲ လျော့ သွားတာလေ။ မြေအောက်သယံ ဇာတဆိုတာ အကန့်အသတ်မဲ့တူး ရင်သူရှိသလောက် ပမာဏအတိုင်းတော့ ထွက်နေမှာပဲ အဲဒီပမာဏကုန်ရင် ကုန်သွားမှာပဲ။ အခုနည်းလာတဲ့ လက္ခဏာကိုပြတာ၊ အရင်လို မဟုတ်ဘဲ ရှားပါးလာတာကို ပြတာ။ နောက်ဆိုကုန်တောင် ကုန်သွားနိုင်တယ်လေ။ ဒါကိုနမူနာယူပြီး တာဝန်ရှိပါတယ် ဆိုတဲ့သူတွေ အနေနဲ့ကတော့ မြေအောက် သယံဇာတတွေ ထုတ်လုပ်ဖို့လာရင် အရမ်းစွတ်ပြီးလက်မခံဖို့လို တယ်ဆိုတာပြတာပဲ”ဟု ဘူမိဗေဒဖြင့် ဘွဲ့ရထားသူတစ်ဦးက ပြောပြခဲ့သည်။
“ပတ္တမြားထွက်တာကတော့ အရင်ကလိုမရတော့ဘူး။ အရည်ကောင်းတာရဖို့က မလွယ်တော့ဘူး။ ကျောက်တွင်းကလည်း တောတွေ တောင်တွေတောင် ကုန်တဲ့အထိတူး၊ မိုင်းခွဲ အဲဒီလောက်ထိ အင်နဲ့အားနဲ့တူးတော့လည်း တစ်နှစ်ထက် တစ်နှစ် နည်းလာမှာပေါ့”ဟု မိုးကုတ်မြို့မှ ဒေသခံကျောက်မျက် တူးဖော်သူတစ်ဦးက ပြောပြခဲ့သည်။
ပတ္တမြားတစ်မျိုးတည်းသာ နှစ်စဉ် ထုတ်လုပ်မှု ကျဆင်းလျှက်ရှိပြီး ကျန်ရှိသော ကျောက်မျက်အချို့မှာ တရားဝင် ထုတ်လုပ်မှုစာရင်း ထုတ်ပြန်ချက်အရ မကျဆင်းသေးသည့် အနေအထားတွင် ဆက်လက် ထိန်းသိမ်းတူးဖော်မှု ပြုသင့်သည်ဟုလည်း သုံးသပ်ခဲ့ကြပါသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )