လူကာမိုဒရစ်အား ရရှိရေး အားပြိုင် ကြိုးပမ်းမှုတွင် ပြင်သစ် ထိပ်တန်းကလပ် ပဲရစ်စိန့်ဂျာမိန်း (PSG)လည်း ပါဝင်လာပြီ ဖြစ်သည်။
PSGအသင်း၏ နည်းပြ ကာလို အန်ဆလော့တီသည် တော့တင်ဟမ် ဟော့စပါး အသင်း၏ ခရိုအေးရှား လက်ရွေးစင် ကွင်းလယ် ကစားသမားအား ခေါ်ယူရန် ကြိုးပမ်းသွားမည်ဟု သိရှိရသည်။ မန်ချက်စတာ ယူနိုက်တက် အသင်းက အသက်(၂၆)နှစ်အရွယ် မိုဒရစ်ကို ခေါ်ယူရန် စီစဉ် နေချိန်တွင် PSG က ပိုမို ကောင်းမွန်သော ငွေကြေးပမာဏမျိုး အဆိုပြုကာ စပါး အသင်းနှင့် ကစားသမား တို့ကို ဆွဲဆောင်ရန် စီစဉ်နေသည်။ PSGသည် လာမည့် ဘောလုံးရာသီ ဥရောပ ချန်ပီယံလိဂ် ၀င်ခွင့် ရရှိထားသည့် အသင်းလည်း ဖြစ်သည်။
PSG မှ ကမ်းလှမ်းဖွယ် ရှိသည့် မိုဒရစ်
ချယ်လ်ဆီး အသင်း မန်နေဂျာဟောင်း အန်ဆလော့တီသည် မိုဒရစ်၏ ခြေစွမ်းကို နှစ်သက် လေးစားသူ တစ်ဦးဖြစ်ပြီး PSG အသင်း၏ ကစားသမားသစ် ရှာဖွေရေး ကင်းထောက်များသည် ခရိုအေးရှားက အိုင်ယာလန်အား အနိုင်ရသည့် ဥရောပ ဖလား ပွဲစဉ်တွင် မိုဒရစ်၏ ကစားပုံကို စောင့်ကြည့် လေ့လာခဲ့ကြသည်။ PSG သည် နွေရာသီတွင် ကြယ်ပွင့် ကစားသမားများကို ကမ်းလှမ်းခေါ်ယူရန် စီစဉ်ထားပြီး အက်ဇ်ကွီရယ်လ် လာဗက်ဇီ၊ သီယာဂို ဆေးလ်ဗားနှင့် လူးဝစ်ဆွာရက်ဇ်တို့အား ပစ်မှတ်ထားလျှက် ရှိသည်။
မန်ချက်စတာ ယူနိုက်တက် အသင်းက အသက်(၂၆)နှစ်အရွယ် မိုဒရစ်ကို ခေါ်ယူရန် စီစဉ် နေချိန်တွင် PSG က ပိုမို ကောင်းမွန်သော ငွေကြေးပမာဏမျိုး အဆိုပြုကာ စပါး အသင်းနှင့် ကစားသမားတို့ကို ဆွဲဆောင်ရန် စီစဉ်နေ...
စပါးသည် မိုဒရစ် အတွက် ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် သန်း(၃၀)ထိ သတ်မှတ်ထားပြီး လက်ရှိတွင် ၎င်းအား ရီးယဲလ်မက်ဒရစ်နှင့် ချယ်လ်ဆီးတို့ ကလည်း ဆက်သွယ်နေသည်။ အခြားသော သတင်းများ အရ ခရူဝီ အလက်ဇန္ဒား အသင်းမှ မန်ယူအသင်း ခေါ်ယူနိုင်ရန် နောက်ဆုံးအဆင့် ညှိနှိုင်းနေသည့် အသက်(၁၈)နှစ် အရွယ် ကွင်းလယ် ကစားသမားလေး နစ်ခ်ပိုဝဲလ်က ၎င်းသည် ခရူဝီတွင် (၁)ရာသီ အငှားပြန် ကစားရန် အစီအစဉ်မရှိဟု ငြင်းဆန် ထားကြောင်းလည်း သိရှိရသည်။
Ref: Daily Mail
4:38 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com