အဲဗာတန် အသင်း၏ ကွင်းလယ်လူ မော်ရို ဖယ်လိုင်နီက ၎င်းအနေဖြင့် အသင်းမှ ထွက်ခွာနိုင်သည် ဆိုသော သတင်းများကို ငြင်းဆန်ခဲ့ခြင်း မရှိဟု သိရှိရသည်။
ချယ်လ်ဆီး အသင်းက အသက်(၂၄)နှစ်အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူကို ဆက်သွယ်နေကြောင်း သတင်းများ တွင်တွင်ကျယ်ကျယ် ထွက်ပေါ်နေပြီး ကစားသမား ကိုယ်တိုင်ကလည်း ထိပ်တန်းအဆင့် ပြိုင်ပွဲများတွင် ပါဝင်ခွင့်ရရန် အလို ရှိနေကြောင်း ခန့်မှန်းမှုများ ရှိနေသည်။ နိုဝင်ဘာလကမှ အဲဗာတန်နှင့် စာချုပ်သစ် လက်မှတ် ရေးထိုးထားသည့် ဖယ်လိုင်နီက မိမိသည် ဂွတ်ဒီဆင်ပါ့ခ် ကွင်းကြီးတွင် အချိန် ကြာမြင့်စွာ ဆက်ရှိနေမည် ဆိုသော အာမခံချက်မျိုး ပေးမသွားကြောင်းလည်း သိရသည်။
အဲဗာတန်တွင် ဆက်နေရန် မသေချာသည့် ဖယ်လိုင်နီ
၎င်းက "ပြောင်းသင့်တဲ့ အခြေအနေမျိုး ရှိလာရင် ကျွန်တော် အသင်းပြောင်းပါမယ်။ မဟုတ်ရင် ကျွန်တော် အဲဗာတန်မှာ ဆက်ကစားပါမယ်။ ကျွန်တော့်မှာ ရည်မှန်းချက် တစ်ခု ရှိပါတယ်။ ချန်ပီယံ လိဂ်မှာဖြစ်ဖြစ်၊ ယူရိုပါ လိဂ်မှာဖြစ်ဖြစ် ကစားချင်တာပါ။ ပြီးခဲ့တဲ့ ရာသီက အဲဗာတန်ဟာ အဆင့်(၇)နဲ့ ရာသီသိမ်းတာကြောင့် ဥရောပ၀င်ခွင့် မရခဲ့ပါဘူး။ ဒါဟာ ရှက်စရာ ကိစ္စ တစ်ခုပါပဲ" ဟု ပြောဆိုသွားသည်။ ဖယ်လိုင်နီက "တကယ်လို့သာ ရည်မှန်းချက် ကြီးမားတဲ့ အသင်း တစ်ခုခု ကျွန်တော့်အတွက် ကမ်းလှမ်းလာရင် ဘာကြောင့် လက်မခံရမှာလဲ။ ဘာပဲဖြစ်ဖြစ် လောလောဆယ် ကျွန်တော် အနားယူနေဆဲပါ။ အပြောင်းအရွှေ့ သတင်းတွေကို သိပ်ပြီး အာရုံ မစိုက်ချင်သေးဘူး။ နှစ်တိုင်းလိုလို ကျွန်တော် အသင်းပြောင်းမယ်လို့ သတင်း ထွက်ခဲ့ပြီး အဲဗာတန်မှာ ဆက်ရှိနေခဲ့တယ်။ အဲဗာတန်မှာ ကျွန်တော့် စာချုပ်သက်တမ်း (၄)နှစ် ရှိသေးသလို အသင်းမှာလည်း ပျော်နေပါတယ်" ဟုလည်း ပြောကြား သွားခဲ့သည်။
ပြောင်းသင့်တဲ့ အခြေအနေမျိုး ရှိလာရင် ကျွန်တော် အသင်းပြောင်းပါမယ်။ မဟုတ်ရင် ကျွန်တော် အဲဗာတန်မှာ ဆက်ကစားပါမယ်...
4:39 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com