22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, June 12, 2012

စပိန်၏ မျှော်လင့်ချက် များကို ရှင်သန်စေသည့် အတွက် ဖာဘရီဂက်စ်အား အင်နီယေစတာ ကျေးဇူးတင်

မိမိတို့ အသင်း၏ မျှော်လင့်ချက်များကို ရှင်သန် စေခဲ့သည့် အတွက် ဆက်စ်ဖာဘရီဂက်စ်အား ကျေးဇူး တင်မိကြောင်း စပိန် လက်ရွေးစင် ကွင်းလယ်လူ အန်းဒရက်စ် အင်နီယေစတာက ပြောကြားလိုက်သည်။

စပိန်သည် ဥရောပ ဖလား အုပ်စု ပွဲဦးထွက်တွင် အီတလီကို (၁-၀)ဖြင့် အရေးနိမ့်နေသော်လည်း ဖာဘရီဂက်စ်၏ ချေပဂိုးကြောင့် အုပ်စုကျပ်တွင် အလွန် အရေးပါသည့် ရမှတ် (၁)မှတ်ကို ပိုင်ဆိုင်နိုင်ခဲ့သည်။ အင်နီယေစတာက မိမိ၏ ဘာစီလိုနာ အသင်းဖော်သည် စပိန် လက်ရွေးစင် အသင်းအတွက် အကောင်းဆုံး ရှေ့ဆက်နိုင်မည့် အခွင့်အရေးကို ဆောင်ကြဉ်း ဖန်တီး ပေးခဲ့ကြောင်း ချီးကျူးခဲ့သည်။ "အီတလီက ဂိုးသွင်းပြီး သိပ်မကြာခင် ကျွန်တော်တို့ ပြန်ချေပ နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အီတလီဟာ သူတို့ရဲ့ အားသာတဲ့ ခံစစ်အထိုင်ချ ပုံစံကို ပိုင်ပိုင်နိုင်နိုင် ကျင့်သုံးခွင့် မရခဲ့ပါဘူး" ဟု အင်နီယေစတာက ဆိုသည်။
စပိန်အတွက် ဂိုးသွင်းပေးခဲ့သည့် ဖာဘရီဂက်စ်

၎င်းက "ဒေးဗစ်ဆေးလ်ဗား ပေးပို့လိုက်တဲ့ ဘောလုံးကို ဆက်စ်က အကောင်းဆုံး အသုံးချပြီး ဂိုးသွင်းခဲ့ပါတယ်။ ဒီဂိုးဟာ ကျွန်တော်တို့ အသင်းကို ပွဲထဲ ပြန်ဆွဲသွင်းလိုက်တာပါပဲ။ ပြောရရင် သူ့ရဲ့ သွင်းဂိုးဟာ စပိန်အတွက် သိပ်အရေး ပါခဲ့ပါတယ်"ဟုလည်း မှတ်ချက်ပြုခဲ့သည်။ စပိန် ကွင်းလယ်လူ ရှာဘီ အလွန်ဆိုက "ဒီပွဲမှာ ကျွန်တော်တို့ဟာ အသင်းရဲ့ ဟန်အတိုင်း ဘောလုံး အပေးအယူကို အားပြုပြီး ကစားနိုင်ခဲ့ပါတယ်" ဟု ဆိုသည်။ အီတလီ နည်းပြ ဆီဇာရီ ပရင်ဒယ်လီက ယခုပွဲတွင် အပိုင်နိုင်ဆုံး အခွင့်အရေး တစ်ခုကို ဆုတ်ဆိုင်း နှေးကွေးမှုဖြင့် ဖြုန်းတီးပစ်ခဲ့သူ မာရီယို ဘာလော့တယ်လီအား အပြစ် တင်နေမည် မဟုတ်ကြောင်း ပြောဆိုသွားသည်။
အီတလီက ဂိုးသွင်းပြီး သိပ်မကြာခင် ကျွန်တော်တို့ ပြန်ချေပ နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အီတလီဟာ သူတို့ရဲ့ အားသာတဲ့ ခံစစ်အထိုင်ချ ပုံစံကို ပိုင်ပိုင်နိုင်နိုင် ကျင့်သုံးခွင့် မရခဲ့ပါဘူး...
Ref: The Sun
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )