ရှော်လ်ကေး အသင်းသည် ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ကစားသမား (၂)ဦးကို ခေါ်ယူရန် နွေရာသီ ပစ်မှတ်များ အဖြစ် ချိန်ရွယ် ကြိုးပမ်းနေကြောင်း သိရှိရသည်။
ဂျာမန် ကလပ် အသင်းသည် ချယ်လ်ဆီးမှ အလွတ် ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာတော့မည့် တိုက်စစ်မှူး ဆော်လမွန် ကာလူးနှင့် တော့တင်ဟမ် ဟော့စပါး ကွင်းလယ်လူ ရာဖေးလ် ဗန်ဒါဗတ်တို့ နှစ်ဦးအား စိတ်ဝင်စား နေသည်။ အိုင်ဗရီကို့စ် လက်ရွေးစင် ကာလူးကို လီဗာပူးလ် အသင်းကလည်း အလေးအနက် ချိတ်ဆက်လျှက် ရှိနေသည်။ အသက်(၂၉)နှစ်ရှိ နယ်သာလန် လက်ရွေးစင် ဗန်ဒါဗတ်သည် ၎င်းတို့၏ နွေရာသီ ဦးစားပေး ပစ်မှတ်ဖြစ်ကြောင်း ရှော်လ်ကေးအသင်း နည်းပြ ဟာ့ဘ် စတီဗန်စ်က ၀န်ခံ ပြောဆိုထားပြီး ဖြစ်သည်။
ဂျာမန်ကလပ်မှ စိတ်ဝင်စားနေသည့် ဗန်ဒါဗတ်
ဗန်ဒါဗတ်သည် ဇနီးဖြစ်သူ ဆီလ်ဗီ ဗန်ဒါဗတ်နှင့် ခွဲခွာ နေထိုင်ရမှုကြောင့် အင်္ဂလန်မြေကို စွန့်ခွာရန် စီစဉ်လာဖွယ် ရှိနေသည်။ ဆီလ်ဗီသည် ဂျာမန် ရုပ်မြင်သံကြား ဌာန တစ်ခုတွင် အလုပ် လုပ်နေရာ ဂျာမန်သို့ ပြောင်းရွှေ့ရေးသည် ဗန်ဒါဗတ်အတွက် စိတ်ဝင် စားစရာ ဖြစ်နေသည်။ ရှော်လ်ကေးသည် ဗန်ဒါဗတ် အတွက် ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၁၀)သန်းဖြင့် ကမ်းလှမ်းရန် အသင့် ရှိနေကြောင်း သတင်းများက ဖော်ပြနေပြီး ကစားသမား ကိုယ်တိုင်ကမူ မိမိ၏ အနာဂတ်ကို ဥရောပ ဖလား မပြီးမချင်း ဆွေးနွေးမည် မဟုတ်ဟု ပြောဆိုထားသည်။
ဂျာမန် ကလပ်အသင်းသည် ချယ်လ်ဆီးမှ အလွတ် ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာတော့မည့် တိုက်စစ်မှူး ဆော်လမွန် ကာလူးနှင့် တော့တင်ဟမ် ဟော့စပါး ကွင်းလယ်လူ ရာဖေးလ် ဗန်ဒါဗတ်တို့ နှစ်ဦးအား စိတ်ဝင်စား နေ...
Ref: Daily Mail
4:45 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com