22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, June 12, 2012

ရန်ပွဲ ဖြစ်သွားသည့် ဂူသရီ၏ မင်္ဂလာပွဲ

နယူးကာဆယ်လ် ယူနိုက်တက် ကစားသမား ဒန်နီ ဂူသရီ အတွက် ပျော်ရွှင်စရာ လက်ထပ်ပွဲသည် ရန်ပွဲအဖြစ် ပြောင်းလဲ သွားခြင်းကြောင့် စိတ်ပျက်စရာ ဖြစ်ခဲ့ရကြောင်း သိရသည်။

အသက်(၂၅)နှစ်ရှိ ဂူသရီနှင့် သတို့သမီး ရေဘက္ကာတို့သည် ပေါင်စတာလင် (၄၀၀၀၀)တန် မင်္ဂလာ ဧည့်ခံပွဲ ဖြစ်ချင်တိုင်း ဖြစ်နေသည်ကို စိတ်ပျက်လက်ပျက် စောင့်ကြည့် နေခဲ့ရသည်။ ယော့ခ်ရှိုင်းယား အနီးတွင် တည်ရှိပြီး တစ်ချိန်က မင်းသား ဖရက်ဒရစ် ပိုင်ဆိုင်ခဲ့ဖူးသည့် အာလတ်တန် ရဲတိုက်ကြီးတွင် ပြုလုပ်ခဲ့သော လက်ထပ်ပွဲသည် ကန်စောင်းရှိ ဧည့်ခံပွဲ တစ်ခုဖြင့် လှလှပပ မွမ်းမံ ပြင်ဆင် ထားသော်လည်း ပြဿနာများ စတင်လာရာမှ ပွဲတစ်ခုလုံး ပျက်စီးခဲ့ရသည်။
ဂူသရီ၏ မင်္ဂလာပွဲ

ဧည့်သည်များသည် ဧည့်ခံထားသည့် ပုစွန်ထုပ် ဟင်းလျာများဖြင့် တစ်ဦးကို တစ်ဦး ပစ်ပေါက်နေခဲ့ကြရာ နောက်ဆုံးတွင် ရဲများပါ ရောက်လာ ခဲ့ရသည်။ အသက်(၂၃)နှစ်အရွယ် သတို့သမီးမှာ မျက်နှာတွင် လက်သီးဖြင့် အထိုးခံရသဖြင့် ဆေးရုံပါ ရောက်သွားပြီး စစ်ဆေး စမ်းသပ်မှု ခံယူခဲ့ရသည်။ ဂူသရီတို့၏ (၃)နှစ် အရွယ် သမီးလေး ဆီနာမှာ စောစောစီးစီး ဟိုတယ် ပြန်သွားခဲ့သည်။ ရဲတိုက်၏ မန်နေဂျာများက ရဲတပ်ဖွဲ့ဝင်များ နှစ်ကြိမ်တိုင် လာရောက်ခဲ့ကြောင်း အတည်ပြု ပြောဆိုခဲ့ကြသည်။ မင်္ဂလာပွဲ တက်ရောက်ခဲ့သူ အချို့က ပြဿနာ စဖြစ်ရသည့် အကြောင်းရင်းကို တိတိကျကျ ပြောရန် ခက်ခဲနေဆဲဖြစ်ပြီး အမူး လွန်လာသူ တစ်ဦးဦးကြောင့် စတင်သည်ဟု ယူဆရကြောင်း မှတ်ချက် ပေးခဲ့ကြသည်။

ဘာဖြစ်လဲဆိုတာ လာမပြောပါနဲ့။ ကျွန်မ သိလည်း မသိဘူး။ သိလည်း မသိချင်ဘူး။ ဒါမျိုးတွေ ဖြစ်လာတာ စိတ်ပျက်လွန်းလို့ပါ။ ခုလောလောဆယ် ဒန်နီရဲ့ အေးဂျင့်နဲ့သာ စကား ပြောကြပါ...
ရဲတပ်ဖွဲ့က မနက် စောစောစီးစီး ဖြစ်ပွားသော ရန်ပွဲနှင့် ပတ်သက်ပြီး ပထမ အကြိမ် သွားရောက်စဉ် ကတည်းက ဧည့်သည် အတော်များများ လူစုခွဲကာ ပြန်ကုန်ပြီ ဖြစ်ကြောင်းနှင့် မည်သူ့ကိုမျှ မဖမ်းဆီးခဲ့ကြောင်း ပြောဆိုခဲ့သည်။ သတို့သမီး ရေဘက္ကာက "ဘာဖြစ်လဲဆိုတာ လာမပြောပါနဲ့။ ကျွန်မ သိလည်း မသိဘူး။ သိလည်း မသိချင်ဘူး။ ဒါမျိုးတွေ ဖြစ်လာတာ စိတ်ပျက်လွန်းလို့ပါ။ ခုလောလောဆယ် ဒန်နီရဲ့ အေးဂျင့်နဲ့သာ စကား ပြောကြပါ" ဟု သတင်းထောက်များအား ဖြေကြားခဲ့သည်။ ဧည့်ခံပွဲသို့ ပုစွန်ထုပ်များ ပေးပို့ခဲ့ရသည့် ကုမ္ပဏီက "ဒါဟာ ကျွန်တော်တို့ ဖောက်သည်ရဲ့ ကိစ္စတစ်ခု ဖြစ်ပြီး ဒီအကြောင်းကို ဆွေးနွေးဖို့ အတွက် ကျွန်တော်တို့ စည်းစောင့်ရပါမယ်။ ဘာမှ မပြောလိုပါဘူး" ဟု ကြေညာခဲ့သည်။
Ref: Daily Mail
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )