22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, June 12, 2012

ဂိုးသွင်းပြီးနောက် အင်္ဂလန် အရန် ခုံတန်းဘက် လှောင်ပြောင် အောင်ပွဲ ခံခဲ့သည့် နာဆရီ

ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ဆမ်မီနာဆရီသည် ဥရောပ ဖလား ပြိုင်ပွဲတွင် အင်္ဂလန်ဘက် ချေပဂိုး သွင်းယူပြီးနောက် ပြိုင်ဘက် အသင်း၏ အရန် ခုံတန်းဘက်သို့ လှည့်ကာ လှောင်ပြောင်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန်ချက်စတာ စီးတီးတွင် အတူတွဲ ကစားနေသည့် အသင်းဖော် ဂျိုလီယန် လက်စ်ကော့တ်က အင်္ဂလန် အတွက် ဦးဆောင်ဂိုးကို သွင်းယူ ထားပြီးနောက် (၃၉)မိနစ်တွင် နာဆရီက အဝေး ကန်ချက်ဖြင့် ချေပဂိုး သွင်းယူခဲ့သည်။ The Sun သတင်းစာက နာဆရီသည် ဂိုးသွင်းပြီး အောင်ပွဲ ခံချိန်တွင် အရန်ခုံမှ အင်္ဂလန် ကစားသမားများ ဘက်သို့ ရည်ရွယ်ကာ "မင်းတို့ အပေါက်တွေ ပိတ်ထား" ဟု ပြင်သစ် ဘာသာဖြင့် အော်ဟစ်ရင်း နှုတ်ခမ်းပေါ်တွင် လက်ညှိုး တစ်ချောင်း ကပ်ကာ တိတ်တိတ်နေရန် အမူအယာ ပြုလုပ် လှောင်ပြောင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
လှောင်ပြောင် အောင်ပွဲခံခဲ့သည့် နာဆရီ

ပြင်သစ် ဘာသာဖြင့် "ferme ta gueule"ဟု အော်ဟစ်နေသော နာဆရီသည် အင်္ဂလန် အသင်း မန်နေဂျာ ရွိုင်ဟော့ဂ်ဆန်နှင့် လက်ထောက်ဖြစ်သူ ဂယ်ရီနဗီးလ်တို့အား ဦးတည် ခဲ့ခြင်းဟုလည်း ယင်းသတင်းစာက ဆိုသည်။ နာဆရီက ၎င်းသည် မန်စီးတီး အသင်းဖော် ဂျိုးဟတ် စောင့်ရှောက်သော ဂိုးပေါက်ထဲ ဘောလုံးကို ကန်သွင်းနိုင်ခဲ့သည့် အတွက် ကျေနပ်ကြောင်းလည်း ဆိုသည်။ "ကျွန်တော် ဂိုးသွင်းနိုင်တာ ပျော်တယ်။ မန်စီးတီးကို ပြန်ရောက်ရင်တော့ ဟတ်ကို ကျွန်တော် စလို့နောက်လို့ ကောင်းသွားပြီ" ဟု နာဆရီက ပြောကြားခဲ့သည်။

နာဆရီသည် ဂိုးသွင်းပြီး အောင်ပွဲ ခံချိန်တွင် အရန်ခုံမှ အင်္ဂလန် ကစားသမားများဘက်သို့ ရည်ရွယ်ကာ "မင်းတို့ အပေါက်တွေ ပိတ်ထား" ဟု ပြင်သစ် ဘာသာဖြင့် အော်ဟစ်ရင်း နှုတ်ခမ်းပေါ်တွင် လက်ညှိုးတစ်ချောင်းကပ်ကာ တိတ်တိတ်နေရန် အမူအယာပြုလုပ် လှောင်ပြောင်ခဲ့...
ပြင်သစ်နည်းပြ လောရင့်ဘလန့်က နာဆရီ၏ အောင်ပွဲခံမှုနှင့် ပတ်သက်ပြီး သီးခြား မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ "ဒီကိစ္စက သူနဲ့ သူ့ကို ရှုတ်ချခဲ့သူတွေ ကြားက ဆက်နွယ်မှုပါ။ ဒါဟာ တစ်ဦးချင်းကိစ္စနဲ့ ပုဂ္ဂလိက ဆန်ဆန် တုံ့ပြန်မှု ဖြစ်ပါတယ်။ ကျွန်တော်ကတော့ နာဆရီဟာ ဂိုးသွင်းပြီး ပျော်ရွှင် နေတယ်လို့ပဲ ထင်ပါတယ်။ ကျွန်တော်တို့ဟာ အခြေအနေ တစ်ခုမှာ မမျှော်လင့်တာတွေ ကြုံတတ်ကြတာပါပဲ။ သူကစား သွားတာ ကောင်းမွန်ပါတယ်" ဟု ဘလန့်က ပြောဆိုသွားသည်။
Ref: The Sun
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )