22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, September 16, 2012

""ရခိုင်လယ်သမား လင်မယားအား ဘင်္ဂလီများ သေနတ်ဖြင့် တိုက်ခိုက်ခြင်းဟုဆို""

ရခိုင်ပြည်နယ် မောင်တောမြို့ တောင်ပိုင်း အမှတ်(၆)ရပ်ကွက် လေးမိုင်အပိုင်
ရွာသာယာကျေးရွာသား တဦး မှာသေနတ် ဒဏ်ရာဖြင့် မောင်တောဆေးရုံသို့
 ရောက်ရှိနေ ကြောင်းသတင်း ရရှိသည်။


သေနတ်ဒဏ်ရာနှင့် ဆေးရုံးသို့ရောက်နေသူမှာ အသက် ၅၀ကျော်ရှိ ဦးအောင်လှဖြူဖြစ်ပြီး
အခင်းဖြစ်ပွားသည့် လယ်တဲက ဇနီးဖြစ်သူ အသက် ၅၀ ၀န်းကျင်ရှိ ဒေါ်မအောင်စိန်မှာ
ထွက်ပြေးလွတ်မြောက် သွားသည်ဟုဆို သည်။

“ခုဆေးရုံကို ရောက်နေတဲ့ ဦးအောင်လှဖြူမှာ ခေါင်းမှာဒဏ်ရာရတယ်။ အသက်
အန္တရာယ်တော့မစိုးရိမ်ရဘူး။ ခဲကျည်တွေခေါင်းမှာ တွေ့တယ်။ ခွဲစိတ်ကုသဖို့အတွက် ခုဘူးသီးတောင် ဆေးရုံးကို ယူဖို့ပြင်နေတယ်“ ဟုကိုယ် တိုင်သွားရောက် ကြည့်ရှုသူ
 ဦးမောင်ခိုင် က ရွှေမြန်မာမီဒီယာဂရု သို့   ပြောသည်။

ဖြစ်ပုံနှင့် ပတ်သက်ပြီး၎င်းက “စက်တင်ဘာ ၁၄ရက်နေ့ ညနေ ၇နာရီခွဲ
မှာဖြစ်တာပါ။

ဘင်္ဂလီလက်နက် ကိုင်အယောက် ၂၀ကျော်က အရင်ဆုံး ဦးအောင်လှဖြူ ဇနီးဆံပင်ကို
ဆွဲလားယမ်းလား လုပ်တယ်။

 အဲဒါကြောင့် ခင်ပွန်းဖြစ်သူက ခုခံဖို့ကြိုးစားတဲ့ အချိန်မှာ သေနတ်နဲ့ပစ်ပြီး
လဲကျန်ရစ်ပြီးမှ ထွက်ပြေးသွားတယ်လို့ လူနာ အပြောကို ကိုးကာပြီး
ဦးမောင်ခိုင် ပြောသည်။

အဆိုပါ သေနတ်ပစ်ဖေါက်သံ ကြားရ၍ရွာသားများ သွားရောက်ကာ ဒဏ်ရာရသူ
ဦးအောင်လှဖြူကို အဆိုပါနေ့  က ချက်ချင်းမောင်တော ဆေးရုံးသို့ သယ်ယူ
ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

သူတို့ ဇနီးမောင်နှံနှစ်ဦးသည် ရွာသာယာရွာမှဖြစ်ပြီး ကင်ပြင်သာစိန်နှင့်
ကံသာယာအကြား လယ်တဲတခုတွင် လယ် လုပ်ကိုင် စားသောက်နေရင်း
ယခုလို အသက်အန္တရာယ်ကို ရန်ပြုခြင်း ခံလိုက်ရသည်ဟု သိရသည်။

ယခုအခါ အခင်းဖြစ်ပွားသည့် နေရာသို့ သက်ဆိုင်ရာ အာဏာပိုင်တပ်ဖွဲ့များက လိုက်လံရှာဖွေမှုများ ပြုလုပ် နေသည်ဟု ဆိုသည်။

 တိုက်ဆိုင်မှုတစ်ခုမှာ ပြည်ခိုင်ဖြိုးပါတီ၏ ရခိုင်ပြည်နယ်တာဝန်ခံ ဦးမောင်ဦး ရောက်နေစဉ် ဤကဲ့သို့ ဖြစ်ပျက်ခြင်းဖြစ်သည်။

နောက်ဆုံးသတင်းပေးပို့ ချက်အရခေါင်းက ခဲကျည် ၄လုံးကို မောင်တောမှာထုတ်ယူပြီး
 နောက်ကျန်ရှိနေသောခဲကျည်များကိုထုတ်ယူရန်အတွက်ဘူးသီးတောင်ဆေးရုံးသို့ 
သယ်ဆောင်သွားကြောင်းသိရသည်။

တည်ငြိမ်မှု စပြုလာသည့် မောင်တောမြို့တွင် ယခုလိုပစ်ခတ် သတ်ဖြတ်မှုများ
 ဖြစ်ပေါ်လာနေသည့် အတွက် မောင်တောမြို့ခံသားနှင့် နယ်တွင်ရှိ
လူနည်းစုများဖြစ်သည့် ရခိုင်သားများအနေဖြင့် အလွန်တရာစိုးရိမ် ကြောင့်
 ကြမှုများ တိုးပွားလာသည်ဟု သိရသည်။

  ရွှေမြန်မာမီဒီယာ သတင်းထောက်မှ ပို့ ပေးသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )