ခရစ္စတီယာနို ရော်နယ်လ်ဒိုက ဟိုဆေး မော်ရင်ဟိုနှင့် ဆွေးနွေးပြီးနောက် ပေါ်တူဂီအသင်း ဥရောပ ဖလားတွင် အောင်မြင်မှု ရရှိရန် ယုံကြည်စိတ် ပြန်လည် နိုးကြားလာကြောင်း ပြောကြားလိုက်သည်။
ရော်နယ်လ်ဒို ဦးဆောင်သော ပေါ်တူဂီ အသင်းသည် ဥရောပ ဖလား အုပ်စု(B)အဖွင့် ပွဲစဉ်တွင် ဂျာမနီအား (၁-၀)ဖြင့် အရေးနိမ့်ထားသည်။ သို့သော်လည်း ရော်နယ်လ်ဒိုက ၎င်း၏ ရီးယဲလ်မက်ဒရစ် အသင်း နည်းပြလည်းဖြစ်၊ ပေါ်တူဂီသား တစ်ဦးလည်း ဖြစ်သော မော်ရင်ဟိုနှင့် စကား ပြောဖြစ်သည့်နောက် ပေါ်တူဂီအသင်း ပြိုင်ပွဲတွင် အောင်မြင်မှု ရရှိမည်ဟု ယုံကြည် လာခဲ့ကြောင်း ဖွင့်ဟခဲ့သည်။ လက်ရှိ အနေအထား အရမူ ပေါ်တူဂီသည် နယ်သာလန်၊ ဒိန်းမတ်တို့ နှစ်သင်းလုံးကို အနိုင် ကစားမှ အုပ်စုတက်ရေး မျှော်လင့်နိုင်မည့် အခြေအနေသို့ ဦးတည်လာသည်။
လေ့ကျင့်ကွင်းတွင် တွေ့ရသော ရော်နယ်လ်ဒို
ရော်နယ်လ်ဒိုက "ကျွန်တော် မော်ရင်ဟိုနဲ့ စကားပြောဖြစ်ပါတယ်။ သူက ပြောတယ်။ ကျွန်တော်တို့ တစ်သင်းလုံး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ နောက်(၂)ပွဲကို ကစားဖို့ လိုပါတယ်တဲ့။ နောက်ပြီး ကျွန်တော်တို့ဟာ အုပ်စုအဆင့်က သေချာပေါက် လွတ်မြောက်မယ် ဆိုတဲ့ ယုံကြည်စိတ်မျိုး ရှိနေရပါမယ်တဲ့။ မော်ရင်ဟိုရဲ့ စကားက ကျွန်တော်တို့အတွက် အောင်မြင်မှုတွေ ရယူဖို့ အားဆေးပါပဲ" ဟု ပြောကြားခဲ့သည်။ ၎င်းက "ဂျာမနီက ကျွန်တော့် ရီးယဲလ် အသင်းဖော် မီဆွတ် အိုဇေးလ်ကလည်း ပေါ်တူဂီဟာ အနိုင် ယူရတာ သိပ်ခက်တဲ့ အသင်းပါလို့ ချီးကျူးသွားခဲ့တယ်။ ကျွန်တော်တို့ ရှုံးတဲ့အတွက် စိတ်ပျက် မိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ ကွာတားဖိုင်နယ် တက်နိုင်ဖို့ အခွင့်အရေးတွေ ရှိနေတုန်းလို့ ယုံကြည်မိပါတယ်" ဟုလည်း ပြောဆိုသွားသည်။
ကျွန်တော် မော်ရင်ဟိုနဲ့ စကားပြောဖြစ်ပါတယ်။ သူက ပြောတယ်။ ကျွန်တော်တို့ တစ်သင်းလုံး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ နောက်(၂)ပွဲကို ကစားဖို့ လိုပါတယ်တဲ့။ နောက်ပြီး ကျွန်တော်တို့ဟာ အုပ်စုအဆင့်က သေချာပေါက် လွတ်မြောက်မယ်ဆိုတဲ့ ယုံကြည်စိတ်မျိုး ရှိနေရပါမယ်တဲ့...
Ref: The Sun
4:44 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com