22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 18, 2012

ချယ်လ်ဆီးကို လက်စား ချေမည်ဟု ရော်ဘန်ကြွေးကြော်

ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် အသင်းဟောင်း ချယ်လ်ဆီးအား လက်စား ချေသွားရန် ဆန္ဒရှိကြောင်း ဘိုင်ယန်မြူးနစ် တောင်ပံလူ အာဂျန် ရော်ဘန်က ပြောကြားလိုက်သည်။

(၂၀၀၇)ခုနှစ်က ချယ်လ်ဆီးကို ကျောခိုင်းစွန့်ခွာကာ ရီးယဲလ် မက်ဒရစ်သို့ ပြောင်းရွှေ့ခဲ့သော ရော်ဘန်က မိမိနှင့် အသင်းဟောင်းတို့ကြား ဆက်ဆံရေးသည် ချစ်ချစ်ခင်ခင် မဟုတ်ကြောင်း ၀န်ခံခဲ့သည်။ "ချယ်လ်ဆီးနဲ့ ကျွန်တော်နဲ့ကြား ခါးသီးမှုတွေ ရှိတယ်ဆိုတာ ကျွန်တော် မငြင်းနိုင်ပါဘူး။ အဲဒီတုန်းက ကျွန်တော်က လုပ်ခလစာနဲ့ ပတ်သက်လို့ ထိုက်တန်သလောက် မရဘူးလို့ ခံစားမိတယ်။ ပြောရရင် အသင်းက ကျွန်တော့် အပေါ်မှာ အမြတ် ထုတ်ခဲ့သလိုပါပဲ" ဟု ရော်ဘန်က အသင်းဟောင်းနှင့် တွေ့ဆုံမည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်မီ ပြောကြားခဲ့သည်။
ချယ်လ်ဆီးကို လက်စားချေမည်ဟု ပြောမည့် ရော်ဘန်

၎င်းသည် ရီးယဲလ်မှတစ်ဆင့် ဘိုင်ယန်သို့ ပြောင်းလာပြီးနောက် ချယ်လ်ဆီးကို ပထမဆုံး အကြိမ် ပွဲကြီးပွဲကောင်း ရင်ဆိုင်ခွင့် ရလာခဲ့သည်။ ဘိုင်ယန်သည် ပြည်တွင်းဆုဖလားများ အားလုံးကို ဘိုရပ်ရှား ဒေါ့တ်မန်ဆီ လက်လွှဲ ခဲ့ရသည့်နောက် ချယ်လ်ဆီးနှင့် ပွဲသည် ယခု ရာသီ၏ တစ်ခုတည်းသော ဖလားမျှော်လင့်ချက် ဖြစ်လာသည်။ ဘိုင်ယန်သည် အိမ်ကွင်း Allianz တွင် ချန်ပီယံလိဂ် ဗိုလ်လုပွဲ အတွက် ချယ်လ်ဆီးအား ဧည့်ခံ ကစားရမည်ဖြစ်ပြီး အိမ်ရှင် အားသာချက်ကြောင့် မပေါ့ဆမိရန် လိုအပ်ကြောင်းလည်း ရော်ဘန်က ပြောကြားခဲ့သည်။

"နိုင်ပွဲရဖို့ လိုအပ်တယ်ဆိုတဲ့ ဖိအားက ကျွန်တော်တို့ အပေါ်မှာ ပိုပြီး ကျရောက်နေပါတယ်။ ကျွန်တော်တို့ဟာ ယုံကြည်ချက် ရှိရပါမယ်။ ယုံကြည်မှုတော့ လွန်ကဲလို့ မရပါဘူး။ ခုချိန်မှာ ကျွန်တော် စဉ်းစားတာ ဘိုင်ယန်အသင်း ဥရောပ ချန်ပီယံ ဖြစ်ဖို့ပါ။ ချယ်လ်ဆီး ဘာဖြစ်ဖြစ် ဂရု မစိုက်ပါဘူး" ဟု ရော်ဘန်က ဆိုသည်။ ၎င်းက "အိမ်ကွင်း အားသာချက်ကတော့ ကျွန်တော်တို့ ဘက်က ရှိနေပါတယ်။ ကျွန်တော်တို့က ဘောလုံးပွဲတွေမှာ ဘာမဆို ပြောင်းလဲ သွားတတ်တာကို သတိထားပြီး ချယ်လ်ဆီးကို ရင်ဆိုင် သွားပါမယ်" ဟုလည်း ပြောကြားသွားသည်။

ချယ်လ်ဆီးနဲ့ ကျွန်တော်နဲ့ကြား ခါးသီးမှုတွေ ရှိတယ်ဆိုတာ ကျွန်တော် မငြင်းနိုင်ပါဘူး။ အဲဒီတုန်းက ကျွန်တော်က လုပ်ခ လစာနဲ့ ပတ်သက်လို့ ထိုက်တန်သလောက် မရဘူးလို့ ခံစားမိတယ်။ ပြောရရင် အသင်းက ကျွန်တော့်အပေါ်မှာ အမြတ် ထုတ်ခဲ့သလိုပါပဲ...
၎င်းက ချယ်လ်ဆီးသည် အသင်းခေါင်းဆောင် ဂျွန်တယ်ရီ မပါဝင်နိုင်ခြင်းကြောင့် အားနည်း နေမည်ဟုလည်း သုံးသပ်ခဲ့သည်။ "တယ်ရီဟာ ကွင်းထဲမှာရော၊ အ၀တ် လဲခန်းမထဲမှာပါ အသင်းကို လွှမ်းမိုးနိုင်သူပါ။ ချယ်လ်ဆီးမှာ ကျွန်တော် ကစားစဉ်ကတည်းက သူ့ရဲ့ အရေးပါမှုကို သဘောပေါက်ခဲ့ပါတယ်။ ချယ်လ်ဆီးမှာ သူမကစားနိုင်တာဟာ ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်နေလိမ့်မယ်။ ပြောရရင် တယ်ရီဟာ ချယ်လ်ဆီးမှာ အစားထိုးလို့ မရတဲ့သူ အဆင့်လောက်ကို ရှိနေတာပါ" ဟု ရော်ဘန်က မှတ်ချက် ပြုသွားသည်။
Ref: The Sun
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )