22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, June 12, 2012

ဂီရော့ဒ်ကို အပြီးသတ် ခေါ်ယူနိုင်ရန် နီးစပ်လာသည့် အာဆင်နယ်

ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အိုလီဗီယာ ဂီရော့ဒ်ကို ခေါ်ယူရန် အတွက် အာဆင်နယ် အသင်း၏ လုပ်ဆောင်နေမှုများ အခြေအနေ တိုးတက်လာနေကြောင်း သိရှိရသည်။

အာဆင်နယ် အသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက ပြင်သစ်လီဂူးတွင် (၂၅)ဂိုး သွင်းယူကာ မွန့်ပယ်လီယေး အသင်းအား ချန်ပီယံ ဖြစ်လာစေရန် စွမ်းဆောင်ပေးခဲ့သည့် တိုက်စစ်မှူးအား ချိတ်ဆက်လျှက် ရှိနေသည်။ အာဆင်နယ်သည် ဂျာမန် လက်ရွေးစင် ရှေ့တန်းလူ လူးကက်စ် ပိုဒေါ့စကီးကို ၀ယ်ယူထားပြီး ဖြစ်သည့်တိုင် ဂီရော့ဒ်ကိုပါ ချိတ်ဆက် ကမ်းလှမ်းနေခြင်း ဖြစ်သည်။ အာဆင်နယ်သည် နစ်ကလက်စ် ဘန်တနာ၊ မော်ရိုချာမက်ခ်၊ ပါ့ခ်ချူယောင်းတို့အား ရောင်းထုတ်ပြီး တိုက်စစ် စုဖွဲ့မှုကို အပြောင်းအလဲ ပြုလုပ်သွားရန် ရည်ရွယ်ထားသည်။
ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အိုလီဗီယာ ဂီရော့ဒ်

ဂီရော့ဒ်သည် ပေါင်စတာလင် (၁၃)သန်း တန်ကြေးသတ်မှတ် ခံထားရပြီး ဘယ်ခြေကန်ချက်များ ပိုင်နိုင်ထူးချွန်ကာ နေရာလွတ်ရှာ ဂိုးသွင်းယူရာတွင် အကွက်မြင်သူ တစ်ဦးဖြစ်သည်။ အကယ်၍ အမ်းမရိတ်စ်သို့ ဂီရော့ဒ် ရောက်ရှိလာပါက အာဆင်နယ်တွင် (၈)ရာသီကြာ ကစားပေးပြီး ဖြစ်သည့် အသင်းခေါင်းဆောင် ဗန်ပါစီ၏ အပြောင်းအရွှေ့သည် ပိုမို အလားအလာ ကောင်းလာမည် ဖြစ်သည်။ မန်ချက်စတာ စီးတီးနှင့် ဂျူဗင်းတပ်စ် အသင်းတို့သည် နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူးအား စိတ်ဝင်စား နေပြီး ၎င်း၏ စာချုပ် သက်တမ်းသည် လာမည့် နွေရာသီတွင် ကုန်ဆုံးမည် ဖြစ်သည်။
အာဆင်နယ်သည် ဂျာမန် လက်ရွေးစင် ရှေ့တန်းလူ လူးကက်စ် ပိုဒေါ့စကီးကို ၀ယ်ယူထားပြီး ဖြစ်သည့်တိုင် ဂီရော့ဒ်ကိုပါ ချိတ်ဆက် ကမ်းလှမ်းနေခြင်း ဖြစ်...
Ref: Daily Mail
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )