22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 18, 2012

နည်းပြချုပ် အဲရစ်ဝီလျံနှင့် နှစ်ဦး သဘောတူ လမ်းခွဲခဲ့ပြီဟု ရန်ကုန် ယူနိုက်တက်အသင်း ထုတ်ပြန်ကြေငြာ

ရန်ကုန် ယူနိုက်တက် အသင်းသည် အသင်းနှင့် (၂)နှစ်ကျော် လက်တွဲခဲ့ပြီး ပြည်တွင်း ဆုဖလား(၂)လုံးကို တပြိုင်နက် ဆွတ်ခူး နိုင်စေရန် စွမ်းဆောင် ပေးခဲ့သည့် နည်းပြချုပ် အဲရစ်ဝီလျံနှင့် နှစ်ဦး သဘောတူ လမ်းခွဲခဲ့ပြီ ဖြစ်ကြောင်း ယနေ့ နေ့လည်(၂:၀၀)နာရီက သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ကာ ထုတ်ပြန် ကြေငြာခဲ့သည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ မီဒီယာ အများအပြား တက်ရောက်ခဲ့ကြသည်။ တက်ရောက်လာကြသည့် မီဒီယာ သမားများ ရှေ့မှောက်တွင် ရန်ကုန် ယူနိုက်တက် အသင်း၏ အထွေထွေ အတွင်းရေးမှူး ဦးဇွဲလှိုင်မှီက "(၁၃)ရက်နေ့က ကမ္ဘောဇနဲ့ ပွဲမှာ ပွဲချိန်အတွင်း ဖြစ်ခဲ့တဲ့ ပြဿနာနဲ့ ပတ်သတ်ပြီး အသင်းက အရေး ယူတာကို လက်မခံနိုင်တဲ့ အတွက် အဲရစ်က နှုတ်ထွက်စာ တင်ခဲ့တာပါ။ ပထမ နှုတ်ထွက်စာကို (၁၃)ရက်နေ့ညမှာ အသင်း ဥက္ကဋ္ဌဆီ Email နဲ့ တင်ခဲ့ပါတယ်။ (၁၄)ရက်နေ့မှာ ကွင်းအတွင်း ဖြစ်ခဲ့တဲ့ ပြဿနာ အတွက် ပြစ်ဒဏ်ချကြောင်း အကြောင်းကြားစာကို သူ့ဆီကို ပို့ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဒုတိယမြောက် နှုတ်ထွက်စာကို စာနဲ့ တင်လာပါတယ်။ သူဟာ ပရော်ဖက်ရှင်နယ် တစ်ဦး ဖြစ်တာကြောင့် သူ့ရဲ့ ဆုံးဖြတ်ချက်ကို လေးစား ရပါမယ်။ နောက်ပြီး အသင်းရဲ့ မူဝါဒ အရ အသင်းရဲ့ အထက်မှာ ဘယ်သူမှ ရှိမနေပါဘူ။ ဒါကြောင့် သူ့ရဲ့ နှုတ်ထွက်စာကို လက်ခံလိုက်ပါတယ်" ဟု  ဆိုခဲ့သည်။
သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသော ဦးဇွဲလှိုင်မှီ

ဆက်လက်၍ ၎င်းက အသင်း၌ ရှိနေစဉ် အတွင်း ရယူပေးခဲ့သည့် အောင်မြင်မှုများ အတွက် အထူးကျေးဇူး တင်ရှိကြောင်း၊ အနာဂတ်ဘ၀တွင်လည်း အောင်မြင်မှုများ ရရှိနိုင်ပါစေဟု ဆုတောင်းလိုကြောင်း ဆိုခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲမှ ကောက်နှုတ်ချက်များ

၁။ နှုတ်ထွက်သွားသည့် နည်းပြချုပ် အဲရစ်ဝီလျံ၏ နေရာတွင် လက်ထောက်နည်းပြ ဦးတင်မောင်ထွန်းက ဆက်လက် တာဝန် ယူသွားမည် ဖြစ်သည်။
၂။ အသင်း အနေနှင့် နည်းပြချုပ် တစ်ဦးကို အလောတကြီး ရှာဖွေမည် မဟုတ်ဘဲ လက်ရှိ နည်းပြချုပ် အဖြစ် ဆက်လက်တာဝန်ယူမည့် ဦးတင်မောင်ထွန်း၏ စွမ်းဆောင်မှုများကို စောင့်ကြည့်မည် ဖြစ်သည်။
၃။ အဲရစ်ဝီလျံနှင့် ပြဿနာ ဖြစ်ခဲ့သည့် ဂိုးနည်းပြ ဦးစိုင်းမောင်မောင်ဦးကို လစာတစ်ဝက် ဖြတ်ထောက်သည့် ပြစ်ဒဏ် ချမှတ်ခဲ့သည်။
၎။ စီနီယာ အသင်းကြီးအတွက် အိုင်ဗရီကိုစ့် နည်းပြတစ်ဦးကို ခေါ်ယူလိုက်ပြီ ဖြစ်သည်။
၅။ အဲရစ်နှင့် လက်တွဲခဲ့သည့် ကြံ့ခိုင်ရေး နည်းပြ ကိုင်ရိုကိုမူ ဆက်လက် လက်တွဲသွားမည် ဖြစ်သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )